ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်း အမှတ်တံဆိပ်ခုနစ်ခု

ဆက်သွယ်ရေးနည်းပညာ အားကောင်းကောင်းနဲ့ ကျယ်ပြန့်ထွန်းကား လာတာနဲ့အတူ ကမ္ဘာ့နိုင်ငံအားလုံးလိုလိုမှာ စမတ်ဖုန်းတွေက လူတိုင်းနဲ့သက်ဆိုင်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုအသွင်ကို ဆောင်လာပါ တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ နိုင်ငံတကာ စမတ်ဖုန်းဈေးကွက် ဟာ နည်းပညာ ကုမ္ပဏီကြီးတွေ မျက်စိအကျဆုံး ရွှေတွင်းကြီး ဖြစ်လာတယ်။

ဒါကြောင့်လည်း Apple၊ Samsung၊ Microsoft အစရှိတဲ့ နည်းပညာ ကုမ္ပဏီကြီးတွေ အားလုံးလိုလိုက စမတ်ဖုန်းဈေးကွက်ဝေစုကို များနိုင်သမျှ များများရယူဖို့ ထုတ်ကုန်အမျိုးမျိုး၊ မဟာဗျူဟာအမျိုးမျိုးနဲ့ ကြိုးစားအကောင်အထည်ဖော်လာခဲ့ပါတယ်။

အခုဆောင်းပါးမှာတော့ လက်ရှိကာလ ကမ္ဘာပေါ်က ရောင်းအား အကောင်းဆုံး စမတ်ဖုန်းကုမ္ပဏီကြီးခုနစ်ခုကို စုစည်းဖော်ပြထားပါ တယ်။

၁။ Samsung

တောင်ကိုရီးယား အခြေစိုက် Samsungဟာ ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းကုမ္ပဏီကြီးအဖြစ် ဦးဆောင်ရပ်တည်နေ တာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ မနှစ်က တစ်နှစ်လုံးအတိုင်းအတာနဲ့Samsung ဟာ ဖုန်းအလုံးရေ ၄၄၄ ဒသမ ၄၄ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ Samsung အနေနဲ့ ဈေးကွက်ထဲမှာ လူတန်းစားအစုံအလင်ကိုင်တွယ်နိုင်အောင် တန်ဖိုးကြီး အဆင့်မြင့်စမတ်ဖုန်းတွေကစလို့ တန်ဖိုး သင့်၊ တန်ဖိုးလတ် ဖုန်းတွေထိပါ ထုတ်လုပ်ရောင်းချခဲ့တာကလည်း အခု လို ရောင်းအားမြင့်စေတဲ့ အခြေခံအကြောင်းရင်းတစ်ခုပါ။ ခန့်မှန်းတွက် ချက်မှုတွေအရ Samsung ဟာ လက်ရှိ စမတ်ဖုန်းဈေးကွက် စုစုပေါင်းရဲ့ ၂၄ ဒသမ ၆ ရာခိုင်နှုန်းလောက်ကို ရယူထားပါတယ်။

၂။ Nokia

တစ်ချိန်က လက်ကိုင်ဖုန်းလောကရဲ့ ဘုရင်အဖြစ် မင်းမူခဲ့ဖူးပေမယ့် စမတ်ဖုန်း နည်းပညာအလှည့်အပြောင်းမှာ မဟာဗျူဟာ အမှားတွေကြောင့် ဖင်လန်အခြေစိုက် Nokia ဟာ အတော်လေး အခြေအနေဆိုး သွားဖူးပါတယ်။ အခုတော့ Android OS အသုံးပြုစမတ်ဖုန်းတွေ ထုတ်လုပ်လာခြင်းနဲ့အတူ ရှိရင်းစွဲမိတ်ဟောင်းတွေရဲ့ ယုံကြည်မှုကို မြန်မြန်ဆန်ဆန် ပြန်လည်ဆွဲဆောင်နိုင်ခဲ့ပြီး ကုမ္ပဏီရဲ့ ပုံရိပ်လည်း ဦးမော့လာ ပါတယ်။ မနှစ်က Nokia က ရောင်းချခဲ့တဲ့ စမတ်ဖုန်းအလုံးရေဟာ ၂၅၀ ဒသမ ၇၉ သန်းလောက်ရှိပါတယ်။ ဒါဟာ ဈေးကွက်ဝေစုရဲ့ ၁၃ ဒသမ ၉ ရာခိုင်နှုန်းလောက်နဲ့ညီမျှပြီး စာရင်းရဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

၃။ Apple

Apple ရဲ့ iPhone တွေအကြောင်းကိုတော့ လူတိုင်းသိပြီးသားပါ။ အမေရိကန် အခြေစိုက်ကုမ္ပဏီကြီးရဲ့ ထုတ်ကုန်တွေဟာ စမတ်ဖုန်း လောကရဲ့ ဘုရင်တွေလို့တောင် တင်စားခံရပါတယ်။ နည်းပညာရော ဈေးနှုန်းပါ မြင့်မားတဲ့အတွက် iPhone ကို လူတိုင်း မမှန်းနိုင်ပါဘူး။ ဒါ ကြောင့်လည်း လူကြိုက်များတဲ့တိုင် ရောင်းအားကတော့ Samsung တို့ထက် နည်းပါတယ်။ မနှစ်က Apple ရဲ့ iPhone မျိုးဆက်တွေကို အလုံးရေ ၁၅၀ ဒသမ ၇၉ သန်းထိ ရောင်းချနိုင်ခဲ့တာကြောင့် တတိယ နေရာမှာ ရှိနေပါတယ်။ ဒါဟာ ဈေးကွက်တစ်ခုလုံးရဲ့ ရောင်းအား စုစု ပေါင်း ၈ ဒသမ ၃ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။

၎။ LG

နည်းပညာပိုင်း၊ စိတ်ကူးပိုင်းမှာ ထူးခြားတဲ့ ချဉ်းကပ်ဖန်တီးမှုတွေ ပါရှိတတ်ပေမယ့် LG ဟာ တောင်ကိုရီးယားပြိုင်ဘက် Samsung လောက်တော့ ဈေးကွက်ထဲမှာ မအောင်မြင်သေးပါဘူး။ ဒါကြောင့်လည်း တန်းစီ စာရင်းမှာ နံပါတ် (၄)သာ ချိတ်ခဲ့ပါတယ်။ ရောင်းအားအကောင်းဆုံး ဖုန်းအမှတ်တံဆိပ်တွေစာရင်းမှာ စတုတ္ထနေရာကစလို့ အလုံးရေ သန်းရာ ဂဏန်းအောက်ကို ရောက်သွားပြီး LG ရဲ့ မနှစ်က တစ်နှစ်တာ ရောင်း အားဟာ အလုံးရေ ၆၉ ဒသမ ၀၂ သန်းရှိခဲ့ပါတယ်။ ဈေးကွက်ဝေစုအနေ နဲ့ ပြန်တွက်ရင် ၃ ဒသမ ၈ ရာခိုင်နှုန်းပါ။

၅။ ZTE

တရုတ် အခြေစိုက်ကုမ္ပဏီတွေထဲမှာတော့ ZTE ရဲ့ ရောင်းအားက အခြေအနေအကောင်းဆုံးပါ။ ရှန်ဇန်းမှာ အခြေစိုက်တဲ့ ကုမ္ပဏီဟာ မနှစ်က စုစုပေါင်း စမတ်ဖုန်းအလုံးရေ ၅၉ ဒသမ ၈၉ သန်းထိ ကမ္ဘာအနှံ့ကို တင်ပို့ရောင်းချခဲ့ပါတယ်။ ဒါကြောင့် LG ရဲ့ အဆင့် (၄)နေရာကိုတောင် မျက်စောင်းထိုးလာမယ့် အလားအလာရှိနေတယ်။ ဈေးကွက်ဝေစုရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းကို ZTEက ပိုင်ဆိုင်နေပါတယ်။

၆။ Huawei

ZTE နည်းတူ Huawei ကလည်း နိုင်ငံတကာကို ထိုးဖောက်နိုင်တဲ့ တရုတ် စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုပါပဲ။ ကမ္ဘာပေါ်မှာ အကြီးဆုံး ဆက်သွယ်ရေးပစ္စည်း ကုမ္ပဏီကြီးတစ်ခုအဖြစ်လည်း Huawei ကို သတ်မှတ်ကြပါတယ်။ Huawei က တစ်နှစ်တာအတွင်း ရောင်းချခဲ့တဲ့ စမတ်ဖုန်းအရေအတွက်ကတော့ ၅၃ ဒသမ ၂၉ သန်းပါ။ တစ်ကမ္ဘာလုံး စာ ဈေးကွက်ကြီးရဲ့ ၂ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။

၇။ Alcatel

Alcatel ကတော့ မြန်မာနိုင်ငံမှာ လူသိနည်းတဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ သူလည်း တရုတ်မှာပဲ အခြေစိုက်တဲ့ ကုမ္ပဏီပါ။ Alcatel ဟာ စမတ်ဖုန်းတွေကို မူရင်းနာမည်အပြင် TCL၊ RCA အစရှိတဲ့ မူကွဲတံဆိပ်တွေနဲ့ပါ ရောင်းချပါတယ်။ မနှစ်က တစ်နှစ်လုံးစာကာလအတွင်း Alcatel ရဲ့ ဖုန်းတွေ အလုံးရေ ၄၉ ဒသမ ၅၃ သန်းလောက် ရောင်းထွက်ခဲ့ပါတယ်။ ဒါဟာ ဈေးကွက်ဝေစုအရ ပြန်တွက်ရင် ၂ ဒသမ ၇ ရာခိုင်နှုန်းစာ လောက်ရှိပါလိမ့်မယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းကုမ္ပဏီ ထိပ်ဆုံး ၁၀ ခု စာရင်းမှာ Lenovo၊ Sony နဲ့ Coolpad တို့လည်း ပါဝင်နေပြီး Lenovo က ဖုန်းအလုံးရေ ၄၅ ဒသမ ၂၈ သန်း၊ Sony က ၃၇ ဒသမ ၅၉ သန်း၊ Coolpad က ၃၂ ဒသမ ၆ သန်းစီ အသီး သီး ရောင်းချနိုင်ခဲ့ပါတယ်။                              —Ref: Top Teny