သရက်သီး ဆားရည်စိမ်တွေလား

မတ်လရဲ့ နွေနေ့လယ်ခင်းတွေကတော့ ပူပြင်းချက်နိုင်းကျော် (9+) တယ်လို့ပဲ ပြောရပါတော့ မယ်။ အရင်နှစ်တွေထက်စာရင် ဒီနှစ်နွေက ပိုပူနေတာကိုး။ အိမ် ခေါင်းရင်း သရက်ပင်နှစ်ပင်က သရက်သီးတွေကလည်း လေမ တိုက်၊ လေမကြမ်းဘဲနဲ့ကို တ ဖြုတ်ဖြုတ်နဲ့ ကြွေကျနေလေရဲ့။ လက်နှစ်ဆစ်၊ လက်သုံးဆစ် လောက်အရွယ် ပမာဏရှိနေပြီ ဖြစ်တဲ့ သရက်သီးတွေ တဖြုတ် ဖြုတ်နဲ့ ကြွေနေတာကိုကြည့်ပြီး သြော် ... သရက်သီးလေးတွေ လည်း ပူပြင်းတဲ့ဒဏ်မခံနိုင်ရှာ  တော့လို့ ကြွေကျလေတော့သ လားလို့ ပေါက်ပေါက်ရှာရှာ တွေး မိပါသေးတယ်။ ကြွေကျနေတဲ့ သရက်သီးလေးတွေ လိုက် ကောက်ရင်း သူတို့ခမျာရင့်ချိန်၊ မှည့်ချိန်မရဘဲ အစိမ်းခြွေကြွေ လင့်ရရှာတော့ ဆားရည်စိမ်အိုးထဲ ရောက်တော့မှာပေါ့။ သရက်သီး ချင်းအတူတူ ပင်မြင့်မှာ ကြာကြာ ခံရတဲ့ ဘ၀တွေက မတူကြပါ လားလို့ အတွေးပွားပြီး သံဝေဂ ရချင်ချင်ပါပဲ။


 လောကရဲ့သဘာဝကိုက အားလုံးတူ၊ အားလုံးညီတယ်ဆို တာမရှိဘဲ မတူခြားနားမှုတွေနဲ့ အမြဲဒွန်တွဲနေကြတာပဲလေ။ လူ ချင်းတူတူ သူချင်းမျှမျှ ခွဲခြား ဆက်ဆံတဲ့ စိတ်ထားတွေမရှိ သင့်ဘူးဆိုပေမယ့် လူအချင်း ချင်း၊ နိုင်ငံအချင်းချင်းမှာ မတူညီ ကြတဲ့ အကြောင်းခြင်းရာတွေက လည် ရှိစမြဲပေါ့။ အခုပဲကြည့် လေ။ ၂၀၁၈ ရဲ့ ကမ္ဘာ့အပျော် ရွှင်ဆုံး နိုင်ငံက ဖင်လန်တဲ့လေ။ မြန်မာကအဆင့်(၁၃၀)ချိတ်ပြီး အရင်နှစ်ကထက် ၁၆ ဆင့်ကျ ဆင်းသွားတယ်တဲ့။

တကယ်ဆို အရင်ကထက် စာရင် ကျွန်မတို့ကပိုပြီး ပျော်ရွှင် လာဖို့ မကောင်းဘူးလား၊ ပိုပြီး အဆင်ပြေလာဖို့ မကောင်းဘူး လားနော်။ အခုတော့ ပိုကောင်းဖို့ နေနေသာသာ ပိုပြီးဆိုးလာတယ် ဆိုတော့ အနုတ်သဘောဆောင် နေတာပေါ့။ ဆုတ်ယုတ်လာတဲ့ သဘောပေါ့။

နောက်ထပ်သတင်းတစ်ပုဒ်  ကလည်း နွေနေပူပူမှာ ရင်ပူစေ တဲ့ သတင်းပါ။ ‘ပြည်တွင်းအလုပ် ရရှိရေး အစိုးရဦးစားပေးဆောင် ရွက်နေသော်လည်း လစဉ်လူ ၁၅,၀၀၀ နှင့် အထက်ပြည်ပထွက် နေတယ်’ဆိုတဲ့ သတင်းပါပဲ။ ဒါ ကဆုတ်ယုတ်ခြင်းရဲ့ လက္ခဏာ ပါ။ နိုင်ငံတစ်နိုင်ငံ ဆုတ်ယုတ် ခြင်းရဲ့ သင်္ကေတအမှတ်အသား သက်သေပါပဲ။

ဒီလထဲမှာပဲ ကျွန်မတို့နိုင်ငံ ရဲ့ ဖြစ်ပျက်ပြောင်းလဲမှုတွေ၊ သတင်းတွေကလည်း စုံလို့ပါ။ ငြိမ်းစုစီဥပဒေ၊ အခွန်၊ အခြေခံ လုပ်ခ ၄,၈၀၀၊ သင်္ကြန်သံချပ် ကိစ္စ၊ ဦးဝင်းထိန်သတင်း၊ သမ္မတ နဲ့ လွှတ်တော်ဥက္ကဋ္ဌအပြောင်းအ လဲ၊ ရွာသား၊ မြို့သားကိစ္စ စတဲ့ သတင်းတွေအဖုံဖုံနဲ့ စိတ်ဝင်စား စရာပေါ့။ ဘာမှမဖြစ်ပျက်ဘဲ သေနေတဲ့ရေလို တည်ငြိမ်နေ တာထက်စာရင် အခုလို လှုပ်လှုပ်ရှားရှား အပြောင်းအလဲတွေ၊ လှုပ်ရှားမှုတွေနဲ့ ရွေ့နေကြတာက နိုင်ငံအတွက် ပိုကောင်းတာပေါ့။

ဘက်ပေါင်းစုံက ဆင်းရဲ နိမ့်ကျနေတဲ့ နိုင်ငံမှာ ဆင်းရဲတဲ့ အခြေခံလူတန်းစားကလည်း အ များစုပါ။ ဒီမိုကရေစီနိုင်ငံတွေမှာ အခွန်အခတွေရှိစမြဲဆိုတော့၊ အ ခြေခံလူတန်းစားတွေ အတွက် လည်း အခွန်ကိစ္စက အရေးကြီး နေတာပေါ့။ အခွန်ကိစ္စနဲ့ပတ် သက်ပြီး ပြောနေကြ၊ ရေးနေကြ တာလည်း စိတ်ဝင်စားစရာပါ။ လူပြောသူပြောများနေတဲ့ အခွန် အကြောင်းကို ကာတွန်းလေးတစ် ကွက်က သရုပ်ဖော်ထားတာက လည်း ပြုံးချင်စရာပါပဲ။ ကာတွန်း ဆရာသန့်စင်ရဲ့ လက်ရာလေးပါ။

လှေကားထစ်ပေါ်မှာ ကုန်ဈေးနှုန်းနဲ့ အခွန်နဲ့နေရာယူထား တယ်။  ကုန်ဈေးနှုန်းက လှေကားရဲ့အပေါ်ထစ်မှာ၊ အောက်ထစ်မှာက အခွန်ပေါ့။ အောက်မှာရှိတဲ့ အခွန်က ပြောလိုက်တယ်၊ ‘ဆင်းလေ၊ ဘာလုပ်နေတာလဲ’တဲ့။ ကုန်ဈေးနှုန်းက အပေါ်ထစ်ကနေ ပြန်ပြောတယ်။ ‘ဟ..နင်အရင်ဆင်းမှ ငါးဆင်းလို့ ရမှာပေါ့’တဲ့။

စာပေအနုပညာရဲ့ ရသဆို တာ အဲဒါပဲလို့ ကျွန်မကျေကျေ နပ်နပ် တွေးမိပါတယ်။ တစ်ခါ တစ်ခါမှာ ကျွန်မတို့ပြောချင်တဲ့ စကားလုံးပေါင်း မြောက်မြားစွာ တွေကို ကျစ်လျစ်သိပ်သည်းစွာ၊ သိမ်မွေ့စွာ တစ်ခွန်းတည်း၊ နှစ်ခွန်းတည်းနဲ့ ထိထိမိမိ၊ ပိုင်ပိုင်နိုင်နိုင်သရုပ်ဖော်ကျူး နိုင်ကြတာမျိုး လေ။

 နို့ဆီဘူးတစ်ဘူးကို ၈၀၀၊ ၈၅၀ ကျပ်ပဲ ရှိပါတယ်။ ဒါပေမဲ့ မြို့ထဲက လက်ဖက်ရည်ဆိုင်တွေ မှာတော့ ရှယ်လက်ဖက်ရည် တစ် ခွက်ကို ၅၀၀ ကျပ်နဲ့ ပေးသောက် နေရတယ်။ နို့ဆီတစ်ဘူးကို အနည်းဆုံးလက်ဖက်ရည် ၁၀ ခွက်၊ ၁၂ ခွက်လောက်တော့ ရပါတယ်။  အရင်က နို့ဆီဘူးဈေး ၇၀၀၊ ၈၀၀ နဲ့လည်း လက်ဖက်ရည်ရှယ်တစ် ခွက်ကို ၃၀၀ ကျပ်နဲ့ ရောင်းနေ ကြတာပါ။ အခုတော့၊ ဆိုင်ခွန် တွေ၊ ဆိုင်လခတွေ၊ ၀န်ထမ်း စရိတ်တွေ၊ ဖြည်းဖြည်းချင်းတက် နေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ၃၀၀ နဲ့ မကိုက်ကြတော့ဘူးနဲ့ တူ ပါတယ်။ မြို့ထဲလိုနေရာမှာက လည်း ဆိုင်လခတွေက မြောက် နေတာဆိုတော့ အခွန်ဆောင်ရ မှုတွေ၊ အထွေထွေစရိတ်တွေနဲ့ ပေါင်းလိုက်ရင် အရင်းကြီးနေတာ ပေါ့။

စားသုံးသူဘက်က ကြည့် တော့လည်း နို့ဆီတစ်ဘူးကို ၈၀၀၊ ၈၅၀ ဆိုတာ သိသိကြီးနဲ့ လက် ဖက်ရည်တစ်ခွက်ကို ၅၀၀ ပေး သောက်ရတာ မတန်ဘူးပေါ့။ စားသုံးသူထိတာပေါ့။ ပြည်သူမှန် ရင် အခွန်ဆောင်ရမယ်ဆိုတာ ဖြစ်သင့်ပေမယ့် ဒီအခွန်ကြောင့် ပဲ အခြေခံအစားအစာတွေက အဆမတန်ဈေးကြီးနေကြတာမျိုး ကတော့ မဖြစ်သင့်ဘူးလေ။

အခွန်အကြောင်းနဲ့ပတ် သက်ပြီး သတိရမိသွားတာက ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးသမ္မတ ဖြစ်တဲ့ ဥရုဂွေးသမ္မတမူဂျီကာကို ပါ။ အမေရိကန်ဒေါ်လာ ၁,၂၀၀ နဲ့ညီမျှတဲ့ သူ့ရဲ့ လစာ ၉၀ ရာခိုင်နှုန်းကို လှူဒါန်းပေးကမ်းတဲ့ သမ္မတ၊ အထောက်အပံ့ပေးတဲ့ ဇိမ်ခံအိမ်ကို ရှောင်ရှားပြီး လယ်တောအိမ်ရာမှာပဲ နေထိုင်တဲ့ သမ္မတပေါ့။ သူကသူ့ရဲ့ ပြည်သူပြည်သားတွေကို မကောင်းမှုတွေ မလုပ်ဖြစ်အောင် အခွန်နဲ့ထိန်းထားတယ်။ သူ့နိုင်ငံမှာ မကောင်းတာတွေ မလုပ်ဖို့ မတားမြစ်ဘူး။သူ့နိုင်ငံမှာ မကောင်းမှုတွေ လုပ်နိုင်တယ်။ ဒါပေမဲ့ မကောင်းတဲ့အရာတွေအတွက် အခွန်ကိုကြီးကြီး ဆောင်စေတယ်။ မူးယစ်ဆေး တွေ၊ အရက်တွေဟာ ဈေးကြီး တယ်။ အလွယ်တကူသုံးလို့မရ အောင်၊ ရှားရှားပါးပါး ဖြစ်အောင် ဖန်တီးထားတယ်။ တော်တန်ရုံ လက်လှမ်းမီလို့ မရနိုင်အောင် အ ခွန်နဲ့ ချုပ်ထားတယ်။

 ကျွန်မတို့ဆီမှာတော့ မကောင်းမှုတွေ မလုပ်ကြအောင် ဆောင်ပုဒ်တွေနဲ့ ထိန်းထားတယ် လို့ ပြောရမယ်နဲ့ တူပါရဲ့။ ရှောင် လေဝေးဝေး မူးယစ်ဆေး၊ လူကို ဖျက်တာအရက်၊ ဆေးလိပ် သောက်ခြင်းသည် ကျန်းမာရေး ကို ထိခိုက်နိုင်ပါသည် ဘာညာ ဘာညာပေါ့စသည်ဖြင့် ဆောင် ပုဒ်တွေက နေရာတကာမှာ။ ဘတ်စ်ကားတွေပေါ်မှာ၊ တီဗီထဲ မှာ မြင်တွေ့နေကြတာပါပဲ။  ထို့ အတူ ဆေးလိပ်၊ ဘီယာ၊ အရက် နဲ့ မူးယစ်စေတတ်တဲ့ ဆေးဝါး တွေဆိုတာလည်း နေရာတကာ မှာ ကျေးလက်တောရွာအနှံ့၊ ရပ် ကွက်အနှံ့မှာပဲ မြင်မြင်ထင်ထင် လက်တစ်ကမ်းမှာ ပေါပေါများ များ ရှိနေကြတာပါပဲ။

ဘယ်လိုပဲ ဆောင်ပုဒ်တွေရှိ ရှိ၊ ဘယ်လောက်ပဲတီဗီထဲက အသံကုန်အော်အော်၊ အလွယ်ရ နေတဲ့ ပစ္စည်းတွေက တင်းကျမ်း ဆိုတော့ လွယ်လွယ်နဲ့ပဲ လက် တည့်စမ်းမိကြတာပေါ့။ အစမှာ တော့ လက်တည့်စမ်းကြည့်တာ ပေါ့။ နောက်တော့လည်း ကျင့် သားရပြီး ဆရာကြီးတွေ ဖြစ်ကုန် ကြတာ။

ကျွန်မအထင်တော့ အရက်၊ ဘီယာ၊ ဆေးလိပ်တွေကို အလွယ်တကူလက်လှမ်းမမီနိုင်အောင်၊ အခွန်အခကို ပိုများတဲ့နှုန်းနဲ့ တင်း ကျပ်လိုက်ရင် အခုပေါများနေတဲ့ မူးယစ်ရမ်းကားမှုတွေ၊ လုယက် မှုတွေ လျော့နည်းကုန်မှာလို့ တွေးမိတယ်။ ဈေးကြီးတာ ကြောင့် အရက်၊ ဘီယာသောက် သုံးသူတွေလည်း သောက်တဲ့နှုန်း ကို လျှော့ချလာနိုင်တယ်။ လက် ဖက်ရည်တစ်ခွက် ၅၀၀ ဆိုတာ ထက် အရက်၊ ဘီယာကို အဆ မတန် ဈေးကြီးပေးပြီး ၀ယ် သောက်ရတာမျိုးက ပိုပြီးဖြစ်သင့် တာပေါ့။ အဲဒီနည်းက မကောင်း မှုတွေကို လျှော့ချနိုင်မယ့် နည်း လမ်းကောင်းလို့ ထင်မိတာပဲ။

မကောင်းမှုတွေ ပေါပေါ များများရနေတဲ့ နိုင်ငံက မကောင်းတဲ့ရလဒ်တွေလည်း ရရှိပိုင်ဆိုင် ရတာ ဆန်းတော့မဆန်းဘူးလေ။ စီးပွားရေးမကောင်းတဲ့ နိုင်ငံတစ် နိုင်ငံက ဘယ်လိုလုပ်ပြီး ရလဒ် ကောင်းကို ရရှိနိုင်မှာတဲ့ပဲ။ ဘယ် လိုလုပ်ပြီး ၀င်ငွေတွေ၊ လွတ်လပ် မှုတွေ၊ ယုံကြည်မှုတွေ၊ ပျော်ရွှင် မှုတွေ၊ ကျန်းမာရေးအာမခံချက် တွေ၊ လူမှုရေးအထောက်အပံ့ တွေ၊ ရက်ရောမှုတွေကော ရရှိနိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး သာယာနေ ပျော်ဖွယ်ကောင်းတဲ့ ပျော်ရွှင်တဲ့ နိုင်ငံဖြစ်မှာတဲ့လဲ။

လူချင်းအတူတူ၊ နိုင်ငံချင်း အတူတူ၊ သရက်သီးချင်းအတူ တူ ဆိုပေမယ့် အခြေအနေတွေ က ကွဲပြားခြားနားကြတာပဲလေ။ ဆားရည်စိမ်ခံရမယ့် သရက်သီး လား၊ စားသောက်ပွဲတွေမှာ ခံ့ခံ့ ထည်ထည် ၀င်းမှည့်ချိုအီနေတဲ့ အချိုပွဲဖြစ်မယ့် သရက်သီးလား ဆိုတာ ရေခံ မြေခံနဲ့ ကြုံဆုံရမယ့် ဘေးဥပဒ်တွေ အပေါ်မှာလည်း မူတည်နေကြသေးတာပဲနော်။  ။

(ဖော်ပြပါဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)