မြန်မာ့သဘာဝ အလှအပများအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်များကို နိုင်ငံ ၃၀ ကျော်တွင်ပြသရန် Canal +စီစဉ်

 ပြင်သစ်အခြေစိုက် Canal + Group သည် မြန်မာ နိုင်ငံ၏ သဘာဝအလှအပများ အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်များကို ၎င်းတို့ ဈေးကွက်တည်ရှိရာ နိုင်ငံ ၃၀ ကျော်တွင် ပြန်လည်ပြသရန် တစ်ဆင့်ချင်း ဆောင်ရွက်မည်ဟု Canal + Myanmar FG အမှု ဆောင်အရာရှိချုပ် မစ္စတာအာဝမ် က ပြောသည်။

Canal + Group သည် ပြည်တွင်းရှိ Forever Group နှင့် ပူးပေါင်း၍ Canal + ရုပ်သံလိုင်း နှင့် Set Top Box များကို မြန်မာ နိုင်ငံအတွင်း ယခုနှစ် ဇန်နဝါရီ၂၉ ရက်က စတင်ရောင်းချခဲ့သည်။


Forever Group က ထုတ် လွှင့်ပြသနေသည့် 4TV နှင့် 5 Network ရုပ်သံလိုင်းများအစား Canal + ရုပ်သံလိုင်းများဖြင့် အစားထိုးပြသခဲ့သည်။

Canal + ရုပ်သံလိုင်းတွင် စူးစမ်းအမည်ရှိ ချန်နယ်ကို ထုတ်လွှင့်ထားပြီး အဆိုပါချန် နယ်အတွက် ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်များကို ၎င်းတို့ ဈေးကွက်တည်ရှိရာ ဥရောပနှင့် အာဖရိကနိုင်ငံများသို့ တင်ပို့ပြသ မည်ဖြစ်ကြောင်း မစ္စတာအာဝမ် က ပြောသည်။

မြန်မာနိုင်ငံ၏ ရေမြေတော တောင် သဘာဝအလှအပများကို စူးစမ်းချန်နယ်တွင် ထုတ်လွှင့် ပြသပြီး လက်ရှိ ငွေဆောင်ကမ်း ခြေ၌ မှတ်တမ်းရုပ်ရှင် ရိုက်ကူး နေကြောင်း Canal + က သတင်း ထုတ်ပြန်သည်။

၂၀၁၈ အတွင်း ပြည်တွင်းမှ မှတ်တမ်းရုပ်ရှင်များကို Canal + Group ဈေးကွက်တည်ရှိရာ အခြား နိုင်ငံများတွင် ထုတ်လွှင့် ပြသနိုင်ရန် ကြိုးစားနေကြောင်း နှင့် မြန်မာနိုင်ငံ၌ အောင်မြင်မှု ရရှိသည့် မှတ်တမ်းရုပ်ရှင်များထုတ်လွှင့်ရန် စဉ်းစားထားကြောင်း မစ္စတာအာဝမ်က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ မှတ် တမ်းရုပ်ရှင်များကို ပြည်ပ၌ ပြသ မည်ဆိုပါက ခရီးသွားလုပ်ငန်း အတွက် အတိုင်းအတာတစ်ခု အထိ အကျိုးသက်ရောက်မှုရှိနိုင် ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။

‘‘လူတိုင်းကတော့ တီဗီ မကြည့်ဘူး။ အွန်လိုင်းဆိုရင်တော့ ပိုထိရောက်တယ်။ ခရီးသွား အတွက်ဆိုရင်တော့ ရုပ်ရှင်တွေ က ပိုထိရောက်တယ်။ ကိုရီးယား ကားတွေကိုပဲ ကြည့်လေ။ မြန်မာ တွေ ကိုရီးယားကိုသွားချင်ကြ တယ်’’ဟု ၎င်းကပြောသည်။