အားလပ်ရက်မှာ ဖတ်စရာ

အက်ဆေးထဲက လှည်းတန်း

ရန်ကုန်မြို့ရဲ့ ထင်ရှားတဲ့ နေရာတွေ ဖော်ပြတဲ့အခါကမာ ရွတ်လှည်းတန်းဝန်းကျင်ကို ချန် လှပ်ထားလို့မရပါဘူး။ ဘာ ကြောင့်လဲဆို လှည်းတန်းဟာ လမ်းမကြီးလေးခုဆုံရာဖြစ်ပြီး အ နားမှာရှိတဲ့ ရန်ကုန်တက္ကသိုလ်နဲ့ အင်းလျားကန်တို့က အထင်ကရ နယ်မြေတွေဖြစ်လို့ပါ။ ရန်ကုန် တက္ကသိုလ်အကြောင်း၊အင်းလျား ကန်အကြောင်းပြောရင် လှည်း တန်းဟာ မပါမဖြစ်ပါလာမြဲဖြစ် ပြီး လှည်းတန်းအကြောင်းပြော ရင်လည်း အင်းလျားကန်နဲ့တက္က သိုလ်အကြောင်းက မပါမဖြစ်ပါ မြဲပါ။ နောက်ပြီး လှည်းတန်း၊ စံရိပ်ငြိမ်၊ ဆင်ရေတွင်းတို့ဟာ တစ်ဆက်တစ်စပ်တည်းတည်ရှိ ပြီး အဆောင်တွေပေါများတာ ကြောင့် နယ်ကပညာလာသင်သူ ဖြစ်ဖြစ်၊ အလုပ်လာလုပ်သူပဲ ဖြစ်ဖြစ် အခကြေးငွေသက်သက် သာသာနဲ့ နေနိုင်လို့နယ်ကလူတွေ လှည်းတန်းနဲ့မကင်းသလောက် ပါပဲ။ ဒီလိုခဏတာကွန်းခိုကြတဲ့ လူတွေထဲကနေ နောင်တစ်ချိန် သက်ဆိုင်ရာ နယ်ပယ်အသီးသီး မှာ ထင်ရှားနာမည်ကြီးသူတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီအထဲ မှာ တေးရေး၊ တေးဆိုအနုပညာ ရှင်တွေ၊ ကဗျာဆရာ၊ စာရေး ဆရာတွေ၊ သရုပ်ဆောင်တချို့နဲ့ နိုင်ငံရေးသမားကြီးတွေအထိ ပါ ၀င်ပါတယ်။ သူတို့အားလုံးလိုလို ဟာ လှည်းတန်းအကြောင်းပြန် ပြောင်းပြောရမယ်ဆိုရင် ယနေ့အ ထိရင်ခုန်နေကြမြဲပါ။ ဒါကြောင့် လှည်းတန်းကို ချစ်မက်မပြေသူ တွေက အက်ဆေးလှည်းတန်းဆို ပြီး စာအုပ်ထုတ်ဝေခဲ့ရာမှာ သုံး အုပ်ပေါ်ထွက်ခဲ့ပြီးဖြစ်သလို ယခု လေးအုပ်မြောက်ဖြစ်တဲ့ အက် ဆေးလှည်းတန်း (၄) အသစ်ထွက် လာပါတယ်။ 


ဒါကြောင့် နွေနေပူပူမှာပေါ့ ပေါ့ပါးပါးလည်းရှိ၊ ရသကောင်း ကောင်းလည်းဖတ်မိဖို့ ဒီတစ်ပတ် အားလပ်ရက်မှာ ဖတ်စရာအဖြစ် ညွှန်းဆိုလိုက်ပါတယ်။ စာအုပ်မှာ ကြူးနှစ်၊ ချစ်ဦးညို၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ အောင်ချိမ့်၊ နုနု ရည်(အင်းဝ)၊ မအိ၊ ထွန်းဝေမြင့်၊ မောင်ကိုကို(အမရပူရ)၊ ကြည် ဇော်အေး၊ နေသန်မောင်၊ ညီညီ စံ၊ သွင်မောင်မောင်၊ နရီ(မြိတ်) အစရှိတဲ့ ကလောင်ရှင် ၂၈  ယောက်ရဲ့ အက်ဆေး ၂၈ ပုဒ်ပါ ၀င်ပါတယ်။ တေးရေးညီညီစံရဲ့ ဂန္ထ၀င်ဆည်းဆာ အမှတ်တရ အက်ဆေးမှာ.....

‘လှည်းတန်း ကျွန်တော့်အ ဆောင်နဲ့ တံတားဖြူက သိပ်မဝေး လှတာကြောင့် ညနေကျောင်း ဆင်းချိန်ဆို ကျွန်တော်အမြဲသွား လည်လေ့ရှိပါတယ်။ ခရမ်းပြာအ ဆောင်ရောက်ရင် ကျွန်တော့် ဆရာကိုနေထွန်းနဲ့ အင်းလျား ကန်ပေါင်ကို လမ်းလျှောက်ထွက် စမြဲပါ။ အဲဒီကာလက အင်းလျား ကန်ပေါင်ဟာ ညနေခင်းဆို ကျောင်းသား၊ ကျောင်းသူတွေနဲ့ အမြဲစည်ကား အသက်ဝင်နေ တတ်ပါတယ်။

တစ်ညနေ ကျွန်တော်နဲ့ကို နေထွန်းအင်းလျားကန်ပေါင်ဘေး က အကြော်ဆိုင်လေးမှာ ဘူးသီး ကြော်စားရင်း စကားစမြည်ပြော ကာ ဟိုငေး ဒီငေးလုပ်နေမိကြပါ တယ်။ နေ၀င်ဆည်းဆာချိန်မို့ ညနေခင်းဟာ သာယာလှပလွန်း တဲ့အပြင် ကောင်းကင်ကသက်တံ တစ်စင်းကလည်း ကန်ရေထဲထိုး ဆင်းနေသလိုမြင်တွေ့နေရပါ တယ်။ ဒီအခိုက်အတန့်လေးမှာပဲ ဆံပင်ရှည်ရှည်တွေ ဖြန့်ချထားတဲ့ မိန်းကလေးတစ်ယောက်ဟာ ကန်ပေါင်ဘေးက မြက်ခင်းပြင်ကို ဖြတ်ပြီး ရောင်စုံပန်းခင်းတွေကြား ထဲကနေ ကန်ပေါင်ပေါ်ကို တ ဖြည်းဖြည်းလှမ်းလျှောက်တက် လာတာ တွေ့လိုက်ရပါတယ်။ ကန်ရေကို ဖြတ်တိုက်လာတဲ့ လေတဖြူးဖြူးမှာ သူ့ဆံပင်ရှည် ရှည်တွေ လူးလွန့်မျောပါလို့ပေါ့။ ပန်းချီကားတစ်ချပ်လို လှပတဲ့မြင် ကွင်းကို တွေ့လိုက်ရတဲ့ကျွန် တော်ဟာ အတွေးထဲမှာ ဓာတ်ပုံ ရိုက်ထားသလို စွဲမြဲသွားရပါ တယ်။ ညဘက်အဆောင်ပြန် ရောက်တာနဲ့ အဲဒီညနေဆည်းဆာ မြင်ကွင်းလေးကို ပြန်လည်ခံစား ပြီး ဂီတာလေးနဲ့သံစဉ်ရှာကာ သီ ချင်းစတင်ရေးဖွဲ့မိပါတယ်။

ဂန္ထ၀င်ဆည်းဆာ

V1 ညနေခင်းရဲ့ လေပြည်ထဲမှာ

မင်းဆံနွယ်တွေ 

တောင်ပံဖြန့်တဲ့အခါ

ပန်းပွင့်လေးတွေ ရှက်သွေးဖြာ

ကျေးငှက်ကလေးတွေ 

တေးမဆိုတော့ပါ

ဟိုမှာ မြက်ခင်းစိမ်းများဦးညွှတ်လို့

မေလာရာ လမ်းခင်းပေးရရှာ

စမ်းချောင်းကလေးတွေတောင်

ငိုနေပြီကွာ

မင်းဆံပင်လေးတွေ သိပ်လှတဲ့

အရှိန်အ၀ါ

CHO: ကမ္ဘာမြေတစ်ခွင်ကို

 မင်းဆံနွယ်တွေ

 လွှမ်းခြုံလိုက်မှာလားကွာ

 တိမ်တွေပေါ်မှာ ရွှေနေခြည်ဟာ

 ရောင်စဉ် ဖျန်းပက်ကာ

 ဆံပင်တွေကို နမ်းတဲ့အခါ

 လေအဟုန်မှာ လူးလွင့်သွား

 ဆံနွယ်လေးတွေ 

 သံစဉ်တေးလိပ်ပြာ

အနုပညာတစ်ခုဟာ ဖန်တီး ချင်တဲ့၊ ပြင်းပြတဲ့စိတ်ဆန္ဒရှိရင် အကြောင်းတိုက်ဆိုင်ချိန် ရင် ဘတ်ထဲက ရိုးသားစွာဖိတ်လျှံကျ လာစမြဲပါ။ ကျွန်တော်သီချင်းတွေ စမ်းသပ် ရေးစဉ်ကတည်းက Acoustic ဂစ်တာကိုဦးစားပေးတဲ့ Folk ဂီတဆန်တဲ့ကဗျာဆန်ဆန် ရေးဖွဲ့မှုမျိုးကို အားသန်ခဲ့ပါ တယ်။ Bob Dylan နဲ့ Simon and Garfunkal တို့ရဲ့ Folk သီ ချင်းရေးဖွဲ့ပုံတွေကို အားကျအတု ယူခဲ့ပါတယ်။ ဒါကြောင့်လည်း သီချင်းကို ကဗျာဆန်တဲ့တင်စား ဖွဲ့ဆိုမှုအများအပြားနဲ့ ဖွဲ့ဆိုခဲ့ပါ တယ်။ ညနေခင်းလေပြည်တွေ၊ ပန်းပွင့်လေးတွေ၊ ကျေးငှက်က လေးတွေ၊ မြက်ခင်းစိမ်းတွေ၊ ရွှေ နေခြည်တွေဟာ ကျွန်တော်အမှန် တကယ်မြင်တွေ့ခဲ့ရတဲ့ သဘာဝ မြင်ကွင်းနောက်ခံအစစ်ဖြစ်ပေ မယ့် အင်းလျားကန်ရေပြင်ကြီးကို တော့ စမ်းချောင်းလေးအသွင် ပြောင်းလဲဖန်ဆင်းပြီး လှပအောင် ရေးဖွဲ့ခဲ့တာပါ။ ထူးဆန်းတာက ဆံနွယ်တွေ လေမှာမျောလွင့်ပြီး လျှောက်လှမ်းလာတဲ့ဆံပင်ရှည် ရှည်မိန်းကလေးဟာ ဘယ်သူ ဘယ်ဝါဆိုတာကို ကျွန်တော်ဒီနေ့ အထိ မသိခြင်းပါ။ သေချာတာ တစ်ခုကတော့ ကျောင်းဆောင် တစ်ခုခုက အဆောင်နေကျောင်း သူလေးတစ်ဦးဖြစ်နေမှာပါပဲ။ ကျွန်တော်လုံးဝမသိတဲ့ မိန်းက လေးတစ်ဦးရဲ့ ဆံပင်အလှအပနဲ့ သဘာဝရှုခင်းအလှနှိုင်းယှဉ်ခံစား ပြီး တင်စားရေးဖွဲ့ခဲ့ပါတယ်။

သီချင်းတွေကို ရေးဖွဲ့နေချိန် မှာ ကျွန်တော်ဟာ Plucking ဂီ တာတီးခတ်နည်းကို ဆရာကိုနေ ထွန်းဆီက လေ့လာသင်ယူနေ ချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် လည်းသီချင်းကို Plucking တီး ခတ်ဟန်နဲ့ Chord ဖွဲ့စည်းပုံကို လည်း သီချင်းစရေးသူတို့ထုံးစံ အတိုင်း C-Family ထဲမှာပဲ ရေး ဖွဲ့ခဲ့ပါတယ်’ လို့ ရေးထားပါ တယ်။ ယခုစာအုပ်ကို ဆုရောင် စဉ်စာအုပ်တိုက်ကတန်ဖိုး၂,၅၀၀ ကျပ်နဲ့ ထုတ်ဝေပြီး လှည်းတန်း ၀န်းကျင်က စာအုပ်ဆိုင်ကြီးတွေ မှာ ၀ယ်ယူနိုင်ပါတယ်။