စပါးကို ရှုံးသော်လည်း အနာဂတ်ကို မစိုးရိမ်ဟု ချယ်လ်ဆီးနည်းပြ ကွန်တီပြော

အိမ်ကွင်းတွင်စပါးကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး လာမည့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာစာ ရရှိရေး မျှော်လင့်ချက် အကြီးအ ကျယ် ထိခိုက်ခဲ့သော်လည်း အ သင်း၌ ၎င်း၏အနာဂတ်နှင့်ပတ် သက်၍ စိုးရိမ်ပူပန်မှု တစ်စုံတစ် ရာမရှိကြောင်း ချယ်လ်ဆီးနည်းပြ ကွန်တီက ပြောသည်။


ချယ်လ်ဆီးသည် တိုက်စစ် မှူး မိုရက်တာ၏ ခေါင်းတိုက်ဂိုး ဖြင့် ဦးဆောင်နိုင်သော်လည်း စပါးဘက်သို့ သုံးဂိုးပြန်လည်ခွင့် ပြုခဲ့ရသည်။

ယင်းရလဒ်ကြောင့် နည်းပြ ပိုချက်တီနို၏စပါးသည် စတမ်း ဖို့ဒ်ဘရစ်ခ်ျကွင်း၌ ၁၉၉၀ နောက် ပိုင်း ချယ်လ်ဆီးကို အနိုင်မရဖူး သော ရလဒ်ဆိုးကို ချိုးဖောက်နိုင် ခဲ့ပြီး လာမည့်နှစ် ချန်ပီယံလိဂ်ဝင် ခွင့်အတွက် ချယ်လ်ဆီးထက် နှာ တစ်ဖျားအသာရခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ် ချန်ပီယံချယ်လ် ဆီးသည် ၅၆ မှတ်ဖြင့် အဆင့် (၅) နေရာတွင် ရှိနေပြီး အဆင့် (၄) နေရာမှ စပါးနှင့် ရှစ်မှတ်အ ထိ ကွာဟခဲ့သည်။

သို့သော် နည်းပြအဖြစ်ဆက် လက်ထမ်းဆောင်ခွင့်ရသမျှ မိမိ အနေဖြင့် အရာရာကို ဆက်လက် ပေးဆပ်နေမည်ဖြစ်ကြောင်း ကွန်တီက ပြောသည်။

‘‘မဟုတ်ပါဘူး၊ အရိုးသား ဆုံးပြောရရင် ကျွန်တော်မစိုးရိမ် ပါဘူး။ ဒီရာသီမှာ ကျွန်တော် လည်း တတ်နိုင်သမျှ ပေးဆပ်နေ တယ်။ ကစားသမားတွေအနေနဲ့ လည်း တတ်နိုင်သမျှ ပေးဆပ်နေ တယ်လို့ ထင်ပါတယ်။ ကောင်း မွန်တဲ့ရာသီတစ်ခု ဖြစ်လာစေဖို့ ကျွန်တော်တို့ ကျားကုတ်ကျားခဲ ကြိုးစားနေပါတယ်။ ဒါပေမဲ့အဆုံးမှာတော့ ကျွန်တော်တို့ဟာ ဒီရာသီ နဲ့ ထိုက်တန်တာကို ရမှာပါ’’ဟု ကွန်တီက ပြောသည်။

ထိပ်ဆုံးလေးသင်း စာရင်း ဝင်ခြင်း၊မဝင်ခြင်းက နည်းပြရာထူး၌ ဆက်ရှိ၊ မရှိနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရာတွင် အရေးအကြီးဆုံး အချက်ဖြစ်ပါသလား ဟု မေးမြန်းခံရစဉ် ကွန်တီက ‘‘ကျွန်တော်မသိပါဘူး။ အဲဒါကိုအသင်းတာဝန်ရှိသူတွေကို မေးရမှာပါ။ ကျွန်တော့်ကို မေးရမှာ မဟုတ်ပါဘူး’’ဟုဖြေကြားခဲ့သည်။

ချယ်လ်ဆီးသည် ချန်ပီယံ လိဂ်တွင် (၁၆) သင်းအဆင့်၌ ဘာစီလိုနာကို ရှုံးနိမ့်ကာထွက်ခွာ ခဲ့ရသည်။

သို့သော် အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲတွင် ဆောက်သမ် တန်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ၌ မန်ယူ (သို့မဟုတ်) စပါးကို အနိုင် ယူနိုင်ပါက ယခုနှစ်ရာသီ ဆုဖ လားတစ်လုံးဆွတ်ခူးနိုင်မည်ဖြစ် သည်။

—Ref:Reuters