မြောင်းမြကြိုးတံတား ပြတ်ကျပြီးနောက် သုံးရက်အတွင်း ဇက်ကူးနိုင်ရန်ကြိုးပမ်း

ကြိုးတံတားပြတ်ကျမှုတွင် သေဆုံးသူနှစ်ဦးအတွက် ကျပ် ၂၆ သိန်းစီ ထောက်ပံ့ငွေပေးအပ်
မြောင်းမြကြိုးတံတားပြတ်ကျရာတွင် ကားနှင့်အတူ မြစ်ထဲနစ်မြုပ်သေဆုံးခဲ့သည့် ကိုသန့်ဇော်ထိုက်၏ ဇနီးနှင့်ကလေးငယ်နှစ်ဦးကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − DVB)

မြောင်းမြမြစ်ကူးကြိုးတံ တားပြတ်ကျခဲ့ပြီးနောက် ဒေသ တွင်း လမ်းပန်းဆက်သွယ်ရေးပြန် လည်ကောင်းမွန်စေရန် ရေတိုရေ ရှည်စီမံကိန်းများ ချမှတ်ဆောင် ရွက်နေကြောင်း ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်း အင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ပြတ်ကျသည့် တံတားနေရာ တွင် မူလကပင် တံတားသစ်တစ် စင်း တည်ဆောက်နေပြီး ယင်းတံ တားသစ်၏ မူလဒီဇိုင်းအရ တည် ဆောက်ချိန် ၂ နှစ်ကျော်ကြာမြင့် မည် ဖြစ်သော်လည်း လက်ရှိတွင် ဒီဇိုင်းပြောင်းလဲရေးဆွဲကာ တစ် နှစ်ကျော်အတွင်း အပြီးတည် ဆောက်ရန် စီစဉ်ထားကြောင်း ၎င်းကပြောသည်။ ထို့ပြင်တံတား သစ်တည်ဆောက်နေစဉ်အတွင်း ဇက်ရေယာဉ်များ အသုံးပြု၍ မြောင်းမြမြစ်ကို ကူးဖြတ်နိုင်ရန် စီစဉ်ထားကြောင်း ၎င်းကပြော ကြားသည်။

‘‘ဇက်တွေလည်း ရောက် နေပါပြီ။ သုံးရက်အတွင်းဇက်ကူး လို့ရအောင် ဇက်ကူးလမ်းကိုချက် ချင်းအားချင်းလုပ်နေပါတယ်။ တံ တားသစ်ရဲ့ ဒီဇိုင်းကိုလည်း ဂျပန် ပညာရှင်နဲ့ ဒီကဒီဇိုင်းပညာရှင် တွေ  ကြိုးစားပြီးတော့လည်း လုပ် နေပါတယ်’’ ဟု ဦးဝင်းဌေးက ပြောသည်။

လက်ရှိတွင် မြစ်ကူးနိုင်ရန် ဇက်သုံးစီးရောက်ရှိနေပြီဖြစ်ပြီး မြစ်ကမ်းနှစ်ဖက်စလုံးတွင် ကား အဆင်း၊ အတက်ပြုလုပ်နိုင်ရန် ကားလမ်းများ စတင်ဖောက်လုပ် နေပြီဖြစ်ကြောင်း၊ နှစ်ရက်အ တွင်း ပြီးစီးရန်ကြိုးပမ်းနေကြောင်း မြောင်းမြမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါက်တာ စိုးမိုးသူက ပြောသည်။

ထို့အပြင် လူနှင့်ဆိုင်ကယ် များ အဆင်ပြေစွာသွားလာနိုင်ရန် ဒေသခံလုပ်ငန်းရှင်များနှင့် လူမှု ရေးအဖွဲ့များပူးပေါင်း၍ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း အ ခမဲ့ကူးတို့လှေများစီစဉ်ပေးထား ကြောင်း ၎င်းကပြောသည်။

 ဧပြီ ၁ ရက် နံနက် ၁ နာရီခန့်က ရန်ကုန်-မြောင်းမြ-လပွတ္တာကားလမ်းပေါ်ရှိ မြောင်း မြမြို့အ၀င် ကြိုးတံတားပြတ်ကျ သဖြင့် ဒေသတွင်းသွားလာရေး အခက်အခဲများဖြစ်ပေါ်ခဲ့သည်။ ထို့အပြင်တံတားပြတ်ကျရာတွင် ဖုန်းဆက်သွယ်ရေးလိုင်းများပါ ပျက်စီးသွားသဖြင့် ဖုန်းခေါ်ဆို  မရဖြစ်ခဲ့သည်။

 ထို့ပြင် မြောင်းမြမြို့နယ် စည်ပင်သာယာက လိုင်စင်ယူ၍ ပြေးဆွဲနေသည့် ကူးတို့လှေများ လည်း မြစ်ကူးရန် သတ်မှတ်ဈေး နှုန်းထက်ပိုမိုကောက်ခံမှုများရှိခဲ့ ကြောင်း မြို့ခံများကပြောသည်။

‘‘တံတားမကျိုးခင်ညနေက ကြက်သွန်နီ တစ်ပိဿာ တစ် ထောင်ပေးရတယ်။ တံတားကျိုး ပြီး မနက်လည်းရောက်ရော တစ် ထောင့်ငါးရာဈေးဖြစ်သွားတယ်။ ဒီလိုပဲ ကူးတို့လှေကူးခတွေက လည်း မူလဈေးထက် ခြောက်ဆ လောက်တက်သွားတယ်’’ ဟု မြောင်းမြမြို့ခံ အသက်(၆၀) ကျော်အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

 လေလံစည်းကမ်းနှင့်အညီ ချမှတ်ပေးထားသော ကူးတို့ကူး ခွင့်ရရှိထားသူဖြစ်သဖြင့် သတ် မှတ်နှုန်းထားအတိုင်းကောက်ခံ ရန်၊ ကူးတို့လှေများပေါ်တွင် အ သက်ကယ်အင်္ကျီများထားရှိရန်၊ လှေများပေါ်တွင် အချက်ပြမီးများ တပ်ဆင်ရန်နှင့် လှေတစ်စီးတွင် သတ်မှတ်လူဦးရေအတိုင်းသာ တင်ဆောင်ရန်စသည့်အချက် များကို လေလံရရှိထားသူနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများညှိ နှိုင်းထားရှိကြောင်း ဒေါက်တာ စိုးမိုးသူက ပြောသည်။

‘‘ဒါတွေကို မလိုက်နာဘူးဆို ရင် လေလံစည်းကမ်းချိုးဖောက်မှု အတွက် လေလံပိတ်သိမ်းတဲ့အ ထိ အရေးယူပါမယ်။ ပြီးရင် စည်း ကမ်းနဲ့အညီ လုပ်နိုင်တဲ့သူကို ပြန် ချပေးဖို့အထိ စီစဉ်ထားပါတယ်’’ ဟု ၎င်းကပြောသည်။

ထို့ပြင် ကြိုးတံတားပြတ်ကျ စဉ်က ပြတ်တောက်ခဲ့သည့် ဖုန်း ဆက်သွယ်ရေးလိုင်းကြိုးများအ စား လတ်တလောအဆင်ပြေစေ ရန်မိုက်ကရိုဝေ့အပေါ်တွင် Back Up တင်ကာ ယာယီဆောင်ရွက် ထားပြီး ဖိုက်ဘာဆက်ကြောင်း များ အမြန်ဆုံးပြန်လည်တပ်ဆင် နိုင်ရေး စီစဉ်ဆောင်ရွက်နေ ကြောင်း ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းမန်နေဂျာ ဒေါ်ဆွေဆွေမာက ပြောသည်။

တံတားပြတ်ကျရာတွင်ကုန် တင်ကားနှင့်အတူ မြစ်အတွင်း ထိုးကျပျောက်ဆုံးခဲ့သည့် အမျိုး သားနှစ်ဦးအနက် ဧပြီ ၁ ရက်က အမျိုးသားတစ်ဦး၏အလောင်း ကို ဆယ်ယူရရှိပြီး ကျန်ရှိသူ ရှာဖွေနေဆဲဖြစ်ကြောင်း ကယ် ဆယ်ရေးလုပ်ကိုင်နေသူများက ပြောသည်။

ဧပြီ ၂ ရက်တွင် အဆိုပါ သေဆုံးခဲ့သူအမျိုးသားနှစ်ဦးအ တွက် ကျပ် ၂၆ သိန်းစီထောက် ပံ့ပေးခဲ့ကြောင်း ဒေါက်တာစိုးမိုး သူကပြောသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနကကျပ် သုံးသိန်းစီ၊ တိုင်းအစိုးရအဖွဲ့က ကျပ်သုံးသိန်းစီနှင့် ဆောက်လုပ် ရေးဝန်ကြီးဌာန၀န်ထမ်းများ စု ပေါင်းထောက်ပံ့မှုကျပ်သိန်း ၂၀ စီ စုစုပေါင်း ကျပ် ၂၆ သိန်းစီ ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။

 လက်ရှိတွင် မြောင်းမြ- လပွတ္တာ-ရန်ကုန်ကားများသည် မြစ်ကူးနိုင်ခြင်း မရှိသေးဘဲ မြောင်းမြတစ်ဖက်ကမ်း ကွယ် လွယ်ရွာတွင် ရပ်နားစောင့်ဆိုင်း နေရဆဲဖြစ်သည်။