တပ်မတော် တိုက်လေယာဉ်တစ်စီး တောင်ငူမြို့အနီး ပျက်ကျ လေယာဉ်မှူးသေဆုံး

ပျက်ကျသွားသော F-7 တိုက်လေယာဉ်၏ အစိတ်အပိုင်းအချို့ကို တွေ့ရစဉ် ဓာတ်ပုံ − မောင်သင်တုန်း

တပ်မတော်(လေ)မှ တိုက်လေ ယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေစဉ် စက် ချွတ်ယွင်းပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံးသောဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်သည်။


F-7 အမျိုးအစား တပ်မတော်တိုက် လေယာဉ်တစ်စီးသည် တောင်ငူမြို့ ကျွန်း ကုန်းရွာနှင့် မြောက်ရေကြည်ရွာကြားတွင် ဧပြီ ၃ ရက် နံနက် ၁၁ နာရီခန့်က ပျက်ကျ ခဲ့သည်။ ယင်းလေယာဉ်သည် တောင်ငူ လေတပ်စခန်းဌာနချုပ်၊ လေယာဉ်ကွင်းမှပျံတက်ပြီး လေ့ကျင့်ပျံသန်းနေစဉ် လေယာဉ်ကွင်း၏ အနောက်ဘက် သုံးမိုင် ခန့်အကွာ၊ အမြင့်မီတာ ၅၀၀ ခန့်အရောက် ၌ စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ ကြောင်း တပ်မတော်က သတင်းထုတ် ပြန်ထားသည်။‘‘ဝုန်းဒိုင်းဆိုပြီး ကောင်းကင်ကနေ ပြုတ်ကျတာမြင်လိုက်တော့

ဒီရက် နာမည်ကြီးနေတဲ့ တရုတ်အာကာသယာဉ် အစိတ်အပိုင်းကြီး ပြုတ်ကျတယ်မှတ်လိုက်တာ။ ပြေးလွှားကြည့်တော့မှ လေယာဉ်ပျက်ကျမှန်းသိတာ’’ ဟု လေယာဉ်ပျက်ကျမှုသို့ သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

လေယာဉ်သည် လယ်ကွင်း အတွင်း ပျက်ကျခြင်းဖြစ်ပြီး လေ ယာဉ်မှူးကို လေထီးပွင့်နေဆဲအ နေအထားဖြင့် တွေ့ရှိပြီး ဒေသခံ များက ဆွဲယူကယ်ထုတ်ခဲ့သည် ကို လူမှုကွန်ရက်ပေါ် လွှင့်ထား သည့် ရုပ်သံတစ်ခုတွင် တွေ့ရ သည်။ လေယာဉ်ပျက်ကျပြီး နောက်ပိုင်းအခြေအနေကို ဒေသ ခံတစ်ဦးက ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်တွင် Live လွှင့်ခဲ့သည်။

‘‘ပျက်ကျတော့ လေယာဉ် မှူးက မသေသေးဘူး။ တောင်ငူ ဆေးရုံပို့တုန်း သေသွားတယ်။ တောင်ငူမီးသတ်က မီးသတ် ယာဉ်သုံးစီးနဲ့ သွားပြီးကူညီခဲ့ တယ်’’ဟု ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

လေယာဉ်မှူး ဗိုလ်မှူးအာ ကာဝင်းသည် အရေးပေါ်လေထီး ဖြင့် ခုန်ထွက်ခဲ့သော်လည်း ဒဏ် ရာများ ရရှိခဲ့ပြီး တောင်ငူဆေးရုံ သို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် ထားသည်။ အသေးစိတ်အခြေ အနေများကို ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း သတင်းထုတ် ပြန်ထားသည်။ F-7 အမျိုးအ စားတိုက်လေယာဉ်သည် တရုတ် နိုင်ငံထုတ်ဖြစ်သည်။

ယခု ဖြစ်ရပ်မတိုင်မီ တပ် မတော်လေယာဉ်ပျက်ကျသည့် နောက်ဆုံးဖြစ်ရပ်မှာ ပုသိမ်လေ ဆိပ်မှတက်၍ လေ့ကျင့်ပျံသန်း နေသော G-4 ဂျက်လေယာဉ် တစ်စီးသည် ၂၀၁၇ စက်တင်ဘာ ၅ ရက်က ပျက်ကျခဲ့သည်။ ယင်းမတိုင်မီ ၂၀၁၇ ဇူလိုင် ၇ ရက်က လေယာဉ်ပိုင်းလော့များ၊ လေ ယာဉ်အမှုထမ်းများနှင့် တပ်မတော်မိသားစုဝင်များ အပါအ ဝင် စုစုပေါင်း ၁၂၄ ဦး လိုက်ပါ လာခဲ့သော Y-8 လေယာဉ်သည် ထားဝယ်မြို့အနီး ပင်လယ်ပြင် အတွင်း ပျက်ကျခဲ့ပြီး အသက်ရှင် လွတ်မြောက်သူ တစ်ဦးမျှ မရှိခဲ့ ပေ။


ပျက်စီးလေယာဉ်အပိုင်းအစများ
ဓာတ်ပုံ − မောင်သင်တုန်း
 

More in News Section