ဖျော်ဖြေရေးဈေးကွက်သို့ ခြေလှမ်းလှမ်းလာသည့် အခပေးအွန်လိုင်းရုပ်ရှင်

အခပေးအွန်လိုင်းရုပ်ရှင် ကြည့်ရှုနေသူတစ်ဦး (ဓာတ်ပုံ − နစ်ကီ)

လစဉ်ကြေး ကျပ်တစ် သောင်းကျော် ပေး ဆောင်ရသည့်ရုပ်သံလိုင်းက ဇာတ်လမ်းတွဲများကို  ၂၄ နာရီ ပြသနေသော်လည်း အသက် (၃၀) အရွယ် ကိုစိုးသူထွန်း စိတ်မဝင်စားတော့ပေ။

ထပ်ခါထပ်ခါ ပြသနေသည့် ဇာတ်ကားများကို ကြည့်ရှုရခြင်း သည် သူ့အတွက် ငြီးငွေ့ဖွယ် ကောင်းသဖြင့် လွန်ခဲ့သည့်တစ် နှစ်အတွင်း ဘောလုံးပွဲ ပြသချိန် တစ်ခုတည်းသာ ရုပ်သံလိုင်း ဖွင့် ကြည့်ခဲ့သည်ဟု ၎င်းကပြော သည်။

တယ်လီကွန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာသည့် နောက်ဆက် တွဲအကျိုးဆက်က ရုပ်သံလိုင်း ကြည့်ရှုသူဦးရေကို အနည်းနှင့်အ များ စိတ်ဝင်စားမှု လျော့ကျလာစေ သည်။ ‘‘ဖျော်ဖြေရေးရင်းမြစ်တွေ က ရွေးချယ်စရာများလာပြီ။ အခု လသာကိုသွားပြီး ရုပ်ရှင် အခွေ ဝယ်စရာလည်း မလိုတော့ဘူး။ အွန်လိုင်းကနေ တရားဝင်ကြည့် လို့ရနေပြီ’’ဟု ကုမ္ပဏီဝန်ထမ်း ကိုစိုးသူထွန်းက ပြောသည်။

ထို့ကြောင့် သူသည် ၂၀၁၇ ကစ​၍ အခပေးအွန်လိုင်းရုပ်ရှင် ကွန်ရက်ပေါ် ရောက်ရှိလာသည်။ အခပေးအွန်လိုင်းရုပ်ရှင်ကို သူ ကြိုက်နှစ်သက်ရခြင်းသည် စိတ် ကြိုက်ဇာတ်လမ်းတွဲ ရွေးချယ်နိုင် ခြင်းနှင့် အချိန်မရွေး၊ နေရာမရွေး ကြည့်ရှုနိုင်ခြင်းကြောင့်  ဖြစ် သည်။

‘‘အွန်လိုင်းရုပ်ရှင်နဲ့ ပတ်သက်ပြီး ဈေးကွက်က အနာဂတ် မှာ ပြိုင်ဆိုင်မှုများလာလိမ့်မယ်။ အများကြီးလည်း ထွက်လာလိမ့် မယ်’’ဟု Global Technology ကုမ္ပဏီ စီအီးအို ဦးသိန်းသန်းတိုး က သုံးသပ်သည်။ ၎င်း၏ကုမ္ပဏီ ကိုယ်တိုင်က ‘လာလာကြည့်’ အ မည်ရှိ အခပေးအွန်လိုင်းရုပ်ရှင် အက်ပလီကေးရှင်းကို ၂၀၁၈ ဖေ ဖော်ဝါရီက မိတ်ဆက်ခဲ့သည်။

အခပေးအွန်လိုင်း ရုပ်ရှင် ဈေးကွက်ကို မြန်မာနိုင်ငံသို့ စတင် သယ်ဆောင်လာသူသည် မလေးရှားအခြေစိုက် iflix ကုမ္ပဏီ ဖြစ်သည်။ နိုင်ငံတကာမှ ရုပ် ရှင်စတူဒီယို ၂၀၀ ခန့်နှင့် ချိတ်၍ ၂၀၁၇ မတ်လတွင် မြန်မာနိုင်ငံ သို့ ဝင်ရောက်လာသည့် ကုမ္ပဏီ ဖြစ်သည်။

တစ်ရက်လျှင် ကျပ် ၁၀၀ လစဉ်ကြေး ကျပ် ၃,၀၀၀ ဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ တကာမှ ရုပ်ရှင်ကားများကို နေ့ စဉ်အချိန်မရွေး ဝင်ရောက်ကြည့်ရှု နိုင်မည်ဟု iflix ကုမ္ပဏီက ကြေ ညာသည်။ တရားဝင်အနေဖြင့် ဇာတ်လမ်းများကို မြန်မာစာတန်း ထိုးကာ ယင်းကပြန်လည်ပြသခဲ့ သည်။

မြန်မာစာတန်းထိုး နိုင်ငံတကာ ရုပ်ရှင်များသည် iflix မတိုင်မီက အင်တာနက်ပေါ်တွင် လေးနှစ်ခန့်စော၍ ရောက်ရှိနေသော်လည်း တရားဝင်မဟုတ်ခဲ့ပေ။

mmsubtitles အမည်ဖြင့် အပျော်တမ်း ဘာသာပြန် ဇာတ် လမ်းတင်ဆက်မှုသည် ၂၀၁၄ ကတည်းက မြန်မာနိုင်ငံတွင် ရှိနေ ခဲ့သည်။

လက်ရှိတွင် နာမည်အကြီး ဆုံး အပျော်တမ်း ဘာသာပြန် ရုပ်ရှင်တင်ဆက်မှု၌ Channel Myanmar သည် ထိပ်ဆုံး၌ ရပ် တည်နေသည်။ အခမဲ့ကြည့်ရှုနိုင်ခြင်း၊ နိုင်ငံတကာမှ ထွက်ရှိလာသည့် ဇာတ်ကားများကို အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုရခြင်းတို့ကြောင့် ယင်းသို့ နာမည်ကြီးလာခြင်းဖြစ်သည်။

အခပေး အွန်လိုင်းရုပ်ရှင် ကြည့်ရှုသူ အရေအတွက်ကို ကုမ္ပ ဏီက ထုတ်ပြန်ကြေညာခြင်း မရှိ သော်လည်း အခမဲ့ဘာသာပြန် ရုပ်ရှင်တင်ဆက်သည့် Channel Myanmar တွင် လစဉ်ဝင်ရောက် ကြည့်ရှုသူ အနည်းဆုံး တစ်သိန်းမှ အများဆုံး ၁၀ သိန်းအထိရှိသည် ဟု ယင်းဝက်ဘ်ဆိုက်၏ Admin ကိုသစ်ဆန်းခန့်က ပြောသည်။

‘‘အခပေး အွန်လိုင်းရုပ်ရှင် တွေက မူပိုင်ခွင့်တွေ ထွန်းကား လာရင်တော့ အောင်မြင်လာမှာပါ ပဲ။ လက်ရှိအချိန်ကတော့ အခမဲ့ အွန်လိုင်းရုပ်ရှင်တွေက အောင် မြင်နေပါတယ်’’ဟု ၎င်းကပြော သည်။

အခပေးအွန်လိုင်း ဖျော်ဖြေ ရေးသည် မြန်မာနိုင်ငံ၌ အလား အလာရှိပြီး ဈေးကွက်ကောင်းလာ ခြင်းကြောင့်သာ တစ်နှစ်အတွင်း အရေအတွက် လေးခုခန့် ဝင် ရောက်လာခြင်းဖြစ်သည်။ iflix နှင့် ‘လာလာကြည့်’ အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကလည်း Vuclip နှင့်ပူးပေါင်း၍ အခပေး ရုပ် ရှင်ဈေးကွက်ကို ဝင်ရောက်လာ သည်။

အလားတူ တယ်လီနော သည်လည်း Joox VIP ကဲ့သို့ အခ ပေးတေးသီချင်း ဝန်ဆောင်မှု လုပ်ငန်းတို့နှင့် ပူးပေါင်းမိတ်ဆက် ခဲ့သည်။ ‘‘ဘယ်သူက ရေရှည် ဈေးကွက် လိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်မလဲ မူတည်တယ်။ လုပ်ချင်နေတဲ့လူတွေ အများကြီး ပဲ။ တကယ်သုံးချင်အောင် ဘယ် သူက ဆွဲဆောင်နိုင်မလဲ။ အဲဒီ အပေါ်မှာ ဈေးကွက်က မူတည် လိမ့်မယ်’’ဟု ဦးသိန်းသန်းတိုးက ပြောသည်။

၂၀၁၈ သည် 4G ကွန်ရက် ပြိုင်ဆိုင်တိုးချဲ့သည်နှင့်အညီ အခ ပေး အွန်လိုင်းရုပ်ရှင်ဈေးကွက် ပြိုင်ဆိုင်မှုလည်း တိုးတက်မည်ဟု တယ်လီနော၏ ပြန်ကြားရေး တာဝန်ခံ ကိုအဲလ်လက်စ်က ခန့် မှန်းသည်။

နိုင်ငံအတွင်းရှိ မိုဘိုင်းဖုန်း အသုံးပြုမှုတွင် ၈၀ ရာခိုင်နှုန်းသည် စမတ်ဖုန်းများဖြစ်သဖြင့် အခပေး အွန်လိုင်း ရုပ်ရှင်ဈေးကွက်ကို ထောက်ပံ့ပေးရာရောက်နေသည် ဟု ၎င်းကပြောသည်။

အွန်လိုင်းရုပ်ရှင်လောက တွင် မူပိုင်ခွင့်က အရေးပါသည်။ မူပိုင်ခွင့်မရှိသည့် အချိန်တွင် အပျော်တမ်း အခမဲ့ရုပ်ရှင် တင် ဆက်သူများသည် နိုင်ငံတကာမှ ထွက်ရှိသည့် ရုပ်ရှင်များကို အချိန် နှင့်တစ်ပြေးညီ တင်ဆက်နိုင် သော်လည်း အခပေးအွန်လိုင်းရုပ် ရှင် နယ်ပယ်တွင် အသစ်ထွက်ရှိ သည်ကို ခြောက်လခန့်ကြာမြင့်မှ သာ ပြန်လည်တင်ဆက်ပေးနိုင် သည့် အနေအထားက စိန်ခေါ်မှု တစ်ခု ဖြစ်နေသည်။

အခပေး ရုပ်ရှင်ဈေးကွက် ယခုထက် ပိုမိုအောင်မြင်ရန် ဒုတိ ယမြောက် စိန်ခေါ်မှုမှာ ဈေးနှုန်း ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားများ အွန်လိုင်းပေါ်၌ ကြည့်ရှုရန် လစဉ် ပေးသွင်းရန် လိုအပ်သည့်အပြင် မိုဘိုင်းအင်တာနက် Data (သို့မ ဟုတ်) အခြားအင်တာနက်လိုင်း တစ်ခုခု အသုံးပြုရန် ငွေထပ်ကုန် သည်။

ပုံမှန်အားဖြင့် ရုပ်ရှင်တစ် ကားသည် အရည်အသွေးနှင့် ဇာတ်လမ်းအတို၊ အရှည်အပေါ် မူ တည်၍ အင်တာနက်ဒေတာ 200MB မှ 1GB အထိ ကုန်ကျနိုင် သည်။ မိုဘိုင်းအော်ပရေတာများ ၏ အင်တာနက်ဈေးနှုန်းနှင့်ပျမ်းမျှ တွက်ချက်ပါက ကျပ် ၁,၅၀၀ မှ ၈,၀၀၀ အတွင်း(1MB ရှစ်ကျပ် နှုန်းဖြင့် တွက်ချက်သည်) ကုန်ကျ သည်။

‘‘ဝိုင်ဖိုင်ကို ကျယ်ကျယ်ပြန့် ပြန့်နဲ့ သက်သက်သာသာရဖို့လို တယ်။ ဖုန်းအင်တာနက်တစ်ခု တည်းနဲ့ ရေရှည် အွန်လိုင်းရုပ်ရှင် ကြည့်ဖို့မလွယ်ဘူး’’ဟု ကိုစိုးသူ ထွန်းက ပြောသည်။ အင်တာနက် ဈေးနှုန်းနှင့် အင်တာနက်မြန်နှုန်း ယခုကဲ့သို့ အပြောင်းအလဲမရှိဘဲ ရပ်တန့်နေမည်ဆိုပါက အခပေးအွန်လိုင်း ရုပ်ရှင်ဈေးကွက် ရပ်တည်ရန်ခက်ခဲမည်ဟု  ဦးသိန်းသန်းတိုးက  သုံးသပ်ပြောကြားသည်။

မြို့ပြဒေသတွင် မိုဘိုင်းအင် တာနက်ကို တစ်လလျှင် 5GB ခန့် ပျမ်းမျှ အသုံးပြုသော်လည်း ကျေး လက်ဒေသ၌ မိုဘိုင်းအင်တာနက် အတွက် ကုန်ကျစရိတ်ကို လက် လှမ်းမီခြင်း မရှိသေးပေ။ ‘‘တစ် လကို ဖုန်းပြောဖို့ ငါးထောင် ဒါမှ မဟုတ် တစ်သောင်းပဲ။ အင်တာ နက်က ပိုက်ဆံကုန်မှာစိုးလို့ ခဏ လောက်ပဲ ကြည့်ဖြစ်တယ်’’ ဟု တွံတေးမြို့နေ အသက် (၃၀) ကျော်အရွယ် ကိုကုလားကြီးက ပြောသည်။

အွန်လိုင်းပေါ်မှ ရုပ်ရှင်များ ကို အခပေးအနေဖြင့် မကြည့်ဖြစ် ကြောင်း၊ မိုဘိုင်းအင်တာနက်ကို တစ်ပတ်လျှင် ကျပ်တစ်ထောင်ဖိုးခန့်သာအသုံးပြုသဖြင့် အွန်လိုင်းရုပ်ရှင်ကြည့်ရှုရန် မဖြစ်နိုင်ကြောင်း ပခုက္ကူမြို့နေ အသက် (၂၅) နှစ်အရွယ် ကိုဟိန်းထက်က ပြောသည်။

‘‘အလုပ်က အင်တာနက်နဲ့ပဲ ရုပ်ရှင်ကြည့်ဖြစ်တယ်။ ဖုန်းနဲ့ တော့ မကြည့်ဖြစ်ဘူး။ အခပေးက ရုပ်ရှင်ကားလည်း သိပ်မစုံသေး ဘူး’’ ဟု ၎င်းကပြောသည်။

သို့သော် မြို့ပြဒေသတွင် ကိုစိုးသူထွန်းကဲ့သို့ အခပေးအွန် လိုင်းရုပ်ရှင် လက်ခံကြည့်ရှုသူများ လာသည်။ အခပေးရုပ်ရှင် ဈေး ကွက်ကို ဦးဆောင်ထားသည့် iflix က မြန်မာနိုင်ငံ၏ ရုပ်ရှင်ကြည့်ရှု သူဦးရေကို ထုတ်ပြန်ရန် ငြင်းဆို သော်လည်း ၎င်းတို့ဈေးကွက် တည်ရှိရာ ၂၅ နိုင်ငံတွင် အသုံးပြု သူ ငါးသန်းကျော်ရှိသည်ဟု ကြေ ညာခဲ့သည်။

‘‘ကမ္ဘာမှာ စတုတ္ထမြောက် တိုးတက်မှု အမြန်ဆုံး မိုဘိုင်းဈေး ကွက်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့စိတ်လှုပ်ရှားစရာ အကောင်း ဆုံးနဲ့ တက်တက်ကြွကြွအရှိဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်တယ်ဆို တာကို မေးခွန်းထုတ်ဖို့ မလိုပါ ဘူး’’ ဟု iflix ၏ မြန်မာနိုင်ငံဆိုင် ရာ မန်နေဂျာ Adeana ကဆို သည်။

နိုင်ငံအတွင်းရှိ အခပေးတီဗီ ရုပ်သံလိုင်းဈေးကွက်ကို ပြိုင်ဆိုင် ရန် ဝင်ရောက်လာခြင်းမဟုတ်ဘဲ နိုင်ငံအတွင်းရှိ ခိုးကူးပြဿနာကို ဖြေရှင်းပေးနိုင်သည့် အနေအထား တစ်ခုအနေဖြင့်သာ ဝင်ရောက် လာခြင်းဖြစ်သည်ဟု iflix က စတင်ဝင်ရောက်လာစဉ် ကြေညာ ခဲ့သည်။

အခပေး ရုပ်သံလိုင်းများ အပေါ် အပြောင်းအလဲနှစ်သက် သည့် လူငယ်အချို့ စိတ်ဝင်စားမှု လျော့ကျလာသော်လည်း အခ ပေး တီဗီရုပ်သံလိုင်းနှင့် အခပေး အွန်လိုင်းရုပ်ရှင် အက်ပလီကေး ရှင်းသည် ဈေးကွက်သီးခြားစီဖြစ် ကြောင်း Canal + Myanmar FG အမှုဆောင်အရာရှိချုပ် မစ္စတာ အာဝမ်က ပြောသည်။

သို့သော် တစ်ချိန်က ခေတ် စားခဲ့သည့် လမ်းဘေးအခွေငှား ဆိုင်များနှင့် တရားမဝင် ရုပ်ရှင် စီဒီ၊ ဒီဗီဒီ ရောင်းချငှားရမ်းသည့် ခေတ်မှာ အခပေးရုပ်သံလိုင်း ဈေး ကွက် ထွန်းကားပြီးနောက်ပိုင်း အ ပြောင်းအလဲအဖြစ် ပျောက်ကွယ် ခဲ့သည့် နမူနာများရှိသည်။

‘‘App တွေက ပြိုင်ဘက် မဟုတ်ဘူး။ Channel တွေက မိသားစုတစ်ခုလုံးကိုပြတာ။ အတူ ကြည့်ဖို့ အတွက်ဖြစ်တယ်။ အား လုံးအကြိုက်ကိုလည်း လိုက်ရ တယ်။ App တွေ ကိုယ်အချိန်ရှိတဲ့ အပေါ် မူတည်ပြီးတော့ ကိုယ် ကြည့်ချင်တာကို ကြည့်တာ။ သူ့ ဘက်မှာလည်း ဈေးကွက်ရှိတယ်။ ကိုယ့်ဘက်မှာလည်း ဈေးကွက်ရှိ တယ်’’ ဟု ၎င်းကပြောသည်။

‘‘ကျွန်တော်တို့နိုင်ငံရဲ့ စမတ် ဖုန်းထိုးဖောက်မှုက အားကောင်း တယ်။ ဖျော်ဖြေရေးမှာတော့ ရှား နေသေးတယ်။ (စမတ်ဖုန်းကို အခြေခံ၍) အခုအနေအထားက အလားကားပေးကြည့်တယ်ဆိုရင် တောင် ဒေတာဖိုး ကုန်တော့ ဈေး နှုန်းတွေ ထပ်ကျလာရင် ဒီထက် အဆင်ပြေလာမှာပါ’’ဟု ဦးသိန်း သန်းတိုးက ပြောသည်။

လစဉ် အခပေးရုပ်သံလိုင်း အတွက် ကျပ်သုံးသောင်းခန့် အ သုံးပြုနိုင်သော မြို့ပြနေ လူငယ် များမှအစပြု၍ ဈေးကွက်အသစ် တစ်ခု စတင်ပြီဖြစ်သော်လည်း ကျေးလက်နေ ပြည်သူများအထိ အခပေး အွန်လိုင်းရုပ်ရှင်ဈေး ကွက် ကောင်းမွန်လာရန် ဖိုက်ဘာ (သို့မဟုတ်) Broadband ကဲ့သို့ သော မြန်နှုန်းမြင့် အင်တာနက် ကွန်ရက်ကို ဈေးပေါပေါဖြင့် အစ ပြုနိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လွန်ခဲ့သည့် သုံးနှစ်ကျော်က ဆိုက်ဘာကဖေးများတွင် သွား ရောက်၍ အင်တာနက်ကွန်ရက် ကို လူငယ်များ သွာေးရာက်ထိ တွေ့ခဲ့ရသော်လည်း ယခုအခါ နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့် သည် အင်တာနက်ကွန်ရက်နှင့် အကျွမ်းတဝင်ရှိလာခဲ့သည်။

‘‘အင်တာနက်က လူတွေ လက်ထဲကို ရောက်နေပြီ။ နောက် တစ်ဆင့် စောင့်နေတာက တ ကယ် ရုပ်ရှင်ကောင်ေးကာင်း ကြည့်လို့ရတဲ့ အင်တာနက်လိုင်း ကိုပဲ’’ ဟု ကိုစိုးသူထွန်းက ပြော သည်။ သို့သော် လူတိုင်းလက် ဝယ်သို့ ရောက်ရှိလာသည့် အင် တာနက်လိုင်းမှာ ဝင်ငွေ၏ရာခိုင် နှုန်း အနည်းငယ်ကိုသာ အသုံးပြု ရသည့် ဈေးနှုန်းဖြစ်ရန် လိုအပ် ကြောင်း ၎င်းကအကြံပြုသည်။