မန္တလေးတွင် Hilton Mandalay ဟိုတယ်အသစ်ဖွင့်လှစ်

မန္တလေးတွင်တည်ဆောက်ထားသည့် Hilton mandalay ဟိုတယ်သစ် ဓာတ်ပုံ − နိုင်လင်းအောင်

အမေရိကန်အခြေစိုက် ဟိုတယ် လုပ်ငန်းစုတစ်ခုဖြစ်သည့်  Hilton သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သည့်မန္တလေးတွင် Hilton Mandalay အမည်ဖြင့် ဟိုတယ်သစ်ကို စတင်ဖွင့်လှစ်ကြောင်း မတ်လနောက်ဆုံးပတ်အတွင်းက သတင်းထုတ်ပြန်သည်။ 


‘‘ရှေးမင်းနေပြည်တော်ဖြစ်ခဲ့ တဲ့ မန္တလေးမြို့ဟာ များပြားလှတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ သမိုင်းဝင် အထင်ကရ နေရာတွေ ကြောင့် စီးပွားရေးလုပ်ငန်းလုပ် ကိုင်နေတဲ့ ဧည့်သည်တွေအတွက် ရော အပန်းဖြေခရီးသွားလာချင် တဲ့ ဧည့်သည်တွေကိုပါ ကောင်း ကောင်းကြီး ဆွဲဆောင်နိုင်တဲ့နေရာ တစ်ခုဖြစ်ပါတယ်’’ ဟု Hilton ၏ အာရှပစိဖိတ်ဒေသတွင်း အမှတ်တံဆိပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ဒုဥက္ကဋ္ဌ Sean Wooden  ကပြောသည်။ 

 မန္တလေးကျုံးအရှေ့တောင် ဘက်တွင် တည်ရှိသည့် Hilton Mandalay သည် ဟိုတယ် အခန်း ၂၃၁ ခန်းရှိပြီး မန္တလေးတောင်၊ မန္တလေးနန်းမြို့ တော်နှင့်ကျုံးမြိ့ရိုး တို့ကိုရှုမြင်နိုင်သော၊ လှပသော ရှုခင်းများ  ကြည့်ရှုနိုင်ရန် အခန်း အများစုတွင် လသာဆောင်နှင့် ကျယ်ပြန့်သော ၀ရန်တာများထည့်သွင်းထားပြီး မီးဖိုခန်းငယ်များလည်း ထည့်သွင်းထားသဖြင့် မိ သားစု တည်းခိုရန်နှင့် ရက်ကြာကြာတည်းခိုမည့် ဧည့်သည်များ အတွက်  အဆင်ပြေစေမည် ဖြစ် ကြောင်း ၎င်းကပြောသည်။ 

‘‘အခုလိုဧည့်သည်အများအ ပြား စိတ်ဝင်စားပြီး ဦးစားပေးရွေး ချယ်ခြင်းခံနေရတဲ့ မန္တလေးမြို့မှာ  ကျွန်တော်တို့တွေ ဟိုတယ်လုပ် ငန်းကို တိုးချဲ့လုပ်ကိုင်ချင်ပါ တယ်။ မန္တလေးမြို့ကိုလာရောက် ကြတဲ့ ဧည့်သည်တွေကိုလည်း ကမ္ဘာကအသိအမှတ်ပြုပြီးသား ဖြစ်တဲ့ Hilton ရဲ့ဝန်ဆောင်မှုတွေ ကို ပေးအပ်သွားချင်ပါတယ်’’ ဟု Sean Wooden ကပြောသည်။ 

Hilton ဟိုတယ်လုပ်ငန်းစု အနေဖြင့် ဧဒင်ဟိုတယ်လုပ်ငန်းစု နှင့် ပူးပေါင်းကာ မန္တလေးဆီဒိုးနား ဟိုတယ်ကို Hilton Mandalay အမည်ဖြင့် ဖွင့်လှစ်ရန်  ၂၀၁၇ သြဂုတ်အတွင်း ဒေါ်လာသန်း လေးဆယ်ဖြင့် ၀ယ်ယူကာလွှဲပြောင်းရယူပြီး လက်ရှိ ဒေါ်လာ ၄၅သန်း ရင်းနှီးမြှုပ်နှံထားကြောင်း Hilton မြန်မာဟိုတယ်လုပ်ငန်းစု အထွေထွေမန်နေဂျာ Helen Jacobe ကပြောသည်။ 

Hilton Mandalay သည် ဧဒင်ကုမ္ပဏီအုပ်စုက အမေရိကန်  အခြေစိုက် ဟိုတယ်လုပ်ငန်းစု ဖြစ်သော Hilton World Wide Group နှင့် ပူးပေါင်းဖွင့်လှစ်သည့် တတိယမြောက်ဟိုတယ်ဖြစ်ပြီး လက်ရှိ၌ နေပြည်တော်နှင့် ငပလီ တို့တွင် Hilton Hotel များဖွင့်လှစ် ထားကာပုဂံနှင့် အင်းလေးဒေသ တို့တွင်လည်း ဟိုတယ်သစ်များတိုး ချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည်။ 

ဟီလ်တန်ဟိုတယ်လုပ်ငန်းစု သည် အမေရိကန်အခြေစိုက် ဟို တယ်လုပ်ငန်းလုပ်ကိုင်သည့် အ များပိုင်ကုမ္ပဏီဖြစ်ပြီး ဟိုတယ် စီမံခန့်ခွဲမှုကိစ္စရပ်များ အဓိကထားလုပ်ကိုင်ကာ ကမ္ဘာတစ်ဝန်း ဟိုတယ် ၅၆၀ ကျော်ဖွင့်လှစ် ထား  သည်။