သင်္ကြန်ရက်တွေကို စင်္ကာပူမှာ နွှဲပျော်သင့်တဲ့ အဓိက အချက် သုံးချက်

အားလုံးပဲအသင့်ပြင်ထားကြနော်  – သင်္ကြန်ပိတ်ရက်တွေ ရောက်လာတော့မယ်။
ဧပြီလအတွက်ခရီးသွားစရာ ပေါ်ပြူလာအဖြစ်ဆုံးနေရာတွေထဲက တစ်ခုကတော့ စင်ကာပူပဲဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ် သင်္ကြန် ချိန်ခါမှာ မြန်မာနိုင်ငံကလာရောက်လည်ပတ်သူ ၂ဝ,ဝဝဝ နီးပါးကို ဒီ ကျွန်းနိုင်ငံလေးက လက်ခံကြိုဆိုခဲ့ပါတယ်။ အခုဖော်ပြပေးမှာကတော့ သင်္ကြန်တွင်းမှာ ဘာလို့ စင်္ကာပူကို သွားသင့်သလဲဆိုတဲ့ အဓိက အချက် သုံးချက်ပါပဲ။

၁။ Garden City လို့ခေါ်တဲ့ စင်ကာပူမှာ စိတ်သစ်လူသစ် ပြန်လည်လန်းဆန်းစေဖို့

သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြတဲ့အခါမှာ နှစ်သစ်အတွက် ကိုယ့် စိတ်နှလုံးကို ပြန်လည် လန်းဆန်းစေဖို့၊ ကိုယ်ဦးစားပေးရမယ့်အရာတွေကို ပြန်လည်အာရုံစူးစိုက်ဖို့ နဲ့ ကိုယ့်စိတ်ခွန်အားတွေကို ပြန်အားဖြည့်ဖို့က အရေးကြီးပါတယ်။ ဒီလို နှစ်သစ် အတွက် ပြင်ဆင်ဖို့အတွက် ဟောဒီ Garden City ထက် ပိုကောင်းတဲ့နေရာ ဘယ်မှာရှိမှာလဲ။
စိမ်းလန်းသောမြို့တော်များညွှန်းကိန်း Green City Index အရ စင်ကာပူဟာ အာရှရဲ့ အစိမ်း လန်းဆုံးမြို့တော်ဖြစ်ပါတယ်။ သဘာဝကိုမြတ်နိုးပြီး စိမ်းလန်းစိုပြေမှုတွေကို နှလုံးသားထဲကို ဆွဲယူခံစားဖို့ လိုနေတဲ့ ခရီးသွားတွေအတွက် ဥယျာဉ်ပန်းခြံတွေနဲ့ သဘာဝ ဘေးမဲ့ တောတွေထဲက  ခေတ်မီလှပတဲ့ လျှောက်လမ်းတွေကစလို့ သူ့ရဲ့ ကမ်းလွန်ကျွန်းတွေမှာ trekking သွားတာတို့၊ သဘာဝအလှတရားတွေကို ရှာဖွေစူးစမ်းတာတွေ အစရှိသည်အထိ စင်ကာပူရဲ့ အလျှံပယ်ပေါများလှတဲ့ အစိမ်းရောင် ရတနာ သိုက်တွေက လာရောက်ရှာဖွေလေ့လာမှုကိုခံယူဖို့ စောင့်ဆိုင်းနေကြပါတယ်။
ရင်သပ်ရှုမောစရာ ပန်းဥယျာဉ် Gardens by the Bay ကတော့ မဖြစ်မနေသွားရောက်လည်ပတ်ရမည့် နေရာတစ်ခုပါပဲ။ အပင်ပေါင်း တစ်သန်းကျော်ရှိနေပြီး အမိုးခုံးပန်းအိမ်ကြီးတစ်ခုအဖြစ် ပုံဖော်ထားကာ ကမ္ဘာ့အကြီးမားဆုံး ဖန်လုံအိမ်ကြီး အဖြစ် ၂၀၁၅ ခုနှစ် ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းဝင်ခဲ့ပါတယ်။ ခရီးသည်များ အနေနဲ့ ကမ္ဘာ့အမြင့်မားဆုံး မိုးလုံလေလုံ ဖန်အိမ်အတွင်းမှာတည်ရှိတဲ့ ရေတံခွန် ဖြစ်တဲ့ Cloud Forest waterfall မှာ စိတ်အပန်းဖြေနိုင်သလို ထူးခြားထင်ရှားလှတဲ့ Supertrees တွေရဲ့ ထိပ်ပိုင်းမှာ တည်ဆောက်ထားတဲ့ လေထဲမှာပေါ်နေသလိုဖြစ်နေတဲ့ OCBC Skyway မိုးပေါ်လမ်းကနေပြီး စင်ကာပူနိုင်ငံနှဲ့ Gardens by the Bay တို့ရဲ့ မြင်ကွင်းကျယ်ရှုခင်းကိုလည်း ခံစားနိုင်ပါတယ်။

၂။ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် ဘာသာတရားတို့ကို ဆက်နွယ်ချိတ်ဆက်ဖို့

သင်္ကြန်ကာလအတွင်း ဘုရားဖူးခြင်း၊ ၀တ်ပြုဆုတောင်းခြင်း ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းချင်တယ်ဆိုရင်တော့ စင်ကာပူတရုတ်တန်းက Buddha Tooth Relic Temple ဗုဒ္ဓစွယ်တော် ဘုံကျောင်း နဲ့ ပြတိုက်က ဒီအတွက် သွားဖို့ အကောင်းဆုံးနေရာပါပဲ။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ သမိုင်းဝင် အထွတ်အမြတ်ထားသော စွယ်တော်မြတ်အမွေအနှစ်ကို ထည့်သွင်းပူဇော်ဖို့ ဒီဗိမာန်ကို ၂၀၀၇ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ ၃.၅ တန်လေးတဲ့ ဧရာမရွှေစေတီအတွင်း ထည့်သွင်းဌာပနာထားသည့် စွယ်တော်အမွေအနှစ်ကို စေတီရဲ့ စတုတ္ထအလွှာက အံ့မခန်းဖွယ်ရာ ရွှေရောင်ခန်းမမှာ ဖူးမျှော်နိုင်ပါတယ်။
စင်ကာပူရဲ့ တခြားကြွယ်ဝတဲ့ ယဉ်ကျေးမှုဓလေ့များကို ထပ်ပြီးလေ့လာချင်သေးတယ်ဆိုရင် Little India ၊ Kampong Glam ၊ Bugis နဲ့ Peranakan ပြတိုက်တို့လို ယဉ်ကျေးမှုအစစ်အမှန်များကို တွေ့ကြုံခံစားနိုင်တဲ့ နေရာ အမြောက်အမြားလည်းရှိပါသေးတယ်။

၃။ နှစ်သစ်အစမှသည် တစ်နှစ်လုံးတာရှည်ခံမယ့် အမှတ်တရတွေကို တည်ဆောက်ရင်းနဲ့ မိသားစုဈေးဝယ်ထွက်ပြီးသား ဖြစ်ဖို့

နှစ်ဆန်းတစ်ရက်နေ့မှာ ဖြစ်ပျက်တွေ့ကြုံသမျှဟာ တစ်နှစ်ပတ်လုံးမှာ ခဏခဏ ကြုံရလိမ့်မယ်လို့ ပြောကြတာ ရှိပါတယ်။ ကိုယ့်မိသားစု၊ ကိုယ်ချစ်ရတဲ့ မိတ်ဆွေ တွေနဲ့ အတူ ရေရှည်တည်တံ့မယ့် အမှတ်တရတွေကို ဖန်တီးဖို့ အတွက် စင်ကာပူဟာ အကောင်းဆုံးနေရာ ပါပဲ။ ကလေးတွေနဲ့အတူ ဆန်တိုဆာက Universal Studios Singapore၊ Adventure Cove Waterpark၊ Kidzaniania တို့လို ကလေးတွေ အတွက် အထူးပြင်ဆင်ထားတဲ့ နေရာတွေကို လည်ပတ်ခြင်း၊ Marina Barrage မှာ စွန်လွှတ်ခြင်း ပျော်ပွဲစားထွက်ခြင်းတွေနဲ့ မိသားစုအတွက် အဖိုးတန်အချိန်လေးများကို ဖန်တီးနိုင်ပါတယ်။
ဒါ့အပြင် ရှော့ပင်းထွက်ရတာကြိုက်သူအားလုံးအတွက် ဘယ်လိုဘတ်ဂျက်ပဲထားထား၊ ဘယ်လိုအကြိုက်ပုံစံပဲရှိရှိ အဆင် ပြေစေမည့် ဆွဲဆောင်အားအပြည့်ရှိတဲ့ နေရာကတော့ စင်ကာပူပါပဲ။ ဒီကျွန်းလေးမှာ မိသားစုအားလုံးအတွက် အဆင်ပြေစေမယ့်ဈေးဝယ်စင်တာ တွေအမျိုးမျိုးရှိပြီး ကိုယ့်မိသားစုကို ပျော်ရွှင်ဖွယ် ဈေးဝယ်အတွေ့ အကြုံများ ပေးစွမ်းနိုင်ပါလိမ့်မယ်။
ဆန်တိုဆာကျွန်းနဲ့ ကပ်လျက်မှာရှိတဲ့ ဗီဗိုစီးတီး Vivocity ဟာ တစ်မိသားစုလုံးအတွက် သင့်တော်ကောင်းမွန်တဲ့ ဈေးဝယ်အတွေ့အကြုံကို ပေးမယ့် အကြီးမားဆုံး အရောင်းဆိုင်တွေနဲ့ မိသားစုအတွက် ဝယ်စရာစုံတဲ့ သွားရမယ့် နေရာတစ်ခုပါပဲ။ Vivocity အပြင် Orchard Road နှင့် Bugis Street တို့ဟာလည်း မိသားစုဝင်တိုင်းအတွက် H&M, Uniqlo နှင့် Forever 21 စတဲ့ ဒေသတွင်း ထင်ရှားတဲ့ အမှတ်တံဆိပ်များကို ၀ယ်ယူနိုင်တဲ့ အမိုက်စား ဈေးဝယ်စရာ နေရာတွေ ဖြစ်ပါတယ်။