မန္တလေးလမ်းလျှောက်သင်္ကြန်တွင် လူအများပါဝင်ပြီး ယဉ်ကျေးမှုဓလေ့ဖော်ထုတ်ပြသမည့် အစီအစဉ်များနှင့် ပြိုင်ပွဲများထည့်သွင်းကျင်းပမည်

 ယခုနှစ်ကျင်းပမည့် မန္တလေးလမ်းလျှောက်သင်္ကြန် တွင် နိုင်ငံခြားသားခရီးသွားဧည့် သည်များအား ဆွဲဆောင်နိုင်ရန် လူအများပါဝင်ဆင်နွှဲနိုင်မည့် ဂိမ်း ပြိုင်ပွဲများနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ ဖော်ထုတ်ပြသမည့်အစီအစဉ်များ ထည့်သွင်းကျင်းပ မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေးညွှန်ကြားမှု ဦးစီးဌာန အထက်မြန်မာပြည်ရုံးခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။

‘‘လမ်းလျှောက်သင်္ကြန်ပွဲ တော်ကို လာရောက်ဆင်နွှဲရင်း ပါဝင်နိုင်မယ့် ပြိုင်ပွဲလေးတွေကို Sport Tourism အနေနဲ့လုပ်ပေး ထားတယ်။ နောက်တစ်ခုက မြန် မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း တွေပေါ်လွင်အောင် ဆံရစ်ဝိုင်း လေးတွေ ထားပေးပြီး သူတို့နဲ့ ဓာတ်ပုံ တွဲရိုက်နိုင်ဖို့အတွက် Selfie ဘုတ်လေးတွေလည်း ထားပေးမှာဖြစ်ပါတယ်’’ ဟု ဦး စန်းယုက ပြောသည်။

 မန္တလေး လမ်းလျှောက် သင်္ကြန်တွင် ပုံမှန်ဖျော်ဖြေရေးအ စီအစဉ်များအပြင် တစ်မူထူးခြား ပြီး မြန်မာ့ရိုးရာဓလေ့ထုံးတမ်းများ ကို လေ့လာမှတ်တမ်းတင်နိုင်ရန်  မန္တလေးတိုင်းဒေသကြီးရှိကျေးရွာ အချို့မှ ဆံရစ်ဝိုင်းလေးများဖြင့် နေထိုင်သောမိန်းကလေးငယ် ၁၀ ဦးခန့်ခေါ်ယူကာ လေ့ကျင့်မည်ဖြစ်ပြီး လူအများပါဝင်ဆင်နွှဲနိုင် မည့် ပြိုင်ပွဲငယ်လေးများကိုလည်း ထည့်သွင်းပေးမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘ကျွန်တော်တို့ရဲ့ ယဉ်ကျေး မှုနဲ့ ဓလေ့ထုံးတမ်းတွေထဲက တစ်ခုဖြစ်တဲ့ ဆံရစ်ဝိုင်းလေးတွေ ဖော်ထုတ်တာဟာ မြန်မာ့ယဉ် ကျေးမှုကို ထိန်းသိမ်းတာလည်း ဖြစ်ပါတယ်။ ဆံရစ်ဝိုင်းလေးတွေ ကိုနိုင်ငံခြားသားနဲ့ ထိတွေ့ပြော ဆိုနိုင်အောင် ဧည့်လမ်းညွှန်အ သင်းကလည်း လေ့ကျင့်ပေးထား ပါတယ်။ ပြိုင်ပွဲတွေဆိုရင်လည်း ဘောလုံးလေးတွေနဲ့ ဂိမ်းကစား တာမျိုးတွေ ထည့်ပေးထားပါ တယ်’’ ဟု ဦးစန်းယုကပြော သည်။ လမ်းလျှောက်သင်္ကြန်လာ ရောက်လည်ပတ်သူများအတွက် ဖျော်ဖြေရေးအစီအစဉ်များအပြင် မြန်မာ့ရိုးရာအစားအစာများကို စတုဒိသာ ကျွေးမွေးမည်ဖြစ် သည်။

‘‘ဆံရစ်ဝိုင်းထားတဲ့ကိစ္စက ယဉ်ကျေးမှုတစ်ခုကို ထိန်းသိမ်း တဲ့အပြင် ခရီးသွားဧည့်သည်တွေ အတွက် အမှတ်တရဖြစ်စေတဲ့အ တွက် ကောင်းတဲ့အချက်ပါပဲ။ တကယ်တော့ မန္တလေးရဲ့ အမှတ် တံဆိပ်ကို လူသိများလာဖို့အ တွက် သူတို့ကိုမော်ဒယ်အနေနဲ့ ခေါ်ထားပေးတဲ့သဘောပါပဲဗျ’’ ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌဦးမျိုးရီက ပြောသည်။

More in News Section