ဒီချုပ်၏ ဗဟိုအမျိုးသမီးကော်မတီကို တိုင်းနှင့်ပြည်နယ်အဆင့်ဆင့် စတင်ဖွဲ့စည်း

ရန်ကုန်တိုင်းဒေသကြီး ဒီချုပ်အမျိုးသမီးကော်မတီဖွဲ့စည်းရန် ယမန်နေ့ကဆန္ဒမဲပေးရွေးချယ်နေစဉ် (ဓာတ်ပုံ − Shwe Pon/fb)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော် မတီ တိုင်းနှင့်ပြည်နယ်အဆင့် ဖွဲ့ စည်းမှုများကို ဧပြီလဆန်းကစ၍ ပြုလုပ်မည်ဖြစ်ကြောင်း ကော်မ တီပြောရေးဆိုခွင့်ရှိသူ လွှတ် တော်ကိုယ်စားလှယ် ဒေါ်ဇင်မာ အောင်က ပြောသည်။


ရန်ကုန်တိုင်း ဒီချုပ်အမျိုးသ မီးကော်မတီကို ယမန်နေ့ကစတင်ဖွဲ့စည်းပြီး စမ်းချောင်းမြို့နယ် ဒီ ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၀င် ဒေါ်ခင်မိုးအေးအား ရွေးချယ် တင်မြှောက်ခဲ့သည်။

ပါတီစည်းရုံးရေး၊ ရွေး ကောက်ပွဲအောင်နိုင်ရေးနှင့် ပြည် သူ့အကျိုးပြုလုပ်ငန်းများအတွက် အမျိုးသမီးကော်မတီ အဆင့်ဆင့် စတင်ဖွဲ့စည်းရန် ဒီချုပ်ဗဟိုအမျိုး သမီးကော်မတီက နိုဝင်ဘာ ၂၈ ရက်တွင် ညွှန်ကြားထားသည်။ လက်ရှိတွင် ရပ်ကျေးနှင့် မြို့နယ် အဆင့် ဖွဲ့စည်းမှုအများစု ပြီးစီး နေပြီဖြစ်ကြောင်း ကော်မတီဝင် များက ပြောသည်။

‘‘တိုင်းနဲ့ ပြည်နယ် ၈၀ ရာ ခိုင်နှုန်းက မြို့နယ်တွေ၊ ခရိုင်အ ဆင့်တွေ ပြီးသွားပြီ။ ကော်မတီ ဖွဲ့စည်းပုံမှာ တိုင်းနဲ့ ပြည်နယ်တွေကို ဗဟိုကဖွဲ့စည်းရမယ်လို့ ပါဝင်တယ်။ ဒါကြောင့် အခုကျွန်မ တို့က တိုင်းနဲ့ပြည်နယ်တွေကို လိုက်ဖွဲ့ရမှာပေါ့။ သင်္ကြန်မတိုင် ခင် ပြည်နယ်နဲ့တိုင်း ရှစ်ခုလောက် တော့ ဖွဲ့မယ်။ သင်္ကြန်ပြီးရင် လည်း ဆက်ဖွဲ့မယ်’’ဟု ဒေါ်ဇင် မာအောင်က ပြောသည်။

ကော်မတီအားလုံး ဖွဲ့စည်း ပြီးပါက ဇူလိုင်တွင် အမျိုးသမီး ကော်မတီစုံညီတွေ့ဆုံပွဲ (သို့မ ဟုတ်) ညီလာခံတစ်ရပ်ပြုလုပ် ရန် လျာထားသည်။

‘‘အမျိုးသမီးကော်မတီက ပါတီက ဖွဲ့စည်းထားတယ်ဆို တော့ ပါတီရဲ့ မူဝါဒထဲကနေပဲ သွားတာပေါ့နော်။ လတ်တလော လူထုကို အကူအညီပေးတာတွေ၊ ထောက်ပံ့ပေးတာတွေ၊ တခြား လှုပ်ရှားမှုတွေရှိပါတယ်။ ၂၀၁၈ အလွန်ကျရင်တော့ ပါတီစည်းရုံး ရေးရယ်၊ ပြီးရင် ပြည်သူလူထု အ ကျိုးပြုလုပ်ငန်းတွေရယ်၊ အမျိုး သမီးတွေကို ကာကွယ်ဖို့၊ အဖွဲ့ ချုပ်ကြီး ပိုပြီးစုစည်းနိုင်ဖို့ရယ် စ သဖြင့် လုပ်ဆောင်မယ်ပေါ့’’ဟု ကော်မတီဝင် လွှတ်တော်ကိုယ် စားလှယ်ဒေါ်သန္တာက ပြောသည်။

ကော်မတီတွင် ပါဝင်ရန် အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှ အမျိုး သမီးရေးရာ ကိစ္စများတက်ကြွစွာ ပါဝင်ဆောင်ရွက်ဖူးသူ၊ အဖွဲ့ချုပ်၊အဖွဲ့ဝင်များထဲမှ အမျိုးသမီးကိစ္စ များတက်ကြွစွာ ဆောင်ရွက်ရန် ဆန္ဒရှိသူဖြစ်ရမည်ဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အ ဖွဲ့က ညွှန်ကြားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ ကို သြဂုတ် ၂၁ ရက်တွင် စတင်ဖွဲ့စည်းပြီး ဒေါက်တာမေ၀င်းမြင့် ဦးဆောင်၍ အတွင်းရေးမှူး ဒေါ်ဇင်မာအောင်နှင့် အဖွဲ့ဝင်အဖြစ် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦး ပါဝင်သည်။