မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် နှစ်ရက်လျှင် တစ်ဦးနှုန်း ထိခိုက်သေဆုံးနေ

 မြန်မာနိုင်ငံတွင် မြေမြှုပ် မိုင်း အန္တရာယ်ကြောင့် နှစ်ရက် လျှင် တစ်ဦးနှုန်းထိခိုက်သေဆုံး နေရကြောင်း မြန်မာနိုင်ငံအတွင်း  မြေမြှုပ်မိုင်းအန္တရာယ် စောင့် ကြည့်နေသည့် ပြည်ပအဖွဲ့များ (Mine Advisory Group) ကိုယ် စားလှယ် မစ္စတာဂျေဆန်မီလာ က ပြောသည်။


မိုင်းအသိပညာပေးရေးနှင့် မိုင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက် မှုများအား အထောက်အပံ့ပေး ရေး (၁၃) ကြိမ်မြောက် နိုင်ငံတကာ နေ့ အခမ်းအနားကို ဧပြီ ၄ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေ သော မိုင်းအသိပညာပေးရေးနှင့် မိုင်းဒဏ်သင့်ပြည်သူများကို ကူညီထောက်ပံ့ရာတွင် ကြုံတွေ့ရ သော စိန်ခေါ်မှုများကို နိုင်ငံတ ကာ မြေမြှုပ်မိုင်းရှင်းလင်းရေး စောင့်ကြည့်အဖွဲ့များ ကိုယ်စား ဆွေးနွေးရာ၌ မစ္စတာဂျေဆန်မီ လာက ယင်းသို့ ထည့်သွင်းပြော ကြားသည်။

နိုင်ငံတကာ မိုင်းအန္တရာယ် စောင့်ကြည့်လေ့လာရေး အဖွဲ့များဖြစ်သည့် Halo Trust, MAGနှင့် Norwegian People’s Aid တို့၏ လေ့လာချက်စစ်တမ်းများအရ မြန်မာနိုင်ငံ၌ နှစ် ၂၀ အတွင်း လူဦးရေ ၄,၀၀၀ ကျော် မိုင်းဒဏ်ခံစား ရကာ ပြီးခဲ့သည့် ၂၀၁၇ အတွင်း မိုင်းဒဏ်ကြောင့် ထိခိုက်အသက်ဆုံးရှုံးရသူ ၁၆၇ ဦးရှိကြောင်း မစ္စတာဂျေဆန်မီလာက ပြော သည်။

ကချင်၊ကယား၊ကရင်၊ ရှမ်း၊ မွန်၊ တနင်္သာရီနှင့် ပဲခူးတိုင်းအရှေ့ ခြမ်းတို့ အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၀ ခုရှိ မြို့နယ် ၇၁ ခုတွင် မြေမြှုပ်မိုင်းအန္တရာယ် ရှိနေကြောင်း ၎င်းကဆိုသည်။

‘‘မြေမြှုပ်မိုင်းကြောင့်ထိခိုက် ဒဏ်ရာရသူ ၇၀ ရာခိုင်နှုန်းဟာ အရပ်သားတွေဖြစ်ပါတယ်။ အ ရင်က မိုင်းတွေအပြင် အသစ်အ သစ်သော မြေမြှုပ်မိုင်းတွေ ကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရနေဆဲပါ၊ စိုးရိမ်မှု တွေရှိနေဆဲပါ။ အများအားဖြင့် မြန်မာနိုင်ငံအရှေ့ပိုင်းမှာ မိုင်းတွေ တွေ့ရတာပါ’’ ဟု ၎င်းကပြောသည်။

ယနေ့အထိ မြေမြှုပ်မိုင်း ထုတ်လုပ်ဖြန့်ဝေ အသုံးပြုနေဆဲ မိုင်းထိသေကျေဒဏ်ရာရမှု အ များဆုံးရှိနေဆဲ နိုင်ငံများတွင် မြန်မာနိုင်ငံသည် တတိယနေရာ ၌ ရှိကာ မည်သည့်အဖွဲ့အစည်း ကမျှ မိုင်းရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသေး ကြောင်း ၎င်းကဆိုသည်။ ‘‘မိုင်း ရှင်းလင်းရေးလုပ်ငန်းစဉ်တွေ စ တင်ဖို့ အဆင်သင့်ရှိပါတယ်။ အ စိုးရက ကမ်းလှမ်းမယ်ဆိုရင် လုပ် ဖို့အတွက် အဆင်သင့်လည်းဖြစ် နေပါပြီ။ ဒါကြောင့်ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက်လည်း တိုက်တွန်းခဲ့ပါတယ်’’ ဟု မစ္စတာ ဂျေဆန်မီလာက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းဆိုင်ရာ အသိပညာ ပေး ရှင်းလင်းပွဲများပြုလုပ်ခြင်း၊ စစ်တမ်းများ ကောက်ယူခြင်းနှင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ် ရာရသူများအား ထောက်ပံ့ခြင်း၊ပြန်လည်ထူထောင်ရေး ဆောင် ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ကေသီကျော်ကပြောသည်။

မိုင်းပျံ့နှံ့မှုသည်ဒေသတွင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်း များ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု များ၊ ကျန်းမာရေးနှင့် ပညာရေး အပါအဝင် ဒုက္ခသည်များ နေရပ် ပြန်လာနိုင်ရေး ကြီးမားသည့် အ ခက်အခဲဖြစ်နေကြောင်း မိုင်းဆိုင် ရာ လှုပ်ရှားမှု ရှေ့ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန့်စင်က ပြောသည်။ ‘‘မိုင်းရှင်းလင်းဖို့မှာ အဆုံးအဖြတ် ပေးမှာက ဘယ်သူလဲဆိုတာ မသိ ရဘူးဖြစ်နေတယ်။ ကနေ့အထိက တော့ မိုင်းရှင်းဖို့ဆိုတဲ့ အခွင့်ကို ဘယ်သူကမှ မပေးဘူး။ တင်လို့ လည်းမရဘူး။ တကယ်ဆိုအခု အပစ်အခတ်ရပ်စဲပြီးတဲ့ နေရာ တွေမှာ ရှင်းလို့ရနေပါပြီ။ သို့ သော်လည်းပဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ညှိ တဲ့အခါမှာ အဆင်မပြေဖြစ်နေ တာလို့ထင်တယ်။ နှစ်ဖက်စလုံး က သဘောထားကြီးကြီးနဲ့ လူထု ရဲ့မျက်နှာကို ကြည့်ပြီးတော့ အန္တ ရာယ်ရှိနေတာကို အရင်လုပ်မယ် ဆိုတဲ့ စိတ်ကူးရှိရင် မိုင်းရှင်းလင်း ရေးက အခုချက်ချင်း ထလုပ်လို့ ရပါတယ်’’ ဟု ဦးသန့်စင်က ပြော သည်။

ပြည်ထောင်စုအဆင့် ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အနေဖြင့် ဒေသဖွံ့ဖြိုး ရေးအတွက် ပြည်သူလူထု အများ စုရှိရာ နေရာများနှင့် လူသွားလာမှု များသည့် နေရာများတွင် မြေမြှုပ် မိုင်း ရှင်းလင်းရေး ကနဦးဆောင် ရွက်သွားရန်နှင့် တပ်ပိုင်းဆိုင်ရာ လုံခြုံရေးနှင့် ပတ်သက်သည့် မိုင်းရှိရာနေရာများကို ဆက်လက် ဆောင်ရွက်ရန် စီမံထားကြောင်း တာဝန်ရှိသူများက ပြောကြား ထားသည်။ သို့သော် ယင်းစီမံချက် သည် လက်ရှိအချိန်ထိ စတင်ခြင်း မရှိသေးပေ။

ယခုနှစ် သုံးလအတွင်း မြေ မြှုပ်မိုင်းကြောင့် ၄၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပြန်လည်ထူ ထောင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြာေးရးမှူးချုပ် ဦးမျိုးဆက် အောင်ကပြောသည်။

‘‘ဒါက ကျွန်တော်တို့ဆီသ တင်းပို့တာကိုပဲ သိတာပါ။ သ တင်းမပို့လို့မသိတာလည်း ရှိနိုင် ပါတယ်’’ ဟု ဦးမျိုးဆက်အောင် ကဆိုသည်။

၂၀၁၇ အတွင်း မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၇၆ ဦး ရှိပြီး ၅၂ ဦးသေဆုံးခဲ့ကြောင်း ဦးမျိုးဆက်အောင်ကဆိုသည်။

‘‘အဲဒီထဲမှာ ၁၃ ရာခိုင်နှုန်းက အမျိုးသမီးနဲ့ ကလေးတွေဖြစ်ပါ တယ်’’ ဟု ၎င်းကဆက်လက်ပြော ကြားသည်။

ထို့အပြင် ပြည်သူများအ တွက် မိုင်းအသိပညာပေးလုပ်ငန်း များကို ပိုမိုလုပ်ဆောင်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ထိခိုက်မိသူများအတွက် တစ်ဦး လျှင် ကျပ်နှစ်သိန်းနှုန်းထောက် ပံ့ပေးနေကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက ဆိုသည်။

‘‘တကယ်တမ်းတော့ ဒါပြည် သူလူထုကိုလည်း ပြောချင်ပါ တယ်။ နှစ်သိန်းဆိုတဲ့ပမာဏက များတယ်လို့ မဆိုသာပါဘူး။ လက်ရှိဆေးရုံတက်နေရတဲ့ ကုန် ကျစရိတ်တွေတောင် ကာမိချင်မှ ကာမိမှာပါ’’ ဟု ၎င်းကပြော သည်။

၂၀၁၂ မှ ၂၀၁၇ အထိ ငါး နှစ်အတွင်း မိုင်းအန္တရာယ်ထိခိုက် သူ ၇၀ ကျော်ရှိပြီးယင်းအနက် ၅၀ ဦးကို အစိုးရက ထောက်ပံ့ခဲ့ ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော် မိုးက ဆက်လက်ပြောကြားသည်။

More in Politics Section