ရန်ကုန်သင်္ကြန်လေးရက်အတွက် ရေကစားလက်မှတ်ခ ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းခွဲအထိရှိ

ပြည်လမ်းအင်းလျားကန်ပေါင်အနီးရှိ ဆောက်လုပ်စ သင်္ကြန်မဏ္ဍပ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

 ရန်ကုန်သင်္ကြန်မဏ္ဍပ် များ စတင်ဆောက်လုပ်နေပြီး လေးရက်အတွက် ရေကစားလက် မှတ်ခသည် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းခွဲအထိ ရှိနေသည်။

ရေကစားမဏ္ဍပ်များကို ဧပြီ ၁ ရက်တွင် ဆောက်လုပ်ခွင့်ပါမစ် ထုတ်ပေးနေပြီး ပါမစ်ရရှိသူများ က မဏ္ဍပ်တည်ဆောက်ရေး လုပ် ငန်းများ တစ်ပြိုင်တည်း ဆောင် ရွက်နေပြီဖြစ်သည်။

‘‘သင်္ကြန်မတိုင်မီ နှစ်ရက် လောက်အလိုမှာ အပြီးဆောက် လုပ်ပြင်ဆင်ထားနိုင်ဖို့ လုပ်နေ တယ်။ ဒီနှစ်က ပြည်လမ်းမှာ မဏ္ဍပ်ပိုများတာကြောင့် အဲဒီမှာပဲ လာစည်မယ်ထင်တယ်’’ဟု ပြည်လမ်း အင်းလျားကန်ရှေ့တွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေ သည့် ကန်ထရိုက်တစ်ဦးက ပြော သည်။

ပြည်လမ်းတွင် သင်္ကြန် မဏ္ဍပ်ခြောက်ခု ဆောက်လုပ်ခွင့် ပြုထားပြီး လက်ရှိအချိန်အထိ မဏ္ဍပ်ငါးခု စတင်ဆောက်လုပ် နေသည်။

သင်္ကြန်မဏ္ဍပ် ရေကစားခွင့် လက်မှတ်များကိုလည်း သက် ဆိုင်ရာမဏ္ဍပ်များက အပြိုင်အ ဆိုင် ရောင်းချနေပြီဖြစ်ကာ ရေ ကစားမဏ္ဍပ်၏ ရိုးရိုးလက်မှတ်ခ နှုန်းသည် တစ်ရက်လျှင် ကျပ်တစ်သောင်းမှ လေးသောင်းအထိ လည်းကောင်း၊ လေးရက်အတွက်ကျပ်ငါးသောင်းအထိ လည်း ကောင်း ရောင်းချနေသည်။

ထို့အပြင် လေးရက်အတွက် သီးသန့် VIP လက်မှတ်များကို ဝန်ဆောင်မှုနှင့် နေရာပေါ်မူတည် ၍ ကျပ်ခုနစ်သောင်းမှ တစ်သိန်း ခွဲအထိ ဈေးနှုန်းသတ်မှတ်ထား သည်။

သို့သော် အဆိုပါလက်မှတ် ဈေးနှုန်းများသည် ယခင်နှစ်များ က ရောင်းချခဲ့သည့် ဈေးနှုန်းနှင့် သိသာစွာ ပြောင်းလဲမှုမရှိကြောင်း ကန်ထရိုက်အချို့က ဆိုသည်။

‘‘ဒီနှစ်က လက်မှတ်ကြိုပြီး ဘွတ်ကင်လုပ်တာတွေ တော် တော်များတယ်။ ရိုးရိုးလက်မှတ် ဆိုရင် အစောင် ၄၀၀ ရောင်းဖို့ မှန်းထားတာပေါ့။ လက်ရှိအခြေ အနေအရ ခန့်မှန်းချက်ထက် ကျော်လွန်ပြီး ဝယ်ယူတာမျိုး တောင်ရှိလာနိုင်မယ်ထင်တယ်’’ ဟု ပြည်လမ်းရှိ God Theatre ရေကစားမဏ္ဍပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 ရန်ကုန်တိုင်း ဒေသကြီး အစိုးရသည် ယခုနှစ်တွင် ပုဂ္ဂလိ က ရေကစားမဏ္ဍပ် ၃၀ ကျော် ခွင့်ပြုပေးထားသည်။

More in Business Section