နေပြည်တော်ကောင်စီမြို့တော်ဝန်မဏ္ဍပ်အတွက် ကျပ်သိန်းတစ်ထောင်အသုံးပြုမည်

 နေပြည်တော် မြို့ တော်ဝန်မဏ္ဍပ်အတွက် ကျပ် သိန်းတစ်ထောင်ခန့်သုံးစွဲရန်လျာ ထားကြောင်း နေပြည်တော်စည် ပင်သာယာရေးကော်မတီဝင်(၂) ဦးမင်းသူက 7Day Daily သတင်း စာအားပြောကြားသည်။


မြို့တော်ဝန် မဏ္ဍပ်တွင် ဖျော်ဖြေရေးနှင့်တည်ဆောက် ရေးစရိတ်များအတွက် ကျပ်သိန်း ၄၀၀ စီအသုံးပြုမည်ဟု၎င်းက ပြောသည်။

‘‘ကျန်တာတွေကတော့ လုံ ခြုံရေးကိစ္စတွေမှာ သုံးသွားမယ်’’ ဟု ဦးမင်းသူကပြောသည်။

မြို့တော်ခန်းမရှေ့တွင် မြို့ တော်ဝန်မဏ္ဍပ် တည်ဆောက် မည်ဖြစ်ပြီး မြန်မာ့အသံမှ ဂီတအ ဆိုရှင်များနှင့် ငြိမ်းချမ်းရေးဂီတ ပွဲတော်မှ အဆိုတော် ၁၁ ဦးပါဝင် ဖျော်ဖြေမည်ဖြစ်သည်။

‘‘နောက်သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ယိမ်း အဆိုအကတွေလည်း ပါမယ်’’ ဟု ဦးမင်းသူကပြောသည်။

နေပြည်တော်တွင် ပထမ ဆုံးအကြိမ်ထည့်သွင်းကျင်းပမည့် ရခိုင်ရိုးရာ ယဉ်ကျေးမှုသင်္ကြန် မဏ္ဍပ်ကို ရာဇသင်္ဂဟလမ်းတွင် ဆောက်လုပ်ခွင့်ပြုထားကြောင်း ၎င်းကဆိုသည်။

‘‘ရာဇသင်္ဂဟလမ်းပေါ်က ဘဏ်သစ်နားမှာ ဆောက်နေပြီ။ အဲဒီမှာပဲလုပ်မယ်’’ ဟု ဦးမင်းသူ ကပြောသည်။

ပျဉ်းမနားတွင် ပထမဆုံးအ ကြိမ်ပြုလုပ်မည့် လမ်းလျှောက် သင်္ကြန်အတွက် မဏ္ဍပ်ကြီး ခြောက်ခုနှင့် စတုဒိသာအုန်းလက် မဏ္ဍပ် ၄၆ ခုကို ကန်တော်မင်္ဂလာ ရှမ်းကန်ပတ်လည်၌ ပေ ၁၅၀ ခြား၍နေရာချပေးထားကြောင်း ပျဉ်းမနားမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးထွန်းထွန်းဝင်းကပြောသည်။

လမ်းလျှောက်သင်္ကြန်အ တွက် မဏ္ဍပ်ကြီးငါးခုပါဝင်မည် ဖြစ်ပြီး ပျဉ်းမနားမြို့တွင်းမဏ္ဍပ် လေးခုတည်ဆောက်ခွင့်ပြုရန် လျှောက်ထားသဖြင့် နေပြည် တော်စည်ပင်သာယာရေးကော်မ တီသို့ တင်ပြထားကြောင်း ၎င်းက ပြောသည်။

‘‘ရေကစားမဏ္ဍပ်ကြီးငါးခု ရဲ့ တစ်ခုနဲ့တစ်ခုကြားမှာ စတုဒိ သာမဏ္ဍပ် ၁၀ ခုစီပါမယ်။ စတု ဒိသာမဏ္ဍပ်နဲ့ရိုးရိုးအုန်းလက်ရေ ကစားမဏ္ဍပ်ကလေးတွေရော ပေါ့’’ ဟု လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီအဖွဲ့ဝင် ဦး သိန်းသန်းဦးက ဖြည့်စွက်ပြော ကြားသည်။

‘‘ကျွန်တော်တို့က လမ်း လျှောက်သင်္ကြန်အတွက်ကတော့ ခွင့်ပြုချက်ရယ်လို့မလုပ်တော့ ဘူး။ ကျန်တဲ့လေးခုကတော့ စည် ပင်သာယာရဲ့ခွင့်ပြုချက်နဲ့ဆက် လုပ်သွားမှာပေါ့’’ ဟု ဦးထွန်း ထွန်းဝင်းကပြောသည်။