တပ်မတော်နှင့် ကေအိုင်အေ မံစီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ် မံစီမြို့ နယ်တွင် တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း KIA  ပြောရေးဆိုခွင့်ရှိ သူ  ဗိုလ်မှူးကြီးနော်ဘူကပြော သည်။ 


‘‘ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း(၁) ရှိနေတဲ့ မံစီအနီး အနားမှာပေါ့။ မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။ ဒီနေ့လည်းဖြစ် တယ်။ တပ်မတော်က ကေအိုင် အေ အုပ်ချုပ်နယ်မြေထဲကို တိုး ၀င်လာလို့ ခုခံတိုက်ပွဲတွေဖြစ် တာ’’  ဟု ဗိုလ်မှူးကြီး နော်ဘူက ဧပြီ ၄ရက်တွင်ပြောသည်။ 

တပ်မတော်နှင့် KIA  တို့ မတ်လ ၃၁ရက်မှ ဧပြီ ၂ရက်အထိ  မံစီမြို့နယ်၌ တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၃ ရက်တွင် သတင်းထုတ်ပြန် သည်။ 

ယင်းသတင်းထုတ်ပြန်ချက် တွင် မိုးမိတ်နှင့် မံစီမြို့နယ်အ တွင်း KIA  ကျောထောက်နောက် ခံဖြင့် တရားမ၀င်သစ်ထုတ်လုပ် နေမှုများ သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။ မတ်လ ၃၁ရက်မှ ဧပြီ၂ရက်အတွင်း နယ်မြေရှင်း လင်းရာ မိုးမိတ်နယ်မြေအတွင်း ရွှေလီမြစ်ကြောင်း တစ်လျှောက်၌ ကျွန်းသစ်အရွယ်စုံ ၂၀၂ တန် ခန့်၊ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၃၃တန်ခန့်၊ သစ်တင်ယာဉ် မျိုးစုံခြောက်စီး၊ သစ်တင်ရာတွင် အသုံးပြုသည့် စက်တပ်လှေကိုး စီး၊ လွှဝိုင်းလေးခုနှင့် သစ်စက် တစ်လုံး သိမ်းဆည်းရမိ ကြောင်း  ဖော်ပြသည်။ 

တပ်မတော်၏ သတင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍  KIA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီးနော်ဘူက ယင်းသို့ထုတ်ပြန် မှုသည် KIA ကိုနာမည်ဖျက်ခြင်း ဖြစ်ပြီး အဆိုပါသစ်များသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အစိုးရခွင့်ပြုချက်ဖြင့် သစ်ခုတ်နေ သည့် လုပ်ငန်းရှင်များသယ်လာ သည့် သစ်များဖြစ်ကြောင်း၊ KIA  နယ်မြေအတွင်း ဖြတ်သန်းသည့် အပေါ်အခွန်ကောက်ခံခြင်းသာ ပြုလုပ်ကြောင်း ပြောသည်။ 

ကချင်ပြည်နယ် အတွင်း ၂၀၁၈ဇန်န၀ါရီ ၁ရက်မှ ဧပြီ ၂ ရက်ထိ တရားမ၀င် ကျွန်းသစ် ၁,၁၂၉တန်၊ အခြားသစ်မျိုးစုံ ၃၂၃ တန်၊ သစ်တင်ယာဉ်မျိုးစုံ ၃၈ စီး၊ သစ်စက် ခုနစ်လုံး၊  သစ် တင်ရာတွင် အသုံးပြုသည့် လှေ ၁၇ စီးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း တပ်မ တော်က သတင်းထုတ်ပြန်သည်။ သိမ်းဆည်းရမိသည့် သစ်များနှင့် ယာဉ်များကို သက်ဆိုင်ရာမြို့နယ် သစ်တောဦးစီးဌာနများသို့ အပ်နှံ ပြီးဖြစ်ကြောင်းဖော်ပြသည်။ 

တပ်မတော်နှင့် KIA ခေါင်း ဆောင်များ ဖေဖော်ဝါရီလဆန်း က တိုက်ပွဲလျှော့ချရေး ဆွေး နွေးသော်လည်း လက်ရှိအချိန် အထိတနိုင်း၊ ဖားကန့်မြို့နယ်များ နှင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပိုင်းတွင် စစ်ရေး တင်းမာနေဆဲဖြစ်ကြောင်း KIA ကဆိုသည်။ 

More in Politics Section