လင်မယားချင်းရန်ဖြစ်ရာမှ အိမ်ကိုမီးရှို့၍ အိမ်ငါးလုံးမီးလောင်

မီးလောင်ကျွမ်းမှုကို ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းငြှိမ်းသတ်နေစဉ်

လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းက အိမ် ကို မီးရှို့သောကြောင့် အိမ်ငါးလုံး မီးလောင်ဆုံးရှုံးမှု ပဲခူးတိုင်း အုတ်ဖိုမြို့နယ်ရှိ ဆယ်ရွာကျေးရွာတွင် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။


ယင်းဖြစ်စဉ်ကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၂ သိန်းကျော်ရှိ ကာ နှစ်နာရီခန့် ငြှိမ်းသတ်ခဲ့ရ ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

 ‘‘လောင်တဲ့အိမ်ကတော့ ဓာတ်ဆီဘူးကို ကန်မိပြီး လောင် တာလို့ပြောတယ်။ ဘေးကမြင်တဲ့ လူတွေကတော့ လင်မယားချင်း ရန်ဖြစ်ပြီး မီးရှို့တာလို့ပြောတယ်’’  ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

မီးလောင်မှုနှင့် ပတ်သက်၍  မီးရှို့သူကို ပုဒ်မ ၄၃၆ ဖြင့် အမှု ဖွင့်ထားပြီး တရားခံ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ဖမ်း ဆီးရမိရေး ဆောင်ရွက်နေ ကြောင်း အထက်ပါတာဝန်ရှိသူ က ပြောသည်။

More in News Section