ရခိုင်ပြည်နယ် ခြံစည်းရိုးကာရံဖို့ ကျပ်သိန်း ၆၅၀ လှူဒါန်းတဲ့ နှင်းဆီအဖွဲ့သားများ

နှင်းဆီအဖွဲ့သားများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် (ဓာတ်ပုံ-ပတ္တမြားကေခိုင်ဖေ့စ်ဘွတ်ခ်)

 နှင်းဆီနယ်နိမိတ်ဖျော် ဖြေပွဲမှ ရရှိသည့် အလှူငွေများကို  ရခိုင်ဒေသဖွံ့ဖြိုးရေးအတွက် နိုင် ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ထံနှင်းဆီရင် ခွင်လူမှုကူညီရေးဖောင်ဒေးရှင်း ကဧပြီ ၅ရက်ကလှူဒါန်းခဲ့သည်။  

အဆိုပါလှူဒါန်းမှုအစီအစဉ်  ကို နေပြည်တော်ရှိ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဌာန(NRPC)၌ ပြုလုပ်ခဲ့ပြီး အလှူငွေ ကျပ်သိန်း ၆၅၀  ကို ရခိုင်ပြည်နယ်အတွင်း လူသား ချင်းစာနာမှု အကူအညီထောက်ပံ့ ပေးရေး၊ ပြန်လည်နေရာချထား  ရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လက်ခံပေးခဲ့သည်။

‘‘သူ (ဒေါ်အောင်ဆန်းစု ကြည်) ကတော့ ကိုယ့်အသိစိတ် ဓာတ်နဲ့ကိုယ် အဲဒီလိုလှူဒါန်းတဲ့ အတွက် ၀မ်းသာပါတယ်ပေါ့။ တစ်ပြည်လုံးကလည်းအဲဒီလိုလှူ စေချင်တယ်။ အဲဒီလိုလှူဖို့အ တွက်လည်းတိုက်တွန်းပါ။နောက် ပြီးရခိုင်အရေးတင်မဟုတ်ဘဲတစ် ပြည်လုံးရဲ့အရေးကို လိုအပ်ရင် လိုအပ်သလို လှူဖို့ပြောပါတယ်’’ ဟု ဒါရိုက်တာမောင်မျိုးမင်း (ရင် တွင်းဖြစ်) ကပြောသည်။

အဆိုပါပွဲတွင် ပန်းချီမျိုးမြင့် ရေးဆွဲထားသည့် နှင်းဆီပန် ထားသော ဒေါ်အောင်ဆန်းစု ကြည်၏ ပုံတူပန်းချီကားကို နှင်း ဆီအဖွဲ့၏ အမှတ်တရလက် ဆောင်အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ထံပေးအပ်ခဲ့သည်ဟု ဒါ ရိုက်တာ မောင်မျိုးမင်းက ၎င်း၏  ဖေ့စ်ဘွတ်ခ်တွင် ရေးသားထား သည်။

‘‘နှင်းဆီဆိုတာက အမေစုကိုလည်း သံမဏိနှင်းဆီလို့ တင် စားကြတယ်။ တို့တွေအဖွဲ့ရဲ့အ မှတ်တံဆိပ်ကလည်း နှင်းဆီဆို တော့ အဲဒီနှင်းဆီသုံးပွင့်က တစ် ပွင့်ကပြည်သူ၊ တစ်ပွင့်က နိုင်ငံ၊ တစ်ပွင့်က တရားဥပဒေ အဲတာ တွေကို ဦးထိပ်ပန်တယ်လို့ အ ဓိပ္ပာယ်ဖွင့်ဆိုလိုရပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်အား လက်ဆောင်ပေးအပ်ခဲ့သည့် ပန်း ချီကားနှင့် ပတ်သက်၍ဒါရိုက် မောင်မျိုးမင်းကပြောသည်။

ရခိုင်ပြည်နယ် ခြံစည်းရိုးကာ  ရန် ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် နှင်း ဆီနယ်နိမိတ်ဖျော်ဖြေပွဲကို ယခု နှစ်ဇန်န၀ါရီ ၁၉ နှင့် ၂၀ရက် များတွင် ရန်ကုန်မြို့အမျိုးသား က ဇာတ်ရုံ၌ပြုလုပ်ခဲ့သည်။