သုံးနှစ်အတွင်း ပထမအကြိမ် ရုပ်ရှင်ပြန်ရိုက်မယ့် မင်းသားဟွန်ဘင်း

 တောင်ကိုရီးယားမင်း သားဟွန်ဘင်းသည် tvN ရုပ်သံ လိုင်းက ထုတ်လွှင့်မည့် ‘Memo-ries of the Alhambra’ ဒရာမာ ဇာတ်ကားသစ်တွင် ခေါင်းဆောင် မင်းသားအဖြစ် ပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။

အသက် (၃၅)နှစ်အရွယ် ဟွန်ဘင်းသည် အဆိုပါ ဇာတ်ကားတွင် ယိုဂျင်ဂူဇာတ် ကောင်အဖြစ် ခေါင်းဆောင်မင်း သမီး ပက်ရှင်ဟေးနှင့်အတူ ပါ ၀င်သရုပ်ဆောင်မည်ဖြစ်ကြောင်း  ဧပြီ ၃ရက်တွင် tvN ရုပ်သံလိုင်း ကပြောသည်။

‘Memories of the Alhambra’ ဇာတ်ကားသည် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတစ်ခု၏ အမှုဆောင်အရာရှိချုပ် ယိုဂျင် ဂူတစ်ယောက် စပိန်နိုင်ငံသို့ ရောက်ရှိစဉ် ထူးဆန်းသောဖြစ်ရပ် နှင့် ကြုံတွေ့ရသည့် ဇာတ်လမ်း ကို ပုံဖော်ရိုက်ကူးမည်ဖြစ် ကြောင်း သိရသည်။

၂၀၁၈ ဒုတိယနှစ်ဝက်တွင် ထုတ်လွှင့်ပြသရန် စီစဉ်ထား သည့် အဆိုပါဇာတ်ကားတွင် မင်းသားဟွန်ဘင်း  ပါဝင်သရုပ် ဆောင်မှုသည် သုံးနှစ်အတွင်း ၎င်း၏ပထမအကြိမ်အနုပညာ လှုပ် ရှားမှုဖြစ်သည်။                       allkpop