တစ်နှစ်တစ်ကြိမ် သာသနာ့ဘောင်ဝင်ရောက်လိုတဲ့ ရဲရင့်အောင်

၂၀၁၈ သင်္ကြန်ကို မူဆယ်မြို့၌ ဖြတ်သန်းရင်း ပရိသတ်များသီချင်းများ   ဖျော်ဖြေမည်ဖြစ် ကြောင်း အဆိုတော်ရဲရင့်အောင်က ပြောသည်။

‘‘သင်္ကြန်က ကလေးကတည်းက အခုလူကြီးဖြစ်တဲ့အထိ အ မှတ်တရတွေက အများကြီးပါပဲ။ ငယ်ငယ်တုန်းကဆို အခုထက်ပို ပျော်မယ်ထင်တယ်။ သင်္ကြန်နား နီးရင် လက်ချိုးရေပြီး ရေပက်ဖို့၊ ခွက်စောင်းခုတ်တဲ့နည်းတွေ ပြင် ဆင်နေတယ်။ အခုတော့ နှစ်တိုင်းသီချင်းဆိုဖို့အတွက်ပဲ ပြင်ဆင်နေ ပါတယ်’’ဟု ၎င်းကပြောသည်။

ထို့ပြင် သာသနာ့ဘောင်သို့ ၀င်ရောက်လိုသည်မှာ ကြာပြီဖြစ် သော်လည်း ပြီးခဲ့သည့် မတ်လ က အချိန်ရသဖြင့် ပုပ္ပားသို့သွားရောက်၍ ရဟန်းဝတ်ကြောင်း ရဲရင့်အောင်က ပြောသည်။

‘‘အချိန်လေး နည်းနည်းရတဲ့ အချိန်မှာ ကျွန်တော့်ညီတွေရော၊ ဦးလေးတွေရော ၀တ်မယ်ဆိုတာ နဲ့ ၀တ်ဖြစ်သွားတာပါ။ ဘုန်းကြီး ၀တ်ရတာပျော်ဖို့ကောင်းတယ် ဗျ။ ပုပ္ပားမှာက အမေတို့အမြဲအ လှူလုပ်နေတဲ့ ဘုန်းကြီးကျောင်း ရှိတယ်။ တောထဲမှာ သွားနေချင် တာကြောင့်ပါ။ တောထဲမှာ ဘုန်း ကြီးသွားဝတ်တဲ့အတွက် ပတ်ဝန်း ကျင်အသစ်ဗျာ’’ ဟု ၎င်းကပြော သည်။

ကတုံးနှင့်နေရသည်ကို ပျော်သဖြင့် အချိန်ရလျှင်ရသလို တစ်နှစ်တစ်ခါ ရဟန်းဝတ်နိုင်အောင် ကြိုးစားမည်ဟုဆို သည်။

‘‘ပြန်ထွက်လာပြီးတဲ့အချိန် မှာ ရာခိုင်နှုန်းအနည်းငယ်လောက် တရားပေါက်သွားတယ်။ တချို့ အရာတွေကို လက်ခံနိုင်လာတယ်။ စိတ်ကိုထိန်းလာနိုင်လာတယ်။  အရင်တုန်းကဆို မရဘူးလေ’’ ဟု ၎င်းကပြောသည်။

လက်ရှိတွင် နယ်ရှိုးများ သွားရောက်ဖျော်ဖြေရန် လက်ခံထား ပြီး အခွေသစ်အတွက် အကောင်း ဆုံးကြိုးစားဖန်တီးနေကြောင်း ဆိုသည်။

‘‘ခါတိုင်းအခွေတွေလို ချစ် တယ်၊ အသည်းကွဲတယ်၊ အဲဒီ လိုမျိုးတွေ မဟုတ်ဘူး။ ကျွန်တော်ဘယ်ဟာအားသန်ရယ်တယ်လို့ မရှိဘူး။ အားလုံးကိုမျှအောင် ထည့်ထားတယ်။ ကျွန်တော်ဒီနှစ် ထဲမှာ အခွေထွက်နိုင်အောင် ကြိုး စားမယ်။ ထွက်ဖို့လည်း အသည်း အသန်လုပ်နေပါတယ်။ ရေးတာ က အကုန်လုံးနီးပါး ပြီးနေပြီ။ အချောသပ်ဖို့ ကျန်သေးတယ်။ အသံမသွင်းရသေးတာဗျ။ ကျွန် တော်အခွေစပြီး ဖန်တီးစဉ်က တည်းက ကျွန်တော်ခံစားရသမျှ၊ အတွေ့အကြုံရသမျှ၊ ကျွန်တော် ရေးချင်တာတွေအားလုံးကို ရေး ထားတယ်။ အကြောင်းအရာများ တယ်’’ဟု ရဲရင့်အောင်က ပြော သည်။