ရော်ဘာဈေးနှုန်း ကျဆင်းနေ၍ အစေးခြစ်ရာသီမကုန်မီ ရော်ဘာခြံအချို့ လုပ်ငန်းရပ်နား

 ရော်ဘာအစေးခြစ်ရာသီ မကုန်ဆုံးသေးသော်လည်း ဈေး နှုန်းကျဆင်းနေသဖြင့် ရော်ဘာခြံ အချို့ လုပ်ငန်းရပ်နားခဲ့ကြောင်း သထုံမြို့ရှိ ရော်ဘာခြံပိုင်ရှင်များ က ပြောသည်။

ယခင်နှစ် အစေးခြစ်ရာသီ အစ စက်တင်ဘာတွင် တစ်ပေါင် လျှင် ကျပ် ၁,၀၀၀ ခန့်မှဈေးနှုန်းမှ ဆက်တိုက် ကျဆင်းလာပြီး သင်္ကြန်မတိုင်မီ မှိုင်းခံပြီး ရော်ဘာတစ်ပေါင်လျှင် ကျပ် ၇၀၀ ခန့်ဖြစ်သောကြောင့် တွက်ခြေမကိုက်၍ လုပ်ငန်းရပ်နားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

နှစ်စဉ် စက်တင်ဘာ ပထမ ပတ်မှ မေလပထမပတ်အထိ ရော် ဘာအစေးခြစ် လုပ်ငန်းကို လုပ် ကိုင်သော်လည်း ယခုနှစ်တွင် ရော်ဘာဈေးနှုန်း ကျဆင်းခြင်း၊ အပူချိန်မြင့်မား၍ အစေးထွက်မ ကောင်းခြင်းနှင့် အလုပ်သမားရှား ပါးခြင်းတို့ကြောင့် မတ်လကုန်၌ တစ်နိုင်တစ်ပိုင် ရော်ဘာခြံအချို့ လုပ်ငန်းရပ်နားခဲ့ကြောင်း ကမာစိုင်ကျေးရွာရှိ ရော်ဘာပြားရောင်း ဝယ်ရေးလုပ်ကိုင်သူ ဦးမြင့်စိုးက ပြောသည်။

‘‘ရန်ကုန်ဒိုင်ကြီးတွေချပေး တဲ့ ဈေးနှုန်းအတိုင်း နယ်မှာ လက် ခွဲဝယ်ပြီး တင်ပို့ပါတယ်။ ကိုယ်ပိုင် ခြံလည်းရှိပါတယ်။ ဒီနှစ်ရော်ဘာ ဈေးမတည်ငြိမ်တော့ ကျွန်တော် တို့လို အောက်ခြေဝယ်ရောင်းတွေ မှာ အခက်အခဲတွေရှိတယ်။ ကြို ပြီးတော့လည်း မဝယ်ရဲဘူး။ ဈေး က မငြိမ်တော့ ရန်ကုန်နဲ့ အမြဲ ချိတ်ဆက်နေရတယ်။ ကိုယ်ပိုင်ခြံ ကလည်း အလုပ်သမားခလောက် ပဲ ရတော့တာဆိုတော့ ဒီနှစ်မတ် လကုန်မှာပဲ ပိတ်လိုက်တယ်’’ဟု ၎င်းက ပြောသည်။

၂၀၁၂ က စတင်၍ ရော်ဘာ ဈေးကွက်မတည်ငြိမ်မှုကြောင့် ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက် ပျိုးသည့် ရော်ဘာစိုက်တောင်သူ များ စိတ်ပါဝင်စားမှုလျော့နည်း လာကြောင်း၊ အစေးအထွက်နည်း သည့် ပင်အိုပင်ဟောင်းများခုတ် လှဲမှုများလာပြီး ရော်ဘာ  အစားထိုး အခြားနှစ်ရှည်သီးနှံများ ပြောင်းလဲစိုက်ပျိုးကြောင်း ကမာစိုင်ကျေးရွာနေ ရော်ဘာခြံပိုင်ရှင် ဦးကျော်မြင့်က ပြောသည်။

 ‘‘ဒီနှစ် ရော်ဘာဈေးနဲ့က ဘယ်လိုမှ အဆင်မပြေဘူး။ အလုပ်သမားခနဲ့ စရိတ်တွေ ဖယ်လိုက်ရင် ကိုယ့်အတွက် တွက်ခြေမကိုက်ဘူး’’ဟု ၎င်းကပြောသည်။

ရော်ဘာခြံလုပ်ငန်းအတွက် အလုပ်သမားရရှိမှုခက်ခဲ၍ လုပ် ငန်းလုပ်ကိုင်လိုသူများကို အကျိုး အမြတ်တစ်ဝက်ပေးသည့်ပုံစံဖြင့်  ဆောင်ရွက်နေသော်လည်း တွက် ခြေမကိုက်သည့်အပြင် ရော်ဘာပင်ထိခိုက်သဖြင့် အစေးခြစ်ခြင်း ကို ပုံမှန်ထက်စော၍ ရပ်နားခဲ့ ကြောင်း ဘီးလင်းမြို့နယ် ရွှေအင်ဒုံကျေးရွာမှ ရော်ဘာခြံစိုက် တောင်သူ တစ်ဦးက ပြောကြားသည်။

More in Business Section