ပုသိမ်ကြီးမြို့နယ်တွင် မီးလောင်မှုကြောင့် နေအိမ်တစ်လုံးနှင့် ကားတစ်စီးပျက်စီး

မန္တလေးမြို့ ပုသိမ်ကြီး မြို့နယ်တွင် ဧပြီ ၅ ရက်နံနက်က လျှပ်စစ်မီးခုံအပူလွန်ကဲရာမှ မီး လောင်မှုဖြစ်ပွားခဲ့ပြီး နံကပ်နှစ် ထပ်နေအိမ်တစ်လုံးနှင့် ကားတစ် စီးမီးလောင်ပျက်စီးခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးသန်းနိုင်က ပြောသည်။ 

ပုသိမ်ကြီးမြို့နယ် နန္ဒာ တောင်ကျေးရွာရှိ နံကပ်နှစ်ထပ် နေအိမ်တစ်လုံးအပေါ်ထပ်ရှိ လျှပ်စစ်မီးခုံအပူလွန်ရာမှ စတင် လောင်ကျွမ်းခဲ့ကြောင်း မီးသတ် ဦးစီးဌာနမှတ်တမ်းများတွင် ဖော် ပြထားသည်။ 

အဆိုပါမီးလောင်မှုကြောင့် နံကပ်နှစ်ထပ် နေအိမ်အဆောက် အအုံအပြင် ဟာရီယာအဖြူရောင် ကားတစ်စီးနှင့် အတွင်းပစ္စည်းများ ပျက်စီးဆုံးရှုံးပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၇၅ သိန်းခန့် ရှိခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဌာနက သတင်းထုတ်ပြန်သည်။ 

မီးလောင်မှုနာရီဝက်ခန့်ကြာ ခဲ့ပြီး လောင်ကျွမ်းရာသို့ မီးသတ်ယာဉ် ၂၂ စီး၊ ရေသယ်ယာဉ် ရှစ်စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၅၀ ဦးနှင့် အရန်တပ်ဖွဲ့ဝင် ၁၃၀ က သွားရောက်ငြှိမ်းသတ်ခဲ့ကာ လူထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုမရှိဟုဆိုသည်။ အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ပိုင်ရှင်၏သားကို  သက်ဆိုင်ရာနယ်မြေရဲစခန်းတွင်   အမှုဖွင့်အရေးယူထားကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။