လှိုင်မြစ်အတွင်းရေယာဉ်နှစ်စီးတိုက်မိပြီး တစ်စီးနစ်မြုပ်

ဆီတင်တွဲရေယာဉ်နှင့် ကျောက်စရစ်တွဲရေယာဉ်တို့ တိုက်မိပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − Yangon Police)

လှိုင်မြစ်အတွင်းရှိ MIP ဆိပ်ကမ်းအနီး ဆီတင်တွဲရေ ယာဉ်နှင့် ကျောက်စရစ်တွဲရေ ယာဉ်တို့မျက်နှာချင်းဆိုင်တိုက်မိ ရာမှ  ကျောက်စရစ်တွဲရေယာဉ် နစ်မြုပ်ခဲ့သော်လည်း ထိခိုက်ဒဏ် ရာရသူ မရှိကြောင်းရန်ကုန်တိုင်း  ဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။ 

လှိုင်မြစ်အတွင်း အလုံအ ပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဘက် မှ ရေယာဉ်မှူး ဦးကျော်တင့် မောင်းနှင်သည့် ၀င်းပိုင်(၅) ဆီတွဲရေယာဉ်သည် ဧပြီ ၅ရက်  နံနက် ၁၀နာရီကျော်က MIP ဆိပ်ကမ်းအနီး အရောက်မျက်နှာ ချင်းဆိုင်မှ ရေယာဉ်မှူး ဦးအောင် ဌေးလင်း မောင်းနှင်လာသည့် ကျောက်စရစ်တွဲရေယာဉ် နှင့် တိုက်မိခဲ့ကြောင်း ၎င်းကပြော သည်။

ထိုသို့ တိုက်မိမှုကြောင့် အ လျား ၁၁၅ပေ၊ အနံ ၃၈ပေရှိ CB 395 ကျောက်စရစ်တွဲရေယာဉ် နစ်မြုပ်ခဲ့ကြောင်း ဆိပ်ကမ်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

၂၀၁၆မတ်လ ၁၀ရက် နံ နက်အစောပိုင်းကလည်း ရန်ကုန် မြစ်အတွင်းပင်လယ်ကူး သင်္ဘော  များကြိုးချည်ရပ်နားနိုင်ရန်ထားရှိ သည့် ရေလယ်ဘွိုင်ကို စက်တပ် သမ္ဗန်တစ်စီးက တိုက်မိပြီးနစ် မြုပ်ခဲ့သဖြင့် နှစ်ဦးပျောက်ဆုံးခဲ့ သည်။ 

ထို့အတူ ၂၀၁၇ဒီဇင်ဘာ ၂၀ရက် နံနက်အစောပိုင်းက လည်းဒလမြို့နယ် ကမ္ဘာဆစ် ဆိပ်ကမ်းမှ ရန်ကုန်မြစ်သို့ဖြတ် ကူးသည့် စက်တပ်သမ္ဗန်တစ် စီးနစ်မြုပ်ခဲ့သဖြင့် သမ္ဗန်မောင်း  နှင်သူအပါအ၀င် သုံးဦးပျောက် ဆုံးခဲ့မှုဖြစ်ပွားခဲ့သည်။