မော်လမြိုင်မြို့တွင် သမီးရည်းစားနှစ်ဦး ရေတွင်းထဲ ခုန်ချသေဆုံး

 မော်လမြိုင်တွင် သမီးရည်းစားနှစ်ဦး ရေတွင်းထဲခုန်ချသေဆုံးမှု ဧပြီ ၄ ရက်ညက ဖြစ်ပွားခဲ့ကြောင်း မုပွန်ရဲစခန်းမှူး ဒုရဲမှူးစိန်ဝင်းက ပြောသည်။

မော်လမြိုင်မြို့နေ အသက် (၁၇)နှစ်အရွယ် အမျိုးသားနှင့် နေရပ်စုံစမ်းဆဲ  (၁၅)နှစ် အရွယ်အမျိုးသမီးတို့သည် ဧပြီ ၄ ရက်ည ၉ နာရီကျော်က မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက် (၁၂)လမ်းရှိ အသုံးပြုခြင်းမရှိတော့သော ပေ ၂၀ ခန့်နက်သည့် ရေတွင်းထဲ သို့ ခုန်ချခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးသည် သမီးရည်း စားဖြစ်ဖွယ်ရှိပြီး ရေတွင်းထဲခုန် ချသေဆုံးရသည့် အကြောင်းရင်း ကို စုံစမ်းနေဆဲဖြစ်ကြောင်း ဒုရဲ မှူးစိန်ဝင်းက ပြောသည်။

‘‘ရေတွင်းက အုတ်စီထားတဲ့ ရေတွင်းအခိုင်အမာပဲ။ လူတွေ တော့ အသုံးမပြုတော့ဘူးလို့ ပြောတယ်။ အိမ်နားက လူက ၀ုန်းခနဲအသံကြားလို့ ထွက်ကြည့် တယ်။ သူ့ထွက်ကြည့်ချိန်မှာ ခုန် ချတဲ့လူတွေ မတွေ့တော့ဘူး။ ရေအောက်ထဲ ရောက်သွားပြီ။ အမြှုပ်ထပြီး ပလုံပလုံနဲ့ ရေသံတွေကြားရတယ်လို့   ပြောတယ်။ နောက်ပြီး သီရိမြိုင်ရပ်ကွက် အုပ် ချုပ်ရေးမှူးနဲ့ ကယ်ဆယ်ရေးအ ဖွဲ့တွေ ရောက်လာတော့ ရေထဲ ဆင်းဆယ်ကြတယ်။ ဘာပြဿ နာေ ကြာင့် ခုန်ချလဲမသိဘူး။ ပထ မတော့ ဆယ်လို့ရတယ်။ ကောင် မလေးကို သေလျက်ပဲ ပြန်ရတယ်။ ကောင်လေးက ဆေးရုံပို့ တဲ့ လမ်းမှာသေဆုံးတယ်’’ဟု ဒုရဲ မှူးစိန်ဝင်းက ပြောသည်။

သေဆုံးမှုကို မုပွန်နယ်မြေ ရဲစခန်းတွင် သေမှုသေခင်း အမှု ဖွင့်ထားပြီး ဒုရဲမှူးစိန်ဝင်းက စစ် ဆေးဆောင်ရွက်နေသည်။