မဲဆောက်-မြ၀တီကုန်သွယ်ရေး သုံးလအတွင်း ၁၀ ရာခိုင်နှုန်းခန့်ကျဆင်း

ထိုင်းနိုင်ငံနှင့် အဓိကနယ်စပ်ကုန်သွယ်ရာ မြ၀တီမြို့အနီးရှိ ဂိတ်ကိုတွေ့ရစဉ် (bangkokpost.com)

နယ်စပ်ကုန်သွယ်ရေး ဖြင့် မြန်မာနိုင်ငံမှ သကြားဝယ်ယူ မှုလျော့နည်းခြင်းကြောင့် ယခုနှစ် သုံးလအတွင်း မဲဆောက်- မြ၀ တီနယ်စပ်ကုန်သွယ်ရေး ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းခဲ့သည် ဟု ဧပြီ ၅ ရက်ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြသည်။

မြန်မာ၊ ထိုင်း နှစ်နိုင်ငံနယ် စပ်ကုန်သွယ်ရေးတွင်  ထိုင်းနိုင်ငံ မဲဆောက်မှ မြန်မာနိုင်ငံမြ၀တီ မြို့သို့ ပို့ကုန်ပမာဏသည် သုံးလ အတွင်း ထိုင်းဘတ်ငွေ ၁၉ ဒသမ ၂ ဘီလီယံတန်ဖိုးရှိပြီး ပြီးခဲ့သည့် နှစ်ကာလတူထက် ဘတ် ၃ ဒသမ ၇ ဘီလီယံခန့်လျော့နည်းကြောင်း မဲဆောက် အကောက်ခွန်ဦးစီး ဌာန အကြီးအကဲက ပြောကြား သည်။ မြ၀တီနယ်စပ်မှ သကြား တင်သွင်းမှုလျော့နည်းခြင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေး မူဝါဒအချို့ပြောင်းလဲမှုကြောင့် ဖြစ်သည်ဟု ပြည်ပမှသကြား တင်သွင်းနေသည့် စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံအပါအ၀င် ပြည် ပနိုင်ငံများမှ သကြားတင်သွင်းပြီး နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ် နိုင်ငံသို့ ရောင်းချနေခြင်းကို ၂၀၁၇ စက်တင်ဘာလကုန်ပိုင်း ကစတင်၍ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန က လိုင်စင်ထုတ်ပေးခြင်းမရှိပေ။

ပြည်ပမှ သကြားတင်သွင်း ပြီး တရုတ်နိုင်ငံသို့တင်ပို့ခြင်းကို ပြည်တွင်းမှ သကြားထုတ်လုပ် သည့်လုပ်ငန်းရှင်များနှင့် ဌာနအ ချို့၏ တောင်းဆိုမှုကြောင့် လိုင် စင်ထုတ်ပေးမှု ရပ်တန့်ခြင်းဖြစ် သည်ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝန်ကြီးဌာန ညွှန်ကြားရေး မှူးတစ်ဦးက ပြောသည်။

လက်ရှိမူဆယ်-ရွှေလီနယ် စပ်လမ်းကြောင်းမှ တရုတ်နိုင်ငံ သို့ သကြားတင်ပို့ရာတွင် မြန်မာ နိုင်ငံမှ ထုတ်လုပ်သည့်သကြား များကိုသာ အဓိကထားတင်ပို့နေ ရကြောင်း မူဆယ်မြို့မှ ကုန်သည် အချို့က ပြောသည်။

မူဆယ်၌ သကြားတစ်အိတ် ဈေးနှုန်းသည်ဧပြီ ၅ ရက်တွင် တရုတ်ငွေ ၁၈၈ ယွမ်(ကျပ် ၃၉,၄၀၀ ကျော်) ဈေးဖွင့်သည်။ တရုတ်ကုန်သည်များက မူဆယ် မြို့မှ နေ့စဉ် သကြားအိတ်ရေ ၂၀,၀၀၀ မှ ၃၀,၀၀၀ ကြား ၀ယ် ယူနေသည်ဟု ကုန်သည်များက ပြောသည်။

More in Business Section