မန္တလေးတွင် အချုပ်ကားပေါ်မှအဆင်း ထွက်ပြေးသောအချုပ်သားသုံးဦးကို မိနစ်ပိုင်းအတွင်း ပြန်လည်ဖမ်းမိ

မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ် တရားရုံးတွင် အမှု စစ်ဆေးရန် ရုံးထုတ်လာစဉ် အ ချုပ်သားသုံးဦး ထွက်ပြေးမှုဖြစ် ပွားခဲ့ပြီး မိနစ်ပိုင်းအတွင်း ပြန် လည်ဖမ်းဆီးရမိခဲ့ကြောင်း တရား ရုံး သတင်းပြန်ကြားရေးအရာရှိ နှင့်  မျက်မြင်တွေ့ရှိသူများက ပြောသည်။

မန္တလေး ဗဟိုအကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီး ခိုးမှု၊ လုယက်မှုဖြင့် အမှုရင်ဆိုင်နေရသော အချုပ်သားများကို ဧပြီ ၆ ရက် နံနက်က အချုပ်ကားဖြင့်  ရုံးထုတ်လာစဉ် တရားရုံးရှေ့ အရောက်၌ ထွက်ပြေးခဲ့ကြောင်း  ချမ်းမြသာစည်မြို့နယ်တရားရုံး  သတင်းပြန်ကြားရေး  အရာရှိဦးကျော်စွာလင်းက  ပြောကြားသည်။

‘‘အချုပ်ကားပေါ်ကနေ ရုံး ထဲကိုအသွင်းမှာ ဖြစ်သွားတာ။ လိုက်ဖမ်းတော့ ၁၅ မိနစ်အတွင်း ပြန်ဖမ်းမိတယ်။ လက်ထိတ်က အ ပေါ်ကနေ ဘယ်လိုပြုတ်သွားလဲ တော့ မသိပါဘူး။ တချို့ဆိုလက် ထိတ်တန်းလန်းနဲ့ ထွက်ပြေးသွား တယ်။ ကလေးတွေကတော့ ခိုးမှု၊  ယုယက်မှုတွေနဲ့ အမှုရင်ဆိုင်နေ တဲ့ ကလေးတွေပါပဲ’’ ဟု ၎င်းက ပြောသည်။

အချုပ်သားများသည် အ ချုပ်ကားပေါ်မှ အဆင်းတွင် ထွက်ပြေးခဲ့ပြီး တရားရုံးအနီးရှိ လဝကရုံးနှင့် ဘုန်းကြီးကျောင်းအ နီးအရောက်တွင် ဘေးဝန်းကျင်ရှိ ပြည်သူနှင့်ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း  မျက်မြင်တွေ့ရှိသည့်  အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါအချုပ်သားထွက် ပြေးမှုနှင့် ပတ်သက်၍ ချမ်းမြသာ စည်မြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍မရပေ။

ဧပြီ ၅ ရက်က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး လွှတ် တော် အစည်းအဝေးတွင် ချမ်းမြ သာစည်မြို့နယ် မဲဆန္ဒနယ်အ မှတ် (၁) လွှတ်တော်ကိုယ်စား လှယ် ဦးတင်အောင်က ချမ်းမြသာ စည်မြို့နယ် တရားရုံးကို တရား ရုံးအင်္ဂါရပ်နှင့်အညီ ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ တိုင်းဒေသ ကြီး တရားလွှတ်တော် တရားသူ ကြီးချုပ်ဦးစိုးသိန်းက  ချမ်းမြသာ စည်မြို့နယ် တရားရုံးအတွက် မြေ နေရာ လိုအပ်ကြောင်း၊ ရုံးထုတ် လာသည့်အခါနှင့် အများပြည်သူ ဝင် ထွက်သွားလာရန် လုံလောက် သည့် မြေနေရာပိုင်ဆိုင်ရန်လိုအပ် ကြောင်း၊ လုံလောက်သည့် မြေနေရာပိုင်ဆိုင်မှု ဆောင်ရွက်ပြီးပါက စီမံကိန်းချမှတ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားသည်။