မင်းလှတွင် ခရီးသည်တင်ယာဉ်တစ်စီး အပူလွန်ပြီးမီးလောင်

မီးလောင်ကျွမ်းခဲ့သော ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ − မင်းလှရဲတပ်ဖွဲ့)

မကွေးမြို့မှ မင်းလှ မြို့သို့ ပြေးဆွဲနေသည့်ခရီးသည် တင်ယာာဉ်တစ်စီးသည်အပူလွန် ကဲသဖြင့် မီးလောင်ကျွမ်းခဲ့ ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးမှတာဝန်ကျရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဧပြီ ၅ ရက်က မကွေး-မင်းဘူး-မင်းလှ လမ်းအတိုင်း မကွေးမြို့မှ မင်းလှသို့ ခရီးသည်နှင့် ကုန်စည်များ  တင်ဆောင်လာသည့် အောင်စစ်သည်ယာဉ်လိုင်းမှ ဟီးနိုးဘတ်စ်ကားသည် ၁၇ မိုင် ၃ဖာလုံနှင့် ၄ ဖာ လုံအကြား၌ မီးလောင်ကျွမ်းခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘ရဲတပ်ဖွဲ့၊ ထွေအုပ်နဲ့ မီး သတ်တပ်ဖွဲ့က သွားရောက် ငြှိမ်းသတ်ခဲ့တာပါ။ အင်ဂျင်ခန်း ကအပူရှိန်လွန်ကဲပြီးလောင်ကျွမ်း  မှုဖြစ်တာလို့ သိရပါတယ်။ လူ သေဆုံးထိခိုက်ဒဏ်ရာရတာ မရှိ ပါဘူး’’ ဟု မင်းလှမီးသတ်တပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယာဉ်နှင့်တင်ဆောင်လာ သည့် ကုန်စည်များမီးလောင်ဆုံး ရှုံးပြီး ကျပ် ၅၇ သိန်းကျော်ဆုံးရှုံးခဲ့ ကြောင်း ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်ကြောင့် မင်းလှ ရဲတပ်ဖွဲ့စခန်းက ယာဉ်မောင်းကို အမှုဖွင့်စစ်ဆေးနေသည်။