မန္တလေးကျုံးအတွင်း ငါးဖမ်းသူကို ကျပ်သုံးသောင်း ဒဏ်ရိုက်

ကျုံးအတွင်း ငါးခိုးဖမ်းသူကို အရေးယူထားစဉ် (ဓာတ်ပုံ - Ye Lwin FB)

 မန္တလေးကျုံးအတွင်း ငါးဖမ်းသူတစ်ဦးကို ကျပ်သုံး သောင်း ဒဏ်ရိုက်အရေးယူခဲ့ ကြောင်း စည်ပင်သာယာရဲတပ် ဖွဲ့ (မန္တလေး)မှ ရဲမှူး ငြိမ်းချမ်း အောင်က ပြောသည်။ 


ဧပြီ ၅ ရက် ညက မန္တလေးကျုံး ၇၃ လမ်းနှင့် ၂၆ လမ်းထောင့် တွင် ငါးဖမ်းနေသူတစ်ဦးကို ဖမ်း ဆီးရမိပြီး စည်ပင်သာယာအထူး တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကာ ဧပြီ ၆ ရက်တွင် စည်ပင်သာယာ ဥပဒေပုဒ်မ ၁၁၅ အရ ကျပ်သုံး သောင်း ဒဏ်ရိုက်အရေးယူခဲ့ သည်။ 

‘‘ကျုံးအတွင်းမှာ ငါးခိုးဖမ်း တာ၊ အဝတ်လျှော်တာ၊ အညစ် အကြေးစွန့်တာ စတဲ့ ကျုံးရေ ညစ်ညမ်းအောင်လုပ်တဲ့ ပြစ်မှု တွေကို စည်ပင်သာယာဥပဒေပုဒ် မ ၁၁၅ အရ တရားစွဲဆိုအရေးယူ ပါတယ်’’ဟု ရဲမှူးငြိမ်းချမ်းအောင် က ပြောသည်။ 

ယခင်က ကျုံးပတ်လည် သံ ပန်းများတွင် ငါးမဖမ်းရ၊ အညစ် အကြေးမစွန့်ရဆိုသည့် သတိပေး ဆိုင်းဘုတ်များ တပ်ဆင်ထား သော်လည်း ဖျက်ဆီးခံရမှုများ ကြောင့် အချို့မရှိတော့ကြောင်း၊ လက်ရန်းအသစ်များတပ်ဆင်ပြီး ပါက သတိပေးဆိုင်းဘုတ်များ ပြန်လည်တပ်ဆင်နိုင်ရန် ဆောင် ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ 

မန္တလေးကျုံးရေကို သောက် ရေ၊ သုံးရေအဖြစ် အများပြည်သူ အသုံးပြုနိုင်ရန် စည်ပင်သာယာ က ဖြန့်ဝေနေသည်။