ဟံသာဝတီလေဆိပ်စီမံကိန်းမြေကွက်အတွင်း ဦးခေါင်းမီးရှို့ခံရသော အမျိုးသမီးတစ်ဦး အလောင်းတွေ့

ပဲခူးမြို့ ဟံသာဝတီ လေဆိပ်စီမံကိန်းမြေကွက်လပ် အတွင်း ထိုးသွင်းဒဏ်ရာများ အပြင် ဦးခေါင်းမီးရှို့ခံထားရသည့် အမျိုးသမီးတစ်ဦး အလောင်းကို ယမန်နေ့က တွေ့ရှိခဲ့ကြောင်းပဲခူးမြို့ အမှတ် (၃) နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသမီးသည် ပဲခူးမြို့  နန်းတော်ရာရပ်ကွက် အင်းဝင်(၂)လမ်းနေ အသက်(၃၀)ခန့်အရွယ် မဝင်းမော်ဆိုသူဖြစ်ပြီး အသတ်ခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ တ ရားခံကို စုံစမ်းနေကြောင်းရဲအရာရှိက ပြောသည်။

ဧပြီ ၆ ရက် နံနက်က ပဲခူး မြို့ ဥဿာမြို့သစ်ရပ်ကွက်ကြီး (၅)၊ လေဆိပ်စီမံကိန်းမြေကွက်လပ်တွင် အလောင်းတွေ့ရှိကြောင်းသတင်းရရှိ၍ သွားရောက်စစ်ဆေးရာ အမျိုးသမီးတစ်ဦး ဦးခေါင်းမီးလောင်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ ကြောင်း ၎င်းကရှင်းပြသည်။

ထို့နောက် အလောင်းကို စစ်ဆေးရာ ဦးခေါင်းမီးလောင် ဒဏ်ရာအပြင် ရင်ဘတ်တွင် ထိုး သွင်းဒဏ်ရာ လေးချက်ရရှိကာ သေဆုံးနေသည်။

ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၇အတွင်း လူသတ်မှု ၁၄ မှုဖြစ်ပွားပြီး  လုယက်မှုနှစ်မှု၊ မုဒိမ်းမှု ၁၀ မှု ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့က   သတင်းထုတ် ပြန်ထားသည်။