ယာဉ်တိုက်မှုကြောင့် ညဈေးတန်းရှိ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ကမ်းနားလမ်းအတိုင်း မောင်းနှင်လာသည့် ကင်တာ ယာဉ်တစ်စီး အရှိန်လွန်ပြီး လမ်းဘေးရပ်ထားသည့် ကားကိုတိုက် မိရာမှ ညဈေးတန်းအတွင်းရှိ အသက် (၄၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းအ မှတ်(၂)ယာဉ် ထိန်းတပ်ဖွဲ့ခွဲမှူးရုံး မှ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။

ကမ်းနားလမ်းအတိုင်း  (၄၇)နှစ်အရွယ် ယာဉ်မောင်းတင်မောင်ရီမောင်းနှင်လာသော ကင်တာ ခြောက်ဘီးယာဉ်သည် ဧပြီ ၅ ရက် ည ၈ နာရီခန့်က လမ်းမတော်၆ လမ်းထိပ်မှ ညဈေးတန်းသို့ အရောက်တွင် အရှိန်လွန်ကာလမ်းညာ ဘက်ခြမ်း၌ရပ်ထား သည့် ဟွန်ဒါဖစ်ယာဉ်ကို စတင် တိုက်မိခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ထို့နောက် ညဈေးတန်းကို ကာရံထားသည့် ကွန်ကရစ်တုံး များကို ဆက်တိုက်မိကာ ညဈေး တန်းအတွင်း အကြော်ရောင်းနေ သည့် (၄၉)နှစ်အရွယ် ဒေါ်သန်းသန်းဝင်းကို ထပ်မံတိုက်မိပြီး စည်ပင်ရေပိုက်ကို နောက်ဆုံးတိုက်မိ ခဲ့ကြောင်း ရဲအရာရှိက ဆိုသည်။

ဒေါ်သန်းသန်းဝင်း၏ ဦးခေါင်း၊ နဖူး၊ ဘယ်ဘက်နား၊ ကျောနှင့် ဘယ်ဘက်ပေါင်တို့တွင် ဒဏ်ရာများရရှိသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် တင်ပို့ကုသထားပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေရှိကြောင်း အမှုဖွင့်တိုင်ကြားချက်၌ ဖော်ပြထား သည်။

တင်မောင်ရီကို  လမ်းမတော်မြို့မရဲစခန်းက ပေါ့လျော့မှုကြောင့် အပြင်းအထန် နာကျင်စေမှုပုဒ်မ ၃၃၈၊ ယာဉ်မဆင်မခြင်မောင်းနှင်မှုပုဒ်မ ၂၇၉ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။