ကျပ်သိန်း နှစ်ထောင်ကျော် အကုန်ကျခံရိုက်ထားတဲ့ Reflection ရုပ်ရှင်

 မင်းသမီး လေးဦး အဓိကပါဝင်သရုပ်ဆောင်ထားသည့် Reflection ဇာတ်ကား၏ The Gala Show ကို သမ္မတရုပ်ရှင်ရုံ၌ ယမန်နေ့ ညနေက ခမ်းခမ်းနားနားပြုလုပ်ခဲ့သည်။

ယင်းဇာတ်ကားသည် ဖက် ရှင်နှင့် အက်ရှင်ကို အထူးဦးစား ပေးရိုက်ကူးထားသည့် ဇာတ်လမ်းဖြစ်သည့်အလျောက် အထူးပွဲတွင်လည်း ယင်းဇာတ်ကားတွင်ပါဝင် သည့် မင်းသမီးများက ဖက်ရှင် အသားပေးဝတ်စုံများဝတ်ဆင် ၍ ပွဲထွက်လာခဲ့သည်။

နောက်ပိုင်းတွင် ဇာတ်ကားများကို ရုံတင်မပြသမီ Red Carpet Show အနေဖြင့် ပြုလုပ်သည့် ယဉ်ကျေးမှုဖြစ်လာသလို ယင်းဇာတ်ကားများအကြား Reflection ၏ The Gala Show ကလည်း ထူးထူးခြားခြားဖြစ်ခဲ့သည်။

ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော် ဇင်၊ ၀တ်မှုံရွှေရည်နှင့် ပက်ထရစ် ရှာတို့ လေးဦးက ယင်းဇာတ်ကား တွင် ကိုယ်ပိုင်ဖက်ရှင်ဒီဇိုင်နာများ နှင့် သေချာပြင်ဆင်ရိုက်ကူးပြီး ယင်းဇာတ်ကား ကုန်ကျစရိတ် ကျပ် သိန်းနှစ်ထောင်ကျော်ရှိကြောင်း ထုတ်လုပ်သူ အိန္ဒြာကျော်ဇင်က ပြောသည်။ ‘‘ပရိသတ်အားပေးမှုကိုတော့၁၀၀ ရာခိုင်နှုန်းမျှော်လင့်တယ်။ ဒီကားက လုံးဝ Perfect ဖြစ်တယ် လို့ မပြောပါဘူး။ Perfect ဖြစ်ချင် မှလည်း ဖြစ်မှာပါ။ ဒါပေမဲ့ အား လုံးကြိုးစားထားတယ်။ ရုပ်ရှင် ကားကြီးတွေက များသောအားဖြင့် သိန်း တစ်ထောင်ကျော်ပတ် ချာလည်လောက်မှာ များသော အားဖြင့် သွားကြတယ်။ ဒါပေမဲ့ အူဝဲစေတနာအရင်းခံပြီး နှစ် ထောင်ကျော်အကုန်အကျခံပြီး စေတနာနဲ့ လုပ်ထားတယ်’’ဟု အိန္ဒြာကျော်ဇင်က ပြောသည်။

ယင်းဇာတ်ကားကို မြန်မာ နှစ်ဆန်းတစ်ရက် (ဧပြီ ၁၇ ရက်) တွင် ရန်ကုန်-မန္တလေးအပါအ၀င် နယ်မြို့ရှိ ရုပ်ရှင်ရုံများ၌ တစ်ပြိုင်တည်းရုံတင်ပြသမည် ဖြစ်သည်။