မင်္ဂလာဦးဆွမ်းကျွေးအလှူပြုလုပ်ခဲ့တဲ့ စိုးရန်အောင်နဲ့ သက်သခင်

သရုပ်ဆောင်စိုးရန် အောင်နှင့်သက်သခင်တို့၏ မင်္ဂ လာဦးဆွမ်းကျွေးကို ဧပြီ ၆ ရက် နံနက်က ရန်ကုန်မြို့ကိုးမိုင်ရှိ အောင်မြေဘုံသာ သျှမ်းကျောင်း တိုက်တွင် ပြုလုပ်ခဲ့သည်။

‘‘သင်္ကြန်နားနီးမှ မင်္ဂလာ ဆောင်တာမဟုတ်ပါဘူး။ လူကြီး တွေရွေးပေးထားတာပါ’’ ဟု သ ရုပ်ဆောင်သက်သခင်က ပြော သည်။မေလ၅ ရက်တွင် နိုဗိုတယ် ဟိုတယ်၌ ဘိသိက်မင်္ဂလာပြုလုပ် မည်ဖြစ်ပြီး ၆ ရက်တွင် ညစာ စားပွဲပြုလုပ်မည်ဖြစ်သည်။

ဟန်းနီးမွန်းခရီးစဉ် စီစဉ် နေဆဲဖြစ်ပြီး သရုပ်ဆောင်စိုးရန် အောင်သည် အနုပညာအလုပ် ဆက်လုပ်မည်ဖြစ်သော်လည်း ၎င်းကအနုပညာထက်စီးပွားရေး ကို ဦးစားပေးဆောင်ရွက်မည်ဟု သက်သခင်ကပြောသည်။

‘‘ညီမတို့နှစ်ယောက် Pizza ဆိုင်လေးလည်းဖွင့်ထားပါတယ်။ တခြားအလုပ်လည်းလုပ်ဖို့ စဉ်း စားနေပါတယ်’’ ဟု သက်သခင် ကပြောသည်။

၎င်းတို့နှစ်ဦး ချစ်သူသက် တမ်းကိုးနှစ်နှင့် နှစ်လပြည့်တွင် မင်္ဂလာဦးဆွမ်းကျွေးပြီး ၂၀၁၇ နိုဝင်ဘာ ၉ ရက်က အင်းလျား လိပ်ဟိုတယ်တွင် နှစ်ဖက်မိဘ များရှေ့ စေ့စပ်ကြောင်းလမ်းပွဲပြုလုပ်ခဲ့သည်။