ဂျပန်နိုင်ငံမှာ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်မယ့် Girls' Generation အဖွဲ့ဝင်တေယွန်

Girls’ Generation အဖွဲ့ဝင်တေယွန်သည် ဂျပန်နိုင်ငံ တွင် ပထမဆုံးတစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်မည်ဖြစ်သည်။

အသက် (၂၉)နှစ်အရွယ် တေယွန်သည် ‘Taeyeon- Japan show Case Tour 2018’ ဖျော်ဖြေပွဲကို ဇွန်လ ၁၅ရက်တွင်  စတင်ဖျော်ဖြေမည် ဖြစ်ကြောင်း SM Entertainment ကုမ္ပဏီက ကြေညာသည်။

တေယွန်သည် ဇွန်လ၁၅ ရက်တွင် ဖူကူကာမြို့၌ ပထမဆုံး ဖျော်ဖြေမည်ဖြစ်ပြီး ၁၉ ရက်၌ နာဂိုယာမြို့၊ ၂၀ရက် တွင် တိုကျိုမြို့နှင့် ၂၉ရက် တွင်  အိုဆာကာမြို့၌ နောက်ဆုံးပိတ် ဖျော်ဖြေမည်ဖြစ်သည်။

ထို့ပြင်တေယွန်သည် ‘SM Town Live World Tour VI in Dubai’ ဖျော်ဖြေပွဲအတွက် ဧပြီ ၆ ရက်တွင်ဒူဘိုင်းမြို့သို့ သွား ရောက်ဖျော်ဖြေသည်။

တောင်ကိုရီးယား၏ အ အောင်မြင်ဆုံး ကေပေါ့ပ် အမျိုး သမီးအဆိုတော်အဖွဲ့ Girls’ Generation နှင့်အတူ နာမည် ကျော်ကြားလာသော တေယွန် သည် တစ်ကိုယ်တော်ဂီတ လှုပ်ရှားမှုများတွင် ပရိသတ် အားပေးမှု အများအပြားရရှိခဲ့ သည်။                       allkpop