ပုဂံ၊ ညောင်ဦးရှိ ခွေးနှင့် ကြောင်များကို ခွေးရူး ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်

 ပုဂံ၊ ညောင်ဦးမြို့ရှိ ခွေး၊ ကြောင်အကောင်ရေ နှစ်သောင်းခန့်ကို ဧပြီ ၂၈ ရက်က စ၍ ခွေးရူး ရောဂါကာကွယ်ဆေး အခမဲ့ထိုး နှံမည်ဟု မင်္ဂလာမြန်မာ အုပ်ချုပ် မှုဒါရိုက်တာ ဦးဖုန်းဝင်းက ပြော သည်။

မင်္ဂလာမြန်မာသည် မတ်လ ၃ ရက်ကစ၍ ဧပြီ ၄ ရက်အထိ နေပြည်တော်လယ်ဝေးမြို့နယ်ရှိ ခွေးနှင့် ကြောင်အကောင်ရေ ၃၅,၀၀၀ ခန့်ကို ခွေးရူးရောဂါကာ ကွယ်ဆေး အခမဲ့ ထိုးနှံပေးပြီး လယ်ဝေးမြို့နယ်တွင် ယခင်က ခွေးရူးရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံကာ ယင်းဒေသရှိ ခွေး၊ ကြောင်များ ခွေးရူးရောဂါကင်း စင်သည့် အဆင့်ရောက်ရှိနေ ကြောင်း ၎င်းက ဆိုသည်။

‘‘ခွေးရူးရောဂါ ကာကွယ် ဆေးက  သုံးနှစ်ဆက်တိုက်ထိုးရင် ရောဂါပိုးကင်းစင်တယ်။ အပြင် မှာထိုးရင် ဆေးတစ်လုံး ၉,၀၀၀ ပေးရတယ်။ သုံးကြိမ်ထိုးရတယ်။ ကျွန်တော်တို့က အခမဲ့ထိုးပေးတာ ပါ’’ ဟု ဦးဖုန်းဝင်းက ပြောသည်။

ပြီးခဲ့သည့် ၂ နှစ်က လယ်ဝေးမြို့နယ်ရှိ ခွေး၊ ကြောင်များကို သြစတြေးလျအစိုးရအကူအညီ ဖြင့် ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးသော်လည်း ယခုနှစ်တွင် မင်္ဂလာမြန်မာနှင့် အစိုးရတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မင်္ဂလာမြန်မာမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

ခွေးရူးရောဂါကာကွယ်ဆေး ကို နေပြည်တော်၊ လယ်ဝေး၊ ပုဂံ ညောင်ဦး၊ မှော်ဘီ၊ ကျောက်ဖြူ တို့တွင် စတင်ထိုးနှံပေးရန် ဆောင် ရွက်နေပြီး မြန်မာနိုင်ငံရှိ ခွေး၊ ကြောင် စုစုပေါင်း အကောင်ရေ တစ်သိန်းထိ ထိုးပေးရန် ရည်ရွယ် ထားကြောင်း ဦးဖုန်းဝင်းက ပြော  သည်။

‘‘နွေရာသီဆို ခွေးရူးရောဂါ တွေ ခွေးတွေမှာ တော်တော်ဖြစ် တယ်။ နောက် ခွေးကိုက်ခံရပြီ ဆိုရင် ၂၄ နာရီအတွင်း ခွေးရူး ရောဂါကာကွယ်ဆေးထိုးရမယ် ဆိုတာလည်း သိတဲ့သူနည်းတယ်။ ဆေးထိုးရမယ်လို့တော့ သိတယ်။ ကာလသတ်မှတ်ချက်မသိကြတာ  အခုလို ခွေးရူးရောဂါကာကွယ် ဆေး အခမဲ့ လိုက်ထိုးပေးတာ ကောင်းပါတယ်’’ဟု ညောင်ဦးမြို့ နယ်မှ မအိအိက ပြောသည်။