ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိကဆေးခန်းတစ်ခုကို ဥပဒေနှင့်အညီ ဆေးကုသမှုမရှိ၍ အရေးယူမည်ဟု တိုင်းအစိုးရထုတ်ပြန်

လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့်အဖွဲ့ ရှောင်တခင်ဝင်ရောက်စစ်ဆေးနေစဉ် (ဓာတ်ပုံ − Yangon Region Government)

ရန်ကုန်တိုင်းရှိ ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် တရားမဝင် ဆေးကုသမှုနေသည်ဟု ယူဆရ သော တရုတ်နိုင်ငံသားပတ်စ်ပို့ကိုင်ဆောင်ထားသူ တစ်ဦးနှင့် FDA ထောက်ခံချက် မရရှိသေးဟု ယူဆရသော ဆေးဝါးနှင့် စက်ပစ္စည်းများကို တွေ့ရှိသော ကြောင့် ဥပဒေနှင့်အညီ အရေးယူ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်း ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံ လင်း ဦးဆောင်၍ ကြည့်မြင်တိုင် မြို့နယ်ရှိ စင်ကာပူဆေးခန်း၊ လမ်းမတော်မြို့နယ်ရှိ Sun Clinic (နေဝန်း) ဆေးခန်း၊ ဗိုလ်တထောင်မြို့နယ်ရှိ တိုကျိုဆေးခန်းနှင့် လသာမြို့နယ်ရှိ Thailand ဆေးခန်းတို့ကို ဧပြီ ၆ ရက်က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးစဉ် လမ်းမ တော်မြို့နယ်ရှိ Sun Clinic (နေဝန်းဆေးခန်း)၌ တရားမဝင်ကုသမှု ပေးနေသည်ဟု ယူဆရသော တရုတ်နိုင်ငံသားပတ်စ်ပို့ ကိုင် ဆောင်သူတစ်ဦးနှင့် FDA ထောက်ခံချက် မရရှိသေးဟု ယူဆရသော ဆေးဝါးနှင့် စက်ပစ္စည်းများ တွေ့ရှိခဲ့သည်။

ထို့ကြောင့် အမျိုးသားဆေး ဝါးဥပဒေ၊ ပုဂ္ဂလိကဆေးခန်းဥပ ဒေအပြင် မြန်မာနိုင်ငံဆေးကောင် စီ ဥပဒေများဖြင့် တရားစွဲဆို အ ရေးယူနိုင်ရေး ဆောင်ရွက်နေ ကြောင်း အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

‘‘အဲဒီဆေးခန်းက ဖွင့်ထား တာတော့ နည်းနည်းကြာပါပြီ။ တခြားပုဂ္ဂလိက ဆေးခန်းတွေ လည်းရှိတယ်။ အစိုးရအဖွဲ့က တော့ အဲဒီတစ်ခုပဲဝင်စစ်တာ’’ဟု လမ်းမတော်မြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းကပြောသည်။

အဆိုပါ ပုဂ္ဂလိကဆေးခန်း များသို့ တရားမဝင်နိုင်ငံခြားသား ဆေးကုသသူများ တရားမဝင် ဆေးကုသပေးခြင်း ရှိ၊ မရှိ၊ ပုဂ္ဂလိ က ကျန်းမာရေးလုပ်ငန်းလိုင်စင် ရှိ၊ မရှိ၊ ပုဂ္ဂလိကကျန်းမာရေးလုပ် ငန်းဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်း ငယ်က မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် တရားဝင် ဆေးကုသခွင့်လိုင်စင် မရှိဘဲ ပြည်သူလူထုကို လိမ်လည်လှည့်ဖြား၍ ဥပဒေမဲ့ ဆေးဝါးကုသနေသော ရမ်းကုများကို စစ်ဆေးကြပ်မတ် အရေးယူပေးရေးအဆို တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် များ မဲခွဲဆုံးဖြတ်ချက်အရ ရှုံးနိမ့်ခဲ့သည်။