Play store နှင့် iTunes တို့တွင် ဂိမ်းနှင့် အက်ပ်များ ၀ယ်ယူရာ၌ M-Pitesan ဖြင့် ငွေချေနိုင်

 Play store နှင့် iTunes တွင် ဂိမ်းနှင့် အက်ပလီကေးရှင်းများ ၀ယ်ယူသည့်အခါ ငွေပေးချေနိုင်ရန် ကြားခံအနေဖြင့် ၀န်ဆောင်မှုပေးအပ်မည်ဟု M- Pitesan က ကြေညာခဲ့သည်။

 M - Pitesan အသုံးပြုသူ များသည် အကောင့်အတွင်း ထည့်သွင်းထားသည့် ကျပ်ငွေကို ဒစ်ဂျစ်တယ် ငွေပေးချေမှုတွင် အသုံးပြုနိုင်သည့် ကူပွန်အဖြစ် ပြောင်းလဲ၍ Playstore နှင့် iTunes ရှိ ဂိမ်းနှင့် အက်ပလီကေး ရှင်းများအတွက် ကျသင့်ငွေကို ပေးချေခြင်း ဖြစ်သည်။


ကြားခံဝန်ဆောင်မှုအတွက် အခကြေးငွေကောက်ခံမည်မ ဟုတ်သော်လည်း ကျပ်ငွေနှင့် ဒေါ်လာအကြား ငွေကြေးလဲလှယ် မှုနှုန်းထားကို ဗဟိုဘဏ်၏ငွေ ကြေးလဲလှယ်မှုနှုန်းဖြင့် ဖြတ်တောက်မည်ဟု အူရီးဒူးပြန်ကြား ရေးတာဝန်ခံ ဒေါ်မေမျိုးဟန်က ပြောသည်။

Play store နှင့် iTunes တို့ သည် ဂိမ်းနှင့် အက်ပလီကေးရှင်း များရယူလိုသည့်အခါ တိုက်ရိုက် ငွေပေးချေနိုင်ခြင်း မရှိသဖြင့် စတိုးဆိုင်အချို့တွင် ရောင်းချ သည့် ကြားခံကူပွန်များ ၀ယ်ယူ အသုံးပြုရကြောင်း iTunes ၌ ဂိမ်းဝယ်ယူအသုံးပြုခဲ့သူ ကိုဝေယံက ပြောသည်။

 M-Pitesan အနေဖြင့် Play store နှင့် iTunes တို့တွင် ဂိမ်းနှင့် အက်ပလီကေးရှင်းများ ၀ယ်ယူရန် ကြားခံဝန်ဆောင်မှု ပေးအပ်ခြင်းသည် ပြင်ပတွင် ရောင်းချနေသည့် ကူပွန်များနှင့် ဈေးနှုန်းကွာခြားခြင်းရှိ၊ မရှိ စောင့်ကြည့်ရန်လိုအပ်ကြောင်း iTunes ကို ကူပွန်ဖြင့်အသုံးပြုသူ ကိုမြတ်သူက ပြောသည်။

အူရီးဒူးသည် CB ဘဏ်နှင့် ပူးပေါင်း၍ ဒစ်ဂျစ်တယ်ငွေကြေး ဆိုင်ရာဝန်ဆောင်မှုဖြစ်သော M- Pitesan ၀န်ဆောင်မှုကို ၂၀၁၇ စက်တင်ဘာတွင် စတင်မိတ် ဆက်ခဲ့သည်။ အဆိုပါ ငွေကြေး ၀န်ဆောင်မှုလုပ်ငန်း လည်ပတ်ရန်ကျပ်သန်း ၃၀၀ ရင်းနှီးမြှုပ်နှံထားကြောင်း ၀န်ဆောင်မှုဌာနအကြီးအကဲ Mr.Jacques က ပြောသည်။

‘‘အပြင်မှာက ရှင်းတယ်။ ပိုက်ဆံပေးလိုက်ပြီးရော။ M- Pitesan ဆိုရင် သူတို့ဆင်းမ်ကတ် သုံးရမယ်။ အကောင့်ဖွင့်ရဦး မယ်။ ပြီးရင်လည်း ပိုက်ဆံက ကြိုဖြည့်ထားရဦးမယ်။ ဒီတော့ ဈေးမသက်သာဘူးဆိုရင် အဆင် မပြေလောက်ဘူး’’ဟု ကိုမြတ်သူ ကပြောသည်။

မိုဘိုင်းအခြေပြုငွေကြေး လွှဲ ပြောင်းဝန်ဆောင်မှုကို တယ်လီ နောနှင့် ရိုးမဘဏ်က Wave Moneyအမည်ဖြင့် ၂၀၁၆ က စတင်ဝန်ဆောင်မှုပေးခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၇ ဒသမ ၂ သန်းရှိပြီး တယ်လီနောက ၅၁ ရာခိုင်နှုန်းနှင့် ရိုးမဘဏ်က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။