မိုးကုတ်မြို့မှာ ပွဲတော်နှင့် တိုးတိုက်မိခြင်း

အခြားမြို့များနှင့် ကင်းလွတ် ကွာဝေးနေသကဲ့သို့ ကျွန်တော်ခံစားရ၏။

မိုးကုတ်။

အဖိုးတန် ပတ္တမြားများထွက် သဖြင့် ပတ္တမြားမြေဟု ထင်ရှား သော မိုးကုတ်မြို့။

ဒယ်အိုးတစ်လုံးထဲတွင် ကျွန်တော်ရောက်ရှိနေသည်။

ကျွန်တော်ရယ်၊ ပန်းချီဆရာ မူးမူးရယ်၊ ထုတ်ဝေသူ ကိုဖြိုးရယ် ကားကလေးတစ်စီးနှင့် လာခဲ့ကြ သည်။ ပွဲတော်ရှိလို့ လာခဲ့တာ တော့ မဟုတ်ပါ။

မေမြို့မှ မိုးကုတ်သို့ ဖောက် လုပ်ထားသော လမ်းအတိုင်း မောင်းလာခဲ့ကြသည်။


‘‘ဓားပြတော့ တိုက်တတ်တယ်။ ပါသမျှ အကုန်မယူပါဘူး။ တစ်သောင်းလောက်ပေးလိုက် ရင်ရပါတယ်။ မောင်းရခက်တဲ့ အကွေ့လေးတွေမှာ ရပ်ပြီး တား တတ်တယ်’’

မိုးကုတ် နှစ် (၈၀၀)ပြည့်ပွဲတော်ရက်မို့ ကားမပြတ်လှပါ။ရှုခင်းများကလှသည်။ ငါးထောင် (သို့မဟုတ်) တစ်သောင်းတောင်းသူမှာ မည်သည့်သေနတ်ပါသနည်း။ မည်သို့ပင်ဖြစ်စေ ထိုသို့သေနတ်ပြ တောင်းလျှင်လည်း ငါးထောင် (သို့မဟုတ်)တစ်သောင်းကို ပေးလိုက်ရန် အဆင်သင့်ပါ။ ညနေစောင်းမှာ မိုးကုတ်မြို့ထဲသို့ ကျွန်တော်တို့ ကားကလေးနှင့် ၀င်လာသည်။

ပွဲတော်မတိုင်မီ ကြိုတင် ရောက်နေသည်။ ဟိုတယ်တွေ မများလှပါ။ ဟိုတယ်ကြီးများမှာ ပြည့်နေပြီ။ မြို့အစွန် မင်းတံတားရပ်က ဟိုတယ်သေးသေးလေးမှာ ကံကောင်းစွာ နေထိုင်ခွင့်ရခဲ့၏။ လူထုစားသောက်ဆိုင်မှာ ကြက် ချိုချဉ်၊ ၀က်နံကင်၊ ဂေါ်ရခါးညွန့် ကြော်နှင့် ထမင်းစားကြ၏။ ဟိုး ခေတ်ကတည်းက အစဉ်အလာရှိ သော လူထုစားသောက်ဆိုင်။ နောက်ရက်တွေမှာတော့ ရန်ကုန် မှလာသော ဧည့်သည်များနှင့် လူထုစားသောက်ဆိုင်မှာ ကျယ် ၀န်းပါလျက် ပြည့်လျှံနေတော့၏။ မိန်းကလေးများက Rဇာနည်နှင့် ဓာတ်ပုံတွဲရိုက်ကြ။

ရန်ကုန်သို့ရောက်နေသော မိုးကုတ်သူ၊ မိုးကုတ်သားများက လည်း လူထုစားသောက်ဆိုင်မှာ ညစာလာစားကြ၏။ မိုးကုတ်မှာ ပြန်ဆုံကြသည်။ လူထုမှာ ပြန်ဆုံ ကြသည်။ ပျော်စရာကြီးဖြစ် သည်။ ကျွန်တော်တို့မှာ ကိုယ်နှင့် စိမ်းသောမြို့ကလေးသို့ ရောက်ရှိ နေရသည်။ လူထုစားသောက် ဆိုင်မှာ ဟင်းသုံးပွဲမှာထားရာ သုံး နာရီစောင့်ရ၏။ စိတ်ရှည်ရှည် စောင့်သည်။ စားလို့ကောင်းလှ၏။

 ရေပူဆရာတော်ကို ကျွန် တော်သွားရောက်ကန်တော့ပါ သည်။ ဆရာတော်မှာ ယခင်နှစ် က တရားရုံးရောက်ခဲ့ရဖူး၏။ ယခုတော့ လွတ်လပ်ပြီ။ ကျောင်းတိုက်အကြီးကြီးမှာ ဆောက်လက်စဖြစ် သည်။ သိန်းပေါင်း ၄,၇၀၀ ခန့်မှန်းထားသည်။ ဆရာတော်က လော လောဆယ်ကျောင်းဟောင်းတွင် သီတင်းသုံးနေ၏။ ရှေးဘုရားရုပ် ပွားတော် တစ်ဆူကို ထူးခြားသော မုဒြာဖြင့် တွေ့ရ၏။ လူအမျိုးမျိုး က ထိုဘုရားကိုသာဝယ်နေကြ သော်လည်း ရေပူဆရာတော်က ရောင်းမှာ မဟုတ်ပါ။ မှားယွင်း သော စွပ်စွဲချက်ဖြင့် ရေပူဆရာ တော်သည် ယခင်အစိုးရလက် ထက်တွင် တရားရုံးသို့ ရောက်ခဲ့ ရဖူး၏။ ထိုအမှုအခင်းမတိုင်မီက ပင် ရေပူဆရာတော်နှင့် ကျွန် တော်သည် ရင်းနှီးစွာကြုံဆုံဖူးပါ သည်။ စစ်မှန်သော နိုင်ငံရေးနှင့် တည့်မတ်သော တရားစီရင်မှုကို လိုလားသော ရေပူဆရာတော်ဖြစ် ကြောင်း ကျွန်တော်သိခဲ့ပြီး ဖြစ်ပါ သည်။

မိုးကုတ်မြို့သို့ ယခင်က လည်း ကျွန်တော်ရောက်ခဲ့ဖူးပါ သည်။ အခြားဘုန်းကြီးကျောင်း၊ အခြားလူနေအိမ် အချို့တွင် လည်း ရှေးဟောင်းဘုရားရုပ်ပွား တော်၊ ရှေးဟောင်းရတနာပစ္စည်း များ၊ ရှေးဟောင်းရတနာသေတ္တာ စသည်ဖြင့် ထူးဆန်းသော အရာ များရှိနေနိုင်ပါသည်။ မိုးကုတ်မြို့ သို့ ရောက်ရှိတိုင်းပင် မြို့အတွင်း တစ်နေရာ (သို့မဟုတ်) နေရာများစွာတွင် ထူးဆန်းသော မှော်တစ်ခုခုက လျှို့ဝှက်ပုန်းကွယ်နေသလိုလို ကျွန်တော်ခံစားရပါသည်။ မြို့ သည် သူ့အလိုလို ဂမ္ဘီရဆန်နေပါ သည်။

ရွှေအစစ်ဖြင့် သွန်းလောင်း ထားသော ဖောင်တော်ဦးဗုဒ္ဓရုပ် ပွားတော်မြတ် နှစ်ဆူကို ကုန်း တော်ပေါ်သို့ ကျွန်တော်တက်၍ ဖူးသည်။ ဖွေးဖွေးလည်း ဘုရားဖူး ရန် ကုန်းတော်ပေါ်သို့ ရောက်ရှိ လာတာကို ကျွန်တော်တွေ့လိုက် ရသည်။ ကျွန်တော့်အဖို့မူ ဖောင် တော်ဦးရုပ်ပွားတော်ဖူးမြော်ကြည် ညိုရေးကသာ အရေးကြီးနေပါ သည်။ ဉာဏ်တော်အမြင့်အတူတူ ရွှေသားအတိ ရုပ်ပွားတော် နှစ်ဆူ ဖြစ်ပါသည်။ တစ်ဆူ၏ အတွင်းမှာအလောင်းစည်သူမင်း၏ သရက္ခန်နံ့သာနှစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဌာပနာထားကြောင်း ဘုရားလူ ကြီးက ကျွန်တော့်ကို ပြောပြသည်။ဘုရားလူကြီးသည် သူဌေး ပုံစံဖြစ်သည်။ မိမိကိုယ်မိမိ ယုံ ကြည်မှုအပြည့်ရှိနေသော လူကြီး တစ်ယောက်ပုံစံဖြစ်ပါသည်။ သင်သည် လူဖြစ်ဖို့ မလွယ်ကူပါ။ မိုး ကုတ်မြို့တွင် လူလာဖြစ်ဖို့က ပို၍ ခက်ခဲပါသည်။ မိုးကုတ်မြို့တွင် လူလာဖြစ်ပြီး အလွန့်အလွန်တန် ဖိုးကြီးသော ကျောက်တစ်ပွင့် အောင်ဖို့ဆိုသည်မှာလည်း အလွန်ခက်ခဲလှပါသည်။ ဟိုးတစ်ခေတ် ကတော့ မိုးကုတ်တွင် မိုးရွာပြီးစ လမ်းလျှောက်လျှင် မြေမှ ထွက် ပေါ်လာသော ပတ္တမြားတစ်ပွင့်ကို ကံကောင်းစွာတွေ့ရှိကာ သန်း ကြွယ်သူဌေးဖြစ်သွားသူများ လည်း ရှိဖူးပါသည်။ လူတစ် ယောက်သည် ကံတရား၏ ပစား ပေးမှုကို ထူးထူးကဲကဲခံစားနိုင်ခြေ ရှိသော မိုးကုတ်မြို့ ဖြစ်သည်။

 ကျွန်တော့်စာပေမိတ်ဆွေ တစ်ယောက်ကတော့ မိုးကုတ်မြို့ သို့ ရောက်လာပြီး ကျောက်မလုပ် ဘဲ စာအုပ်အငှားဆိုင်အကြီးကြီး ဖွင့်ခဲ့ဖူးပါသည်။ ဟိုတစ်ခါက တော့ စာအုပ်ငှားရမ်းသူများစွာ အကြားမှာ သူသည် နစ်မြုပ်နေ တတ်၏။ ယခုတစ်ခေါက်လည်း သူ့အိမ်သို့ ကျွန်တော်ရောက် အောင်သွားခဲ့သည်။ စာအုပ်အ ငှားဆိုင်က အသေးလေးဖြစ်သွား သည်။ ဟည်းထမနေတော့ပါ။ (ရန်ကုန်မှာ လူငယ်များစာအုပ်အ လွန်ဝယ်ဖတ်နေကြ၏။)

‘‘တစ်နေ့မှ လူဆယ်ယောက် လောက်သာ စာအုပ်ငှားတော့ တယ်။ မိုးကုတ်မှာ စာအုပ်အ ရောင်းဆိုင်တချို့လည်း ပြုတ်သွားတယ်။ အရင်က စာဖတ်ကြတယ်။ အခု စာဖတ်တာကျသွားတယ်။ ကျွန်တော်က  တခြားအလုပ်တစ်ခု ပါ တွဲလုပ်ရတယ်။ ကဗျာကိုတော့ အွန်လိုင်းမှာ တစ်ခါတစ်ရံတင် ဖြစ်ပါတယ်’’

ကျွန်တော်က ယခင်စာအုပ် အငှားဆိုင်ကြီးကို မြင်ယောင်နေ မိသည်။

 အခြားစာပေမိတ်ဆွေတစ် ယောက်ရှိသေးသည်။ မိုးကုတ်သို့ မူလတန်းပြကျောင်းဆရာတစ်ဦး အဖြစ် ရောက်ရှိလာသည်။ သူ သည် ကျောက်လုပ်ငန်းထဲသို့ ရသမျှတိုးဝင်ကြည့်၏။ ၀တ္ထုတို လည်းရေးသည်။ စာအုပ်ဆိုင်အ ကြီးကြီးတစ်ဆိုင်လည်း ဖွင့်ထားခဲ့ သည်။ ယခုတစ်ခေါက် ကျွန်တော်ရောက်တော့ သူ့စာအုပ်ဆိုင်အ ကြီးကြီးက ဖြုတ်လိုက်ပြီ။ ကော  သွားရာက ဖြုတ်ပစ်လိုက်ခြင်း ဖြစ်၏။ သို့သော် သူတို့အစုအဖွဲ့လေး က ကျောက်အောင်ခဲ့သည်။ ဝေစု များခွဲကြသည်။ သူက သိန်းကို သောင်းချီ၍ ရရှိပိုင်ဆိုင်သွား၏။ သူ့ဘ၀ပြောင်းလဲသွားသည်။ မိုး ကုတ်မှာ ထိုကဲ့သို့သော ဖြစ်ရပ် ဆန်းကြယ်ကလေးများလည်း ရှိ တတ်ပါသည်။

မိုးကုတ်၏ ပွဲတော်မှာ အထူးစည်ကားလှပါသည်။ ဆွမ်းဆန် စိမ်းလည်း လောင်းလှူကြသည်။ ထက်ထက်မိုးဦးသည် သီလရှင် ဘ၀ဖြင့် ဆွမ်းဆန်စိမ်းအလှူခံနေ သည်။ ဆိုင်ကယ်သံတွေက တထုံး ထုံး၊ လူတွေက တ၀ုန်းဝုန်း။ ပွဲတော်၏ လူအုပ်ထဲတွင် ကျွန်တော်သည် မွန်းကျပ်နေပါသည်။ လူအလွန် စည်ကားလွန်းသဖြင့် ရန်ကုန်မှ လာဖွင့်သော စာအုပ်ဆိုင်များ သည် ရောင်းမကောင်းဟု သိရ သည်။ လူအုပ်ကြီးသည် ပွဲတော် ထဲတွင် လှိုင်းလုံးကြီးကဲ့သို့ တစ် လုံးပြီးတစ်လုံး။ ဘေးက စာအုပ် ဆိုင်လေးများကို ကျော်သွားကြ သည်။ ရှေ့နားမှာတော့ ကျောက် သံပတ္တမြားကို ရွေးချယ်ဝယ်ယူ နေကြ သလောကျွန်တော်မသိပါ။

 ခေတ်ပေါ်ကဗျာခံစားမှုကို ဆောင်းပါးရေးသားလေ့ရှိသော မျိုးသန့်ကို လူအုပ်ထဲမှာ ပျာယီးပျာယာပုံစံဖြင့် တွေ့လိုက်ရ၏။ ကျွန် တော်သည် ပွဲတော်ထဲမှာ သူ့ကို ဖမ်းဆုပ်လိုက်၏။ သူက လွတ်ထွက်သွားသည်။ အသက် (၄၀) ကျော်မှ မိန်းမရလာတော့ သူ့မိန်းမဆီသို့ အလျင်စလိုပြန်ပါလိမ့်မည်။

မိုးကုတ်မြို့မှာ ဗင်ဂိုးဟန်၊ ဂေါ်ဂင်အငွေ့အသက်ဖြင့် အလွန် ထူးခြားသော ပန်းချီဆရာ ဦးခင် မောင်ညွန့်ရှိသည်။ မန္တလေးမှာ ကျွန်တော့်ဆရာဖြစ်ခဲ့ဖူးသည်။ သူသည်လည်း မိုးကုတ်သို့ အ ထက်တန်းပြဆရာတစ်ဦးအဖြစ် ရောက်ရှိလာခဲ့သည်။ ကျောက် ပန်းချီဖြင့် ဆရာသည် သူဌေးဖြစ် သွား၏။ ကင်းဗတ်ပေါ် အခရိုင်း လစ်ပန်းချီဖြင့်လည်း သူအောင် မြင်ပြန်သည်။ နိုင်ငံရပ်ခြားတစ် နေရာသို့ သူ့ပန်းချီကားများက ဈေးကောင်းကောင်းဖြစ်သွားနေ ၏။ ဆရာ့ အသက်က (၈၀) ကျော် ပြီ။ ယခုအခေါက်မတွေ့ရပါ။ မေမြို့မှာ ဆေးရုံတက်နေရသည် ဟု သိရသည်။ ဆရာကျန်းမာပါ စေ။ မန္တလေးဖားသားလဖုန်း ကျောင်းတုန်းက ကျွန်တော့်ဆရာ။ကျန်းမာပါစေ။

မိုးကုတ်သို့ ယခင်တစ်ခေါက်လာစဉ်က ဆရာ ဦးထက်မြက်၊ ဆရာ ဦးကြည်မင်းတို့နှင့်အတူ ဖြစ်ပါသည်။ ဦးလှအောင်၏ ပရ ဟိတပညာရေးလုပ်ငန်းမှာ ကျွန် တော်က ကဗျာရွတ်ရန် ရောက်ရှိ လာခဲ့ခြင်း ဖြစ်၏။ ယခုတော့ ပရ ဟိတပညာရေးလုပ်ငန်းကို အား သွန်လုပ်သော ဦးလှအောင်လည်း ဆုံးပါးခဲ့ပြီ။

ထိုအခေါက်က ရွှေလိပ်ပြာ ဦးယောဆက်သည် ကျွန်တော်တို့ စာပေအဖွဲ့ကို သူ၏ Golden Butterfly မှ ထမင်းဖိတ်ကျွေးခဲ့ဖူး ၏။

‘‘ကျွန်တော်စီးပွားရေးလုပ် ရင်းနဲ့ ထောင်ကျဖူးတယ်။ ထောင်ထဲမှာ ၈၈ ကိုဌေးကြွယ်နဲ့ သိကျွမ်း ခင်မင်ခဲ့ဖူးပါတယ်။ ကိုဌေးကြွယ် ကျေးဇူးနဲ့ ထောင်ထဲမှာ သူပေးတဲ့ စာအုပ်တွေဖတ်လာရတာ ကျွန် တော်ဟာ စာဖတ်ဝါသနာအိုးဖြစ် လာတယ်။ လူကို ဖွဲ့နွဲ့တဲ့စာအုပ် တွေကို ကျွန်တော်သိပ်ကြိုက်လာ တယ်။ ထောင်မကျခဲ့ဖူးရင် ကျွန် တော့်အနေနဲ့တော့ စာဖတ်သမား ဖြစ်လာမယ် မထင်ဘူး။ ဦးဌေးကြွယ်ကို အမြဲကျေးဇူးတင်နေမိတယ်’’

မိုးကုတ်သူဌေး ဦးယော ဆက်က ထမင်းဝိုင်းမှာ ကျွန်တော် တို့ကို ပြောပြခဲ့ဖူး၏။ ယခုအ ခေါက်မှာတော့ သူလည်း မိုးကုတ်ပွဲတော်ကော်မတီအကြီးအကဲအ ဖြစ် အလုပ်များနေသည်။ ဆိုင် ကယ်သံတွေ တထုံးထုံး၊ လူတွေ က တ၀ုန်းဝုန်း၊ တအုန်းအုန်း။

(ဖော်ပြပါဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)