တိုင်ကြားခံရသည့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးနှစ်ဦးကို စစ်ဆေးနေပြီး အရေးယူသင့်ပါက အရေးယူမည်ဟုဆို

 စီမံကိန်းများဆောင်ရွက် ရာတွင် ပွင့်လင်းမြင်သာမှုမရှိ ဆိုကာ တိုင်ကြားခံထားရသည့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီး နှစ်ဦးကို စုံစမ်းစစ်ဆေးနေပြီး တွေ့ရှိချက်များအပေါ် အခြေခံကာ အရေးယူသင့်ပါက အရေးယူမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ တိုင်ကြားစာ ကော်မတီတာဝန်ခံ ဒေါက်တာ မျိုးညွန့်က ပြောသည်။ 


အဆိုပါတိုင်ကြားခံရသည့် ဝန်ကြီးနှစ်ဦးသည် လုပ်ငန်းစီမံ ကိန်းများနှင့် စာရင်းဇယားများ ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း မြို့နယ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုမရှိကြောင်း တိုင် ကြားစာပါ အချက်အလက်များကို ကိုးကား၍ ၎င်းက ပြောသည်။ 

ယင်းဝန်ကြီးနှစ်ဦးသည် ပြီးခဲ့ သည့် ဖေဖော်ဝါရီအတွင်းက အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တိုင်ကြားစာကော်မတီသို့ တိုင် ကြားခံရသည်။ တိုင်ကြားခံရသူ နှစ်ဦးသည် မည်သည့် တိုင်း၊ ပြည်နယ်တို့မှ ဝန်ကြီးများ ဖြစ်သည်ကိုမူ ဒေါက်တာမျိုးညွန့်က ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ 

‘‘စုံစမ်းစစ်ဆေးမှုတွေ လုပ် နေဆဲဖြစ်ပါတယ်။ တွေ့ရှိချက် တွေကို အနီးဆုံးပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီအစည်းအ ဝေးကို တင်ပြပါမယ်။ ဘယ်လို အရေးယူမလဲဆိုတာကို ဗဟိုအ လုပ်အမှုဆောင်ကော်မတီက ဆုံး ဖြတ်ပါမယ်’’ဟု ၎င်းက ပြော သည်။ 

ဝန်ကြီးနှစ်ဦးတိုင်ကြားခံရ သည့်ကိစ္စအပေါ် စုံစမ်းစစ်ဆေး ရာတွင် သက်သေခေါ်စစ်ရန် လို အပ်ပါက သက်သေများ ခေါ်ယူ စစ်ဆေးမည်ဖြစ်ပြီး စုံစမ်းစစ်ဆေး နေသည့် ကိစ္စ အသေးစိတ်ကို ပါတီစည်းကမ်းအရ မပြောနိုင် သေးကြောင်း ဒေါက်တာမျိုးညွန့် က ဆိုသည်။ 

ယခင်ကလည်း ထိုကဲ့သို့ တိုင်ကြားခံရသည့် ဝန်ကြီးခြောက် ဦးရှိပြီး ယင်းအထဲတွင် မကွေး တိုင်းအလုပ်သမားနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဟောင်း ဦးနေ မျိုးကျော်၊ မွန်ပြည်နယ်ဝန်ကြီး ချုပ်ဟောင်း ဦးမင်းမင်းဦးတို့ပါဝင် ကာ ၎င်းတို့သည် ရာထူးမှ နုတ် ထွက်ခဲ့သည်။ 

ကျန်တိုင်ကြားခံရသည့် ဝန် ကြီးများကိုလည်း ပါတီက အရေးယူဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။ ယခင်က တိုင်ကြားခံရသူခြောက်ဦးနှင့် ယခုတိုင်ကြားခံရသူ ဝန်ကြီးနှစ်ဦးပေါင်းပါက တိုင်ကြားစာကော်မတီသို့ တိုင်ကြားခံရသည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးရှစ်ဦးရှိပြီဖြစ်သည်။ 

မဲဆန္ဒရှင်များအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ရပ်များကို မကျေနပ်ပါက တိုင်ကြားနိုင်ရန် တိုင်ကြားစာ ကော်မတီကို ပြီးခဲ့သည့် ၂၀၁၆ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖွဲ့စည်း ခဲ့သည်။ 

တိုင်ကြားစာကော်မတီဖွဲ့ စည်းပြီး ၂ နှစ်အတွင်း တိုင်းနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်၊ ဝန်ကြီးများတိုင်ကြားခံရသည့်အ ပြင် လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော် တိုင်ကြားခံထားရ ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။ 

ယင်း တိုင်ကြားခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအ နက် ကိုယ်စားလှယ် ၂၀၀ ကျော် အရေးယူထားကာ ကျန်ကိုယ်စား လှယ်များလည်း ဆက်လက်အ ရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

မြောင်းမြမြို့နယ် လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူသည် လူမှုရေးကိစ္စများနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာ မျက်နှာတွင် ဝေဖန်ခံရပြီးနောက် ပါတီတာဝန်များ ရုပ်သိမ်းခံခဲ့ရ သည်။ ယင်းနောက် ရွှေပြည်သာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဉာဏ်လင်းသည် ရွှေပြည်သာမိုတယ်၌ ပြဿနာ ဖြစ်ပွားပြီး ဆဲဆိုမှု၊ ခြိမ်းခြောက်မှု များကြောင့် မိုတယ်မန်နေဂျာက အမှုဖွင့်ပြီးနောက် ပါတီက အရေး ယူခဲ့သည်။ 

ထို့အပြင် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိန်ဝင်းသည် မအူပင်မြို့ နယ် တိုင်းလွှတ်တော်ကိုယ်စား လှယ်တစ်ဦးအပါအဝင် ပါတီဝင် နှစ်ဦးကို အမှုဖွင့်ခြင်းနှင့်ပတ် သက်ပြီး ပါတီသို့ အကြောင်းကြား စာမပို့သဖြင့် အရေးယူခံရသည်။ ယခုအခါ ဦးစိန်ဝင်းသည် ပါတီမှ ထွက်ပြီး သီးခြားပါတီတစ်ခုထူ ထောင်နေသည်။