အစိုးရနှင့် အလွတ်သဘောဆွေးနွေးရန် NCA လက်မှတ်ထိုးရှစ်ဖွဲ့က KNU ဒုဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်း

PPST အစည်းအဝေးကို ဧပြီလ ၆ ရက်က ချင်းမိုင်မြို့၌ ပြုလုပ်နေစဉ်(ဓာတ်ပုံ − NMG)

 ငြိမ်းချမ်းရေးလုပ်ငန်း စဉ် တစ်ဆို့နေမှုကို ကျော်လွှားနိုင်ရေးအစိုးရနှင့် အလွတ်သဘော ဆွေးနွေးရန် NCA လက်မှတ်ထိုးအဖွဲ့ထိပ် သီးခေါင်းဆောင်များ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းဦးဆောင်သည့် ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များက ပြောသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ဧပြီ ၅ ရက်နှင့် ၆ ရက်တွင် ကျင်းပ သည့် PPST အစည်းအဝေးဆုံး ဖြတ်ချက်များအနက် အစိုးရနှင့် ယုံကြည်မှု တည်ဆောက်ရေး ဆောင်ရွက်ရန်ဆိုသည့်အချက်ပါ ၀င်သည်ဟု ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS)အ ကြံပေးဦးခွန်းဆေက ပြောသည်။


‘‘အစိုးရနဲ့ တစ်ဆို့နေတဲ့ကိစ္စ ကို ယုံကြည်မှုတည်ဆောက်နိုင် အောင်ဆိုပြီးအဖွဲ့ဖွဲ့ပြီး သင်္ကြန် အပြီးမှာ ဆွေးနွေးမှာ။ သင်္ကြန် မတိုင်ခင်မှာတော့ ဖွဲ့ထားတဲ့အဖွဲ့ က ဆွေးနွေးဖို့အချက်အလက် တွေကို ညှိနှိုင်းကြမှာပေါ့။  ခုနစ် ယောက်နဲ့ဖွဲ့ထားတာ အဓိကက တော့ ပဒိုစောကွယ်ထူးဝင်းက ဦး ဆောင်တာဖြစ်တယ်’’ ဟု၎င်းက ပြောသည်။

KNU ဒုဥက္ကဋ္ဌဦးဆောင်သည့် ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ တွင် ပါဝင်သူများသည် အစိုးရ၊ တပ်မတော်နှင့် ထိတွေ့ဆွေးနွေး ရာ၌ အဆင်ပြေသည့်ကိုယ်စား လှယ်များကို ရွေးချယ်ထား ကြောင်း ရခိုင်လွတ်မြောက်ရေး ပါတီ(ALP)ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင် အောင်က ပြောသည်။

‘‘အလွတ်သဘောဆွေးနွေး ပွဲတွေက နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေရှိတယ်။ လုံ ခြုံရေးနဲ့ ပတ်သက်တဲ့အကြောင်း အရာတွေရှိတယ်။ အဲဒီကိစ္စတွေ ကို ဆွေးနွေးမယ်’’ ဟု ခိုင်စိုးနိုင်  အောင်ကဆိုသည်။

နိုင်ငံရေးနှင့် ပတ်သက်၍ ၂၀၁၇ မေလတွင် ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံ-၂၁ရာစုပင်လုံဒုတိယအ စည်းအဝေး၌ သဘောတူညီချက် မရခဲ့သည့် ပြည်ထောင်စုမှ လုံးဝခွဲမထွက်ရဆိုသည့် အချက်တစ်ချက်ပါဝင်ကြောင်း ၎င်းကဆိုသည်။

   လုံခြုံရေးနှင့်ပတ်သက်၍ တစ်ခုတည်းသော တပ်မတော် တည်ဆောက်ရေးကိစ္စ၊ လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စ စသည်တို့ပါဝင်ကြောင်း PPST အဖွဲ့ဝင်လည်းဖြစ်သူ ခိုင် စိုးနိုင်အောင်က ပြောသည်။

 ‘‘လုံခြုံရေးနဲ့ပတ်သက်ပြီး ပြန်လည်ပေါင်းစည်းတဲ့အခါမှာ တစ်စုံတစ်ရာယုံကြည်မှုမရခင်မှာ ကျွန်တော်တို့က လက်နက်ကို စွန့် ဖို့၊ တပ်မတော်တစ်ခုတည်းထားဖို့ ဆိုတာ ချက်ချင်းမဖြစ်နိုင်သေး ဘူးထင်တယ်လေ။ အဲဒါကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေက ဆွေးနွေးကြမယ် ထင်တယ်’’ ဟု ၎င်းကပြောသည်။

ထို့အပြင် အစည်းအဝေး တွင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအောင် မြင်စွာကျင်းပနိုင်ရေးနည်းလမ်း ရှာရန် ဆုံးဖြတ်ခဲ့ကြောင်း PPST အဖွဲ့ဝင်ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

‘‘ဖေဖော်ဝါရီ ၂၈ မှာ JICM ဆုံးဖြတ်ချက်ရှိတယ်။ အဲဒီဆုံး ဖြတ်ချက်မှာ မေလထဲမှာ ၂၁ ရာ စုပင်လုံတတိယအစည်းအဝေး ကျင်းပဖို့ဆိုတာ ပါရှိတာကိုး။ အဲ ဒါကို မေလထဲမှာပဲဖြစ်မြောက် အောင်အကောင်အထည်ဖော်နိုင် ဖို့ နည်းလမ်းရှာတာ။ အဆင်မပြေ တဲ့ကိစ္စတွေကို ပြေအောင်လုပ်ရ မှာပေါ့’’ ဟု၎င်းကပြောသည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ထိပ်သီးခေါင်းဆောင်များ၏ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)က ၂၁ ရာစုပင်လုံတတိယ အစည်းအဝေးကို ဧပြီလကုန် (သို့ မဟုတ်) မေလဆန်းတွင် ကျင်းပ ရန်လျာထားသည်။

More in News Section