လာအိုနိုင်ငံကို သွားရောက်လည်ပတ်တဲ့ မင်းသားကြီး ဟယ်ရီဆင်ဖိုဒ့်

 ဟောလိဝုဒ်မင်း သားကြီး ဟယ်ရီဆင်ဖို့ဒ်သည် မိ သားစုဝင်များနှင့်အတူ လာအို နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ ကြောင်းသိရသည်။

လာအိုခရီးစဉ်အတွင်း ဧပြီ   ၅ရက်က လူအန်ပရာဘန်မြို့ သို့ရောက်ရှိလာသော ဟယ်ရီနှင့် မိသားစုဝင်များသည်  ထိုမြို့ရှိ ဘုရားကျောင်းများနှင့် ပြတိုက် များသို့ သွားရောက်ခဲ့ကြသည်။ဟယ်ရီဆင်ဖို့ဒ်   မိသားစုသည် လူအန်ပရာဘန်မြို့ရှိ ထင် ရှားသော Pha O ဘုရားကျောင်း တွင် ဒေသခံဗုဒ္ဓဘာသာဝင်များ ပူဇော်ရန် ဗုဒ္ဓဆင်းတုတော်တစ် ဆူကိုလည်း လှူဒါန်းခဲ့သည်။

ထို့အပြင် ဟယ်ရီနှင့်အတူ ဇနီးဖြစ်သူ မင်းသမီးကာ လီစတာ ဖလော့ခ်ဟတ်၊ သားဖြစ်သူ လီ ယမ်တို့သည် လူအန်ပရာဘန်မြို့ ရှိ ရိုးရာယဉ်ကျေးမှု စင်တာသို့ သွားရောက်ကာထိုစင်တာမှ ၀န် ထမ်းများနှင့်အတူ  အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

Star Wars နှင့် Indiana  Jones  ဇာတ်ကားများဖြင့်  ကမ္ဘာကျော်ခဲ့သော (၇၅)နှစ် အရွယ်  ဟယ်ရီဆင်ဖို့ဒ်သည် ၂၀၁၅က ထွက်ရှိသော  Blade Runner 2049  ရုပ်ရှင် ဇာတ် ကားကို  နောက်ဆုံးရိုက်ကူးထား သည်။

Laotiantimes