မွေးနေ့အမှတ်တရ စားသောက်ဆိုင်ဖွင့်ပွဲလုပ်တဲ့ သဉ္ဇာနွယ်ဝင်း

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက ၎င်း၏ (၂၈) နှစ်ပြည့် မွေး နေ့အမှတ်တရအဖြစ် Hotpot City ဒုတိယမြောက်ဆိုင်ခွဲကို အလုံမြို့နယ် ဗဟိုအမျိုးသမီးဆေးရုံ နှင့် မျက်စောင်းထိုးတွင် ဧပြီ ၇ ရက်က ဖွင့်လှစ်ခဲ့သည်။

‘‘သဉ္ဇာတို့ ဒီဆိုင်ဖွင့်ဖို့ လုပ် နေတာကြာပြီ။ သဉ္ဇာမွေးလနဲ့ တိုက်တဲ့အတွက် သဉ္ဇာမွေးနေ့မှာ အမျိုးသားက ဖွင့်ချင်တယ်လို့ ပြောပါတယ်။ အဲဒါကြောင့်ဖွင့် ဖြစ်သွားတာပါ။ ကျန်တဲ့ရှယ်ယာ ရှင်တွေကလည်း သဉ္ဇာကို ချစ်ကြ တဲ့အတွက် သူတို့အားလုံးလည်း သဘောတူလို့ ဖွင့်ဖြစ်သွားတာပါ’’ ဟု သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းက ပြောသည်။

ယခုနှစ်မွေးနေ့ပွဲသည် ဆိုင် ဖွင့်ပွဲနှင့်တိုက်နေသဖြင့် သီးသန့် မလုပ်ဖြစ်ဘဲ ညပိုင်းတွင် ဘုရား တက်ဖြစ်မည်ဟု ဆိုသည်။

ယနေ့သည် ၎င်း၏သားလေး ကျော်မျိုးမြင့် ငါးလပြည့်လည်း ဖြစ်ပြီး သားလေးသည် လိမ္မာပြီး အေးဆေးသည့် ကလေးတစ်ဦး ဖြစ်ကြောင်း ဆိုသည်။

‘‘သားလေးအတွက် အမေ ကောင်းတစ်ယောက် ဖြစ်ချင် တယ်။ နောက်ပြီးသူကျောင်း တက်တဲ့အခါမှာလည်း အိမ်စာ လေးတွေ ကူလုပ်ပေးချင်တယ်။ သူဂုဏ်ယူလို့ရတဲ့ အမေတစ် ယောက်ဖြစ်ချင်တယ်။ စီးပွားရေး မှာလည်း အားကိုးလို့ရတဲ့ အမေ တစ်ယောက်ဖြစ်ချင်တယ်။ အဲဒီ အတွက် သဉ္ဇာကြိုးစားနေပါ တယ်’’ ဟု သဉ္ဇာနွယ်ဝင်းက ပြော ကြားသည်။

အနုပညာအလုပ်သည် အ ချိန်ပေးရသောကြောင့် ဆက်လုပ် ရန် မရှိဘဲ နောက်ပိုင်းတွင်  စီးပွားရေးဘက်ကို ပိုအချိန်ပေးဖြစ်မည် ဟု ၎င်းကပြောသည်။

‘‘သဉ္ဇာ ရင်သွေးယူပြီးမှ အ လုပ်တွေသေချာလုပ်ချင်တယ်။ နောက်ထပ် နှစ်ယောက်လောက် ထပ်ယူဖြစ်ဦးမှာပါ။ သဉ္ဇာက စီး ပွားရေးနဲ့ပတ်သက်ပြီး အခုမှသင် ယူဆဲကာလပဲ ရှိပါသေးတယ်။ ယောက်ျား  လုပ်တာတွေကို  နောက်က    လိုက်ကြည့်တယ်။ ဘယ်လိုစကားပြောရလဲ၊  လူတွေ ကို ဘယ်လိုဆက်ဆံရလဲလေ့လာ တယ်။ အခုလောလောဆယ် တော့ စာရင်းအင်းပိုင်းတွေကို ကူ ညီပေးဖြစ်ပါတယ်’’ ဟု သဉ္ဇာနွယ် ဝင်းက ပြောသည်။