မျက်နှာခွဲစိတ် မပြုပြင်ထားဘူးဆိုတဲ့ မင်းသမီးကင်ယိုဂျင်

 တောင်ကိုရီးယား၏ ကျော်ကြားသော မင်းသမီး၊ အ ဆိုတော် Eugene (အမည်ရင်း ကင်ယိုဂျင်) သည်တစ်ခါမျှ မျက်နှာခွဲစိတ်ပြုပြင်ခဲ့ခြင်း မရှိ ကြောင်း ထုတ်ဖော်ပြောကြား သည်။  ဧပြီ ၆ရက်တွင် SBS ရုပ် သံလိုင်းက ထုတ်လွှင့်သည့် အလှ အပရေးအရာ ‘Women Plus 2’ အစီအစဉ် တိုက်ရိုက်ထုတ်လွှင့် မှု၌ ကင်ယိုဂျင်က ဧည့်သည့် အနုပညာရှင်အဖြစ်  ပါဝင်ခဲ့ သည်။

ထိုအစီစဉ်တွင် (၃၇)နှစ်အ ရွယ် ကင်ယိုဂျင်က ‘‘ကျွန်မဘ၀မှာ  တစ်ခါမျှ မလုပ်ခဲ့ဖူးတဲ့အရာတစ် ခုရှိတယ်။ အဲဒါက မျက်နှာအလှ အပအတွက် ခွဲစိတ်ပြုပြင်မှုမလုပ် တာပါပဲ’’ ဟု ပြောသည်။  

တောင်ကိုရီးယား အနုပညာ ရှင်အများစုသည် အရည်အသွေး ကောင်းမွန်သော အလှကုန် ပစ္စည်းများ၊ ခေတ်မီနည်းပညာ များဖြင့် မျက်နှာခွဲစိတ်ပြုပြင်မှု ပြုလုပ်လေ့ရှိကြသည်။

ကင်ယိုဂျင်သည် ၂၀၀၂တွင်  စတင်တည်ထောင်ခဲ့သည့် ကေ ပေါ့ပ် ပထမဆုံးမျိုးဆက်ဖြစ် သော S.E.S အဖွဲ့နှင့်အတူ ဂီတ လောကတွင် အောင်မြင်ခဲ့သည့် သာမက ‘Save the last Dancer  for Me’၊ ‘I Really Really Like  You’ နှင့် ‘One Mom and Three Dads’ စသည့်  ဇာတ်လမ်းတွဲများ ဖြင့်လည်း  ရုပ်ရှင်လောကတွင် ပရိသတ်အားပေးမှုများစွာရရှိခဲ့ သည်။                      allkpop