ကိုလူချောအဖွဲ့အတွက် အာမခံလုပ်ပေးတဲ့ ပိုင်ဖြိုးသု

ဓာတ်ပုံ−နစ်ကီ

 ၂၀၁၇ ၏ အမျိုးသမီးဇာတ်ပို့ဆုရှင် ပိုင်ဖြိုးသုက အကယ်ဒမီအလှူအဖြစ် ရုပ်ရှင် လောကတွင် လိုအပ်မှုများရှိသည့် စက်မှုအလွှာနှင့် ကိုလူချောအဖွဲ့ ၀င်များအတွက် ဆန်နှင့် ဆီလှူ ဒါန်းခဲ့သည်။

‘‘မနက်က လှူတာက စက် အဖွဲ့ရယ်၊ ကိုလူချောတို့အဖွဲ့ရယ်၊ ရုပ်ရှင်အစည်းအရုံးက အခြေခံ ၀န်ထမ်းတွေရယ် သူတို့ကို တစ် ယောက်ကို ဆန် ၁၀ ပြည်နဲ့ ပဲဆီ တစ်ပုလင်းစီလှူတာပါ။ ရွှေကြယ်တန်ဖိုးနဲ့ အညီ နီးပါးပါ’’ဟု ပိုင်ဖြိုးသုက ပြောသည်။

ထို့ပြင် စက်မှုအလွှာနှင့် ကိုလူချောအဖွဲ့ဝင်များအတွက် Group Life Insurance ပြုလုပ် ပေးရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆိုသည်။

‘‘သူတို့တွေထဲက အထူးသ ဖြင့် ကိုလူချောအဖွဲ့က လူတွေဆို ရင် စတန့်လုပ်ရတဲ့သူတွေရှိ တယ်။ သူတို့တွေဆို ရိုက်ကွင်းမှာ အမြဲအန္တရာယ်ရှိတယ်။ ထိမိခိုက် မိတယ်ဆိုရင် သူတို့အတွက် ဆေး ပြန်ကုဖို့ အဆင်ပြေအောင်ပါ’’ဟု အာမခံထားပေးဖြစ်သည့် အ ကြောင်းကို ပိုင်ဖြိုးသုက ပြော သည်။

ပိုင်ဖြိုးသု၏ အကယ်ဒမီ အလှူပွဲကို ဧပြီ ၇ ရက်က ပြုလုပ်ခဲ့ပြီး လှူဒါန်းမှုအတွက် ပျော်ရွှင်ရသလို ထပ်မံ၍ လှူဒါန်းနိုင်သူဖြစ်လိုကြောင်း ၎င်းက ဆိုသည်။

လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ရိုက်ကူး နေသည့် ‘ပြန်ပေးပါ’ ဇာတ်ကားတွင် ရန်အောင်၊ လူမင်း၊ ထက်မြက်၊ စွမ်းရည်၊ ခိုင်သင်းကြည်တို့နှင့်အတူ ရိုက်ကူးနေသည်ဟု ပိုင်ဖြိုးသုက ပြောသည်။

‘‘သင်္ကြန်ကတော့ သူငယ် ချင်းတွေနဲ့ ခရီးထွက်ပါမယ်။ သင်္ကြန်အတက်နေ့ကိုတော့ ရုပ် ရှင်အစည်းအရုံးက တာဝန်ပေးလို့ မြို့တော်ဝန်မဏ္ဍပ်မှာရှိပါမယ်’’ ဟု ၎င်း၏ သင်္ကြန်အစီအစဉ်ကို ပြောသည်။

ထို့ပြင် နှစ်ဆန်း (၁) ရက်နေ့ တွင်  ၎င်း၏  ဗစ်တိုးရီးယားရုပ် ရှင်ထုတ်လုပ်ရေးက ရန်အောင်၊ ရဲအောင်၊ လွင်မိုး၊ လူမင်း၊ အောင်ရဲထိုက်၊ မို့မို့မြင့်အောင်နှင့် ပိုင်ဖြိုး သုတို့ပါဝင်မည့် ဇာတ်ကားထပ်မံရိုက်ကူးရန်ရှိသည်ဟု ဆိုသည်။