ကြိုးမဲ့အင်တာနက်လိုင်းဆွဲအား သုံးဆအထိ မြှင့်နိုင်သည့် Mini Device ကို ဈေးကွက်တွင် မိတ်ဆက်

 ကြိုးမဲ့အင်တာနက်ဝန် ဆောင်မှု၏ လိုင်းဆွဲအား သုံးဆ အထိ မြှင့်တင်ပေးနိုင်သော Mini Device ကို Myanmar Net ကုမ္ပဏီက ဧပြီ ၇ ရက်တွင် မိတ် ဆက်ခဲ့သည်။

Myanmar Net အင်တာ နက်ကုမ္ပဏီသည် နေအိမ်များအ တွင်း တပ်ဆင်အသုံးပြုသည့် ကြိုးမဲ့အင်တာနက်  CPE  စက်များ မိတ်ဆက်ပြီးနောက် သွားလေ ရာ သယ်ဆောင်အသုံးပြုနိုင်သည့် လေးလက်မအ ရွယ် Mini Device ကို ထပ်မံမိတ်ဆက်ခဲ့ခြင်း ဖြစ် သည်။အဆိုပါ ကြိုးမဲ့အင်တာနက် စက်ပစ္စည်းငယ်ကို စတင်အသုံး ပြုခအဖြစ် ကျပ်တစ်သောင်းသတ် မှတ်ထားပြီး စက်ပစ္စည်းငှားရမ်း အသုံးပြုခအဖြစ် စပေါ်ငွေကျပ် တစ်သောင်းနှုန်း သတ်မှတ်ထား သည်။

လစဉ်ကြေး 1Mbps အမြန်နှုန်းကို ကျပ် ၈,၅၀၀ သတ်မှတ်ထားပြီး 4Mbps အမြန်နှုန်းအတွက် ကျပ် ၃၂,၀၀၀ သတ်မှတ်ထားသည်။   ‘‘Data ကတော့ အကန့်အသတ်မဲ့ပါ’’ ဟု  Myan -mar Net ပြန်ကြားရေးတာ ၀န်ခံ မသဲသဲက ပြောသည်။

Mini Device ကို လေးနာရီအထိ အားသွင်းထားပါက ခြောက်နာရီအထိ ပြန်လည်အသုံးပြုနိုင် ကြောင်း၊ ကြိုးမဲ့အင်တာနက်စနစ် အသုံးပြုလိုခြင်းမရှိပါက Power Bank အဖြစ် ပြောင်းလဲအသုံးပြု နိုင်ကြောင်း Myanmar Net က ကြေညာသည်။

‘‘အရင်ကတော့ Myanmar Net ကို သုံးတယ်။ ကတ်နဲ့ဟာ လေးတွေ ၀ယ်သုံးတာ။ နေရာအ နှံ့လည်း မရတော့ သိပ်မသုံးဖြစ် ဘူး။ Mini Device ကတော့ စိတ် ၀င်စားဖို့ ကောင်းမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ သူက Power Bank ဈေးလောက်ပဲ ဆိုတော့ လေ’’ဟု Myanmar Net ၏ ကြိုး မဲ့အင်တာနက်အသုံးပြုခဲ့ဖူးသူ ကိုမြင့်အောင်က ပြောသည်။

Myanmar Net ၏ ကြိုးမဲ့ အင်တာနက်ကွန်ရက်သည် ရန်ကုန်မြို့တွင် ၁၃ မြို့နယ်အသုံး ပြုနိုင်ပြီး မန္တလေးတွင် သုံးမြို့နယ် အသုံးပြုနိုင်သည်။