ရွှေလင်ဗန်းစက်မှုဇုန် စက်ရုံမီးလောင်မှု လေးနာရီခန့် ငြှိမ်းသတ်ရ

မီးငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ လက် ၀တ်ရတနာထည့်ဘူးများ ထုတ်လုပ်သည့် jewel pak Internatio-nal (Myanmar) ကုမ္ပဏီပိုင်စက်ရုံတွင် ယမန်နေ့ ညနေက မီးလောင်မှုဖြစ်ပွားရာ လေးနာရီခန့် မီးငြှိမ်းသတ်ခဲ့ရသည်။ 

အဆိုပါ စက်ရုံသည် ဟောင် ကောင်ပိုင် စက်ရုံဖြစ်ပြီး ရွှေထည့် သောကော်ဘူးများ ထုတ်လုပ် သည့် စက်ရုံဖြစ်ကြောင်း၊ ညနေ ၄နာရီခွဲခန့်က မီးစတင်လောင် ကျွမ်းခဲ့ကြောင်း ကစင်ကျေးရွာ မြေတိုင်း ၂၃ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်ကပြောသည်။ 

‘‘ညနေ ၄နာရီလောက်မှာ အလုပ်ဆင်းတာဆိုတော့ လူတွေ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ ၄ နာရီခွဲလောက်မှာ မီးစလောင်တယ်လို့ စက်ရုံလုံခြုံရေးက အ ကြောင်းကြားတာကြောင့် သိတာပါ’’ ဟု ဦးဇော်မိုးအောင်က ပြော သည်။  အဆိုပါမီးလောင်မှုသို့ မီး သတ်ယာဉ် Level 3 အဆင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ည ၈နာရီတွင် အပြီးသတ်ငြှိမ်းနိုင် ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

မီးလောင်မှု အကြောင်းရင်း  နှင့် မီးလောင်ဆုံးရှုံးမှုတန်ဖိုး  စစ်ဆေးဆဲဖြစ်ကြောင်း ရန်ကုန် တိုင်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက 7Day Daily သတင်း စာ၏ မေးမြန်းမှုကို ည၉နာရီခွဲ ခန့်တွင် ပြန်လည်ဖြေကြားသည်။   

မတ်လ ၁၀ရက်က ရန်ကုန် တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ  ကိုရီးယားနိုင်ငံသားပိုင် အထည် ချုပ်စက်ရုံ၌ ခြင်ဆေးခွေမီးမှတစ် ဆင့် မီးလောင်ခဲ့ရာ ကျပ် သိန်း ၂၀၀ ကျော်ဆုံးရှုံးခဲ့သည်။