မြိတ်တွင် ပန်ကာအပူလွန် မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်းရှစ်ဆယ်ကျော် ဆုံးရှုံး

 မြိတ်မြို့တွင် ပန်ကာအ ပူလွန်ကဲ၍ မီးလောင်ရာမှ ဆေး ဆိုင်တစ်ဆိုင်နှင့် လူနေအိမ်လေး လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦး ဇော်ဝင်းကပြောကြားသည်။

ဧပြီ ၇ ရက် နံနက် ၄ နာရီခွဲ ခန့်က မြိတ်မြို့နယ် ရေပုန်းရပ် ကွက်အတွင်း အထက်တန်းသူနာ ပြု ဆရာမတစ်ဦး ပိုင်ဆိုင်သည့် ဆေးဆိုင်တွင် တစ်ညလုံးဖွင့်ထား သည့် တရုတ်လုပ်ပန်ကာတစ်လုံး အပူလွန်ကဲ၍ မီးစတင်လောင် ကျွမ်းခဲ့ရာ ဆေးဆိုင်နှင့်အနီးရှိ လူနေအိမ်လေးလုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘မီးလောင်တော့ ဆေးဆိုင် မှာ လူမရှိဘူး။ မီးလောင်တဲ့နေရာ နဲ့ မျက်နှာချင်းဆိုင်အိမ်တွေက ၁၃ ပေလောက်ပဲကွာတယ်။ မီးတွေ က မျက်နှာချင်းဆိုင် အိမ်မျက်နှာကြက်တွေပေါ်   ကူးနေပြီ။ အုန်းပင်တွေ လောင်နေပြီ။ အဲဒါတွေ ကျွန်တော်တို့ကာနိုင်ခဲ့တယ်။ ကျွန်တော်တို့ အချိန်နည်းနည်းလေးနောက်ကျသွားရင် အဲဒီရပ်ကွက်ကအတော်ကုန်သွားမှာ’’ ဟု ဦးဇော်ဝင်းက ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ကာလတန်ဖိုး ကျပ်သိန်း ရှစ်ဆယ် ကျော် ဆုံးရှုံးပြီး မီးဘေးသင့်အိမ် ထောင်စု ငါးစုအတွက် မြို့နယ် ကြက်ခြေနီအသင်းနှင့် လူမှုဝန် ထမ်းဦးစီးဌာနတို့   ပူးပေါင်း၍ ထောက်ပံ့ကူညီနေကြောင်း ၎င်းက     ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဆေးဆိုင်ပိုင်ရှင် အထက်တန်းသူနာပြု ဆရာမကို မြိတ်မြို့မရဲစခန်းတွင် မီးပေါ့ဆမှု ဖြင့်    အမှုဖွင့်အရေးယူထား ကြောင်း   ဦးဇော်ဝင်းက ပြော သည်။