ကားနှင့် မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်စီးသူနှစ်ဦး သေဆုံး

ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိရာမှ အမျိုးသား နှစ်ဦးပွဲချင်းပြီးသေဆုံးမှု ရန်ကုန်-ပြည်လမ်းမကြီးပေါ်၌ ဧပြီ၇ရက်နေ့ လယ်ကဖြစ်ပွားခဲ့သည်။ ရန်ကုန်ဘက်မှပြည်ဘက်သို့ မောင်းနှင် လာသောဆိုင်ကယ်နှင့် ဘ၀သစ် ခရီးသည်တင်ယာဉ်သည် မိုင် တိုင် (၁၁၁)အနီးတွင်မျက်နှာချင်း ဆိုင် တိုက်မိခဲ့သည်။ 

ယာဉ်တိုက်မှုကြောင့် ဆိုင် ကယ်စီးလာသူနှစ်ဦးစလုံး အခင်း ဖြစ်နေရာတွင် ပွဲချင်းပြီးသေ ဆုံးခဲ့ပြီးခရီးသည်တင် ယာဉ်ပေါ် တွင်ပါလာသူများ ထိခိုက်ဒဏ် ရာမရရှိကြောင်း အုတ်ဖိုဒေသ ခံတစ်ဦးက ပြောသည်။ 

‘‘တစ်သုံးလုံးကွေ့က ရန်ကုန်-ပြည်လမ်းမှာ နာမည်ကြီး အန္တရာယ်ကွေ့။ ယာဉ်တိုက်မှုခဏခဏဖြစ်တယ်။ အခု နောက်ပိုင်းမဖြစ်တာတော့ ကြာပြီ။ မနှစ်ကဆို အန္တရာယ်ကင်းပရိတ်တွေတောင်ရွတ်တယ်’’ဟု ၎င်းကပြောသည်။အဆိုပါယာဉ်တိုက်မှုနှင့် ပတ်သက်၍ ခရီးသည်တင်ယာဉ် မှ ယာဉ်မောင်းနှင့် ဆိုင်ကယ် မောင်းနှင်လာသူတို့ကို အေးမြ သာယာရဲစခန်းတွင်ပုဒ်မ ၃၀၄- (က)ဖြင့်အမှုဖွင့်ထားပြီး ခရီးသည် တင်ယာဉ်မှ ယာဉ်မောင်းကို အရေးယူဆောင်ရွက်မှုများ ပြု လုပ်နေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။