သထုံမြို့ရှိ စာသင်တိုက်တစ်တိုက်တွင် ကိုရင်တစ်ပါး ကြိုးဆွဲချ ပျံလွန်တော်မူနေ

 မွန်ပြည်နယ် သထုံမြို့ ရွှေ စာရံဘုရားအနီးရှိ စာသင်တိုက် တစ်တိုက်တွင် ဧပြီ ၇ ရက် နံနက် က ကိုရင်တစ်ပါး ကြိုးဆွဲချပျံလွန်ခဲ့ကြောင်း  သထုံမြို့မရဲစခန်းမှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

သိမ်ကုန်းရပ်ကွက်ရှိ အဆိုပါ စာသင်တိုက်၏ သုံးထပ်ကျောင်းဆောင် ဒုတိယထပ်တွင် (၁၀)နှစ်အရွယ် ကိုရင်တစ်ပါး ကြိုးဆွဲချ ပျံလွန်ကြောင်း တိုက်အုပ်ဆရာတော်မှ ရဲစခန်းသို့ ဖုန်းဆက်သွယ် သတင်းပေးပို့သဖြင့် ရဲတပ်ဖွဲ့က   သက်သေများနှင့်အတူ    သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ အမြင့် ၆ ပေခွဲခန့်ရှိ ဝါးတန်းတွင် အရှည် ၃ ပေခန့်ရှိ အဖြူရောင်နှစ်ပင်လိမ် ဖျင်ကြိုးကို ကွင်းလျှောချည်အ သုံးပြုလျက် ခြေဖျားသည် ကြမ်း ပြင်နှင့် ထိနေပြီး လည်ပင်းကြိုးနစ် ဝင် ဒဏ်ရာဖြင့် ပျံလွန်တော်မူနေ ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည် ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ ကိုရင်သည် လွန်ခဲ့ သည့် ခုနစ်ရက်ခန့်က ကရင်ပြည် နယ် ဘုရားသုံးဆူဒေသမှ ဦးပဉ္စင်း တစ်ပါးက စာပေသင်ကြားရန် အဆိုပါစာသင်တိုက်တွင် လာ ရောက်အပ်နှံထားခြင်းဖြစ်ကာ ထိုကျောင်းတိုက်၌ နေထိုင်စဉ် အတွင်း စာပေသင်ကြားခြင်းနှင့် ဆော့ကစားခြင်းသာရှိကြောင်း တိုက်အုပ်ဆရာတော်က မိန့်ကြား ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။ကိုရင်ကို ဓမ္မတာအတိုင်း ပျံလွန်ခြင်း ဟုတ်၊  မဟုတ်စစ်ဆေးရန် သထုံခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပြီး သေမှုသေခင်းဖွင့်စစ်ဆေးနေသည်။