ပေါက်တောတွင် တရားမ၀င် ကျွဲ၊ နွား ၃၇ ကောင်နှင့်အတူ ဘင်္ဂါလီ ခြောက်ဦးဖမ်းမိ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အနောက်ရဲ ကျွန်းကျေးရွာမှ ဘင်္ဂါလီ ခြောက် ဦးကို ကျွဲ၊ နွား ၃၇ ကောင်နှင့်အတူ မေယုကျွန်းအနောက်ဘက်ပင် လယ်ပြင်တွင် ဖမ်းမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက ဧပြီ ၇ ရက်၌ သတင်း ထုတ်ပြန်သည်။

စစ်တွေမြို့အနီး ပင်လယ် ပြင်အတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဧပြီ ၆ ရက်က မသင်္ကာဖွယ်စက်လှေတစ်စီးကို သွားရောက်စစ်ဆေးစဉ် ဖမ်းမိခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ရေး သားထားသည်။

ကျွဲ၊ နွားများနှင့်အတူ ဖမ်းမိခဲ့ သည့် ဘင်္ဂါလီများကို ရေချမ်းပြင် ရဲစခန်းသို့  လွှဲပြောင်းပေးခဲ့ပြီး အမှုဖွင့်စစ်ဆေးနေကြောင်း အဆိုပါရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ်အသီး သီးမှ ကျွဲ၊ နွားများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င်ရောင်းဝယ်မှုများရှိနေပြီး မကြာခဏဖမ်းမိနေကြောင်း နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက ပြောသည်။ကျွဲ၊ နွားအရှင်များကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ပြည်ပတင်ပို့ခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခွင့်ပြုထားသော်လည်း တရားဝင်လမ်းကြောင်းမှ တင်ပို့မှုမရှိသေးကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။