မန္တလေးတွင် သင်္ကြန်ကာလအရေးပေါ်လူနာများအတွက် လူ ၁,၅၀၀ ခန့် စုပေါင်းသွေးလှူ

မန္တလေးမြို့၌ ပြုလုပ်သည့် စုပေါင်းသွေးလှူဒါန်းပွဲတွင် သွေးလှူရန်စောင့်ဆိုင်းနေသူများနှင့် သွေးလှူနေသူများ (နိုင်လင်းအောင်)

သင်္ကြန်ကာလအတွင်း မန္တလေးပြည်သူ့ဆေးရုံကြီးသို့ အ ရေးပေါ်လူနာများရောက်လာပါ က သွေးသွင်းရန်လိုအပ်သူများကို အချိန်မီသွေးသွင်းပေးနိုင်ရန် ပရ ဟိတအဖွဲ့များပူးပေါင်းကာ လူ ၁,၅၀၀ ခန့် စုပေါင်းသွေးလှူဒါန်း ခဲ့သည်။  အဆိုပါစုပေါင်းသွေးလှူ ဒါန်းပွဲကို ဧပြီ ၈ ရက်ကမန္တလေး ရှိ ပရိယတ္တိသာသနာ့ဗိမာန်တွင် ပြုလုပ်ခဲ့သည်။

‘‘မန္တလေးပြည်သူ့ဆေးရုံကြီး မှာ တက်နေတဲ့လူနာအားလုံးအ တွက် သင်္ကြန်မှာ သွေးနဲ့ပတ်သက် ပြီး လိုအပ်လို့ဒုက္ခရောက်တာမျိုး မဖြစ်ရအောင်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ စုပေါင်းသွေးလှူဒါန်းပွဲ ကြီးကို ကျင်းပခဲ့တာဖြစ်ပါတယ်’’ ဟု မြတ်ပါရမီသွေးလှူ အသင်း ငွေတောင်ကျောင်းတိုက်မှ ဆရာတော်ဦးသုမနက မိန့်ကြားသည်။

အဆိုပါ စုပေါင်းသွေးလှူ ဒါန်းပွဲကြီးကို မန္တလေးအခြေစိုက် သွေးလှူဒါန်းမှုဆောင်ရွက်ပေး နေသည့်ပရဟိတအဖွဲ့ ၂၀ က ပူး ပေါင်းပြုလုပ်ခြင်းဖြစ်သည်။ယင်း သွေးလှူဒါန်းပွဲမှရရှိသည့် သွေး ပုလင်း ၈၆၁ လုံးကို မန္တလေးပြည် သူ့ဆေးရုံကြီးတွင် အရေးပေါ် လူနာများအတွက် လိုအပ်ပါက အသုံးပြုနိုင်ရန် ထားရှိမည်ဖြစ် သည်။

‘‘နောက်ပိုင်းမှာလည်း မန္တ လေးဆေးရုံကြီးလို ဆေးရုံကြီး တွေမှာ သွေးနဲ့ပတ်သက်ပြီးအ ခက်အခဲရှိခဲ့ရင် သွေးလိုအပ်လာ ခဲ့ရင်လည်း ပရဟိတအဖွဲ့တွေ စုပေါင်းပြီး သွေးလှူဒါန်းပွဲတွေ လုပ်သွားဖို့အတွက် စီစဉ်ထားပါ တယ်’’ ဟု ဦးသုမနက မိန့်ကြား သည်။  အဆိုပါစုပေါင်းသွေးလှူ ဒါန်းပွဲကြီးသို့ မန္တလေးတိုင်းဝန် ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် နှင့်အတူ တိုင်းအစိုးရအဖွဲ့ ၀န် ကြီးများတက်ရောက်ပြီး ပရဟိတအဖွဲ့များနှင့် လှူဒါန်းသူများကို လာရောက်ကြည့်ရှုပေးခဲ့သည်။

More in News Section